ဆေးလိပ်သောက်ခြင်းသည်။
(၁)ဆေးလိပ်နှင့် အစာအိမ်နာ
ဆေးလိပ်သောက်သုံးသူတွေမှာ အစာအိမ်နာဖြစ်သွားမှု့ ဟာ
နှစ်ဆသာတယ်လို့ဆိုပါတယ်။ လေ့လာချက်အတော်များများအရ ဆေးလိပ်ကို
နှစ်ရှည်လများ သောက်သုံးခြင်းဟာ အစာအိမ်ရဲ့ နံရံ၊ သွေးစီးဆင်းမှု
့ကိုပြောင်းးလဲစေပြီး အစာအိမ်ယောင်ယမ်းမှု့ ကို ဖြစ်စေတယ်လို့သိရပါတယ်။
အဲဒီအပြင်ကို ဆေးလိပ်သောက်သုံးခြင်းဟာ
အစာအိမ်နာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်တဲ့ အစာအိမ်ပေါက်ခြင်း ၊
အစာအိမ်သွေးယိုခြင်းတို့ ကိုလည်း ဖြစ်စေပြီး အနာကျက်မှု
့ကိုလည်းနှောင့်နှေးစေပါတယ်။
(၂) ကင်ဆာရောဂါ ဖြစ်နိုင်ချေများ
ဆေးလိပ်သောက်သုံးသူတွဟော အခြားသူတွထေက် ကင်ဆာဖြစ်နိုင်ချေ အရမ်းများပါတယ်။
ကင်ဆာထဲမှာမှ အဆုတ်ကင်ဆာ (Lung Cancer)၊ လည်ချောင်းကင်ဆာ (Throat Cancer)၊
နှင့် ခံတွင်း ကင်ဆာ (Oral Cancer) များ အဖြစ်များပါတယ်။ ထို့ ပြင်
ကျောက်ကပ်ကင်ဆာ (Kidney Cancer)၊ အစာရေကင်ဆာ ( Oesophagus Cancer) ၊
ဆီးအိမ်ကင်ဆာ (Bladder Cancer) ၊ ပန်ကရိယကင်ဆာ ( Pancreas Cancer) ၊
သားအိမ်ခေါင်းကင်ဆာ ( Cervical Cancer) တို့ ဖြစ်ပွားမှု့ နဲ့ ပါ
ဆက်စပ်လျက် ရှိပါတယ်။ ဆေးလိပ်သောက်သုံးတဲ့ နှစ်ရှည်လေလေ သောက်သုံးတဲ့
အရေအတွက် များလာ လေလေ ကင်ဆာဖြစ်နိုင်ချေ နှုန်း ပိုပိုများလာလေလေပါဘဲ။
(၃) သွေးကြောကျဉ်းမည်
နီကိုတင်းကြောင့် ကိုလက်စတရော (Cholesterol) နဲ့ သွေးတွင်း အဆီဓါတ်တွေ
များလာပြီး နှစ်ကြာလာတဲ့ အခါမှာ သွေးကြောနံရံတွေ ထူလာပြီး သွေးကြောတွပေါ
ကျဉ်းလာစေတယ်။ သွေးကြောတွေ ကျဉ်းလာတဲ့အခါမှာ သွေးများဟာ ကောင်းစွာ
မစီးဆင်းတော့ဘဲ သွေးခဲမှု့ တွေ ဖြစ်စေကာ သွေးကြောတခုလုံးကို ပိတ်စေပါတယ်။
နှလုံး မှာရှိတဲ့ သွေးကြောများ ပိတ်သွားပါက နှလုံးသို့ သွေးရောက်အောင်
မပို့နိုင်တော့ဘဲ Heart Attack ဖြင့် သေဆုံးသည်ထိ
ဖြစ်နိုင်ပါတယ်။ဦးနှောက်အတွင်းရှိ
သွေးကြောများ ပိတ်ပါက လေတခြမ်းဖြတ်ခြင်း နှင့် လေဖြန်းခြင်းများ
ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ် အတွင်းရှိ သွေးကြောများ ပိတ်သွားပါက
ကျောက်ကပ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
ခြေထောက်မှာ ရှိတဲ့ သွေးကြောများ ပိတ်သွားပါက သွေးမလျောက် နိုင်တော့ဘဲ
ပုပ်သွားကာ ခြေထောက် ဖြတ်ပစ်ရသည်ထိ ဖြစ်တတ်ပါတယ်။ ဆေးလိပ်ဟာ ကိုယ်တွင်းက
အဓိက အင်္ဂါတွေ အကုန်လုံးကို တိုက်ရိုက်ဆိုးကျိုးတွေ ပေးပါတယ်။
(၄) ခဏခဏချောင်းဆိုးမည်
ဆေးလိပ် သောက်သူ တွဟော ချောင်းခဏခဏ ဆိုးတတ်ကြပါတယ်။ ဘာကြောင့်ဆိုတော့
ဆေးလိပ်ကြောင့် အဆုတ်အတွင်းရှိ လေအိတ်ငယ်လေးတွေ ပျက်စီးပြီး လေပြွန်ကိုလဲ
ယောင်ယမ်းစေကာ လေပြွန်ကြော တလျောက်လုံးကိုပါ ကျဉ်းမြောင်းစေပါတယ်။
ဒါကြောင့် ချောင်းခဏခဏဆိုးခြင်း နှင့် အသက်ရှုမဝခြင်း တို့ကိုပါ
ဖြစ်စေပါတယ်။
ဆေးလိပ်ဟာ သွားတွေကို ဝါစေပြီး ခံတွင်းနံ့ဆိုးခြင်း တို့ကိုဖြစ်စေပြီး ခံတွင်းကျန်းမာရေး ကိုပါ ထိခိုက်စေပါတယ်။
ဆေးလိပ်ကြောင့် သွေးကြောနံရံတွေ ပျက်စီးပြီး သွေးတိုးရောဂါ ကိုလည်း
ဖြစ်စေပါတယ်။ သွေးတိုးရောဂါ ဟာလည်း နှလုံးရောဂါ နှင့် လေဖြတ်ခြင်း တို
့ကိုဖြစ်စေဖို့  တွန်းအားတခု ပါဘဲ။
ဆေးလိပ်မှာ ပါတဲ့ နီကိုတင်းဟာ
အမျိုးသားတွရေဲ့ လိင်အင်္ဂါ မှာရှိတဲ့ သွေးကြောတွေကိုပါ ကျဉ်းစေပါတယ်။
သွေးကြောကျဉ်းပြီး သွေးကောင်းစွာ မစီးဆင်မှု့ ကြောင့် လိင်င်္ဂါရဲ့ 
မျိုးပွား ခြင်းဆိုင်ရာ လုပ်ငန်း ကိုထိခိုက်ပြီး(Erectile Dysfunction)
ဖြစ်စေပါတယ်။ အသက် ၃ဝ မှ ၄ဝကြား ဆေးလိပ်သောက်သုံးတဲ့ အမျိုးသားများရဲ့ ၅၀%
ဟာ Erectile Dysfunction ကိုခံစားရ တတ်ပါတယ်။
ဆေးလိပ်သောက်တဲ့ မိခင်တွမှော ကလေးမွေးဖွားပါက လမစေ့ဘဲ မွေးခြင်း နှင့် ပေါင်မပြည့်ခြင်း တို့ကိုပါ ဖြစ်စေပါတယ်။
မိဘတစ်ဦးဦးက ဆေးလိပ်သောက်သုံးသူ ဖြစ်နေပါက အတူနေထိုင်တဲ့ ကလေးငယ်မှာ
ပန်းနာရင်ကျပ် နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်စေဖို့
အခွင့်အလမ်း များပါတယ်။
ဒါကြောင့် မိမိအတွက် ကောင်းကျိုးများ မရှိ
ဘေးအတိဒုက္ခများကိုသာ ပေးနေသော ဆေးလိပ်သောက်ခြင်းကို သင်တတ်နိုင်သမျှ
လျှော့ပြီး အလျင်အမြန် သောက်သုံးခြင်း မပြု့ ကြပါရန်
တိုက်တွန်းလိုက်ရပါတော့သည် ခင်ဗျာ …..
ဆေးလိပ်ကင်းဝေး၍ အသက်ရာကျော်ရှည်ပါစေ ……….
မြင်အောင်ကြည့် သိအောင်ဖတ် ဖြတ်နိုင်အောင် ကြိုးစား.
ကိုယ်ဝန်ဆောင်တို့သိမှတ်ဖွယ်များ
ကိုယ်ဝန်ဆောင်တဲ့ကာလ ဟာ အလွန်အရေးကြီးတဲ့ ကာလတစ်ခုပါ။ လူကြီးတွေအတွက်
ရင်သွေး ရတနာလေး ၊ မိမိတို့ မျိုးဆက်လေး ရနိုင် ဖို့ကာ လအခိုက်အတန့်လေး
တစ်ခုဖြစ်သလို သန္ဓေသားကလေး တွေ အ တွက်လည်း ဘ၀သစ်တစ်ခု စတင်ဖို့အတွက်
အရှိန်ယူနေတဲ့ စတင် တည်ဆောက် နေတဲ့ ကာလလေး ဖြစ်လို့ပါပဲ။ဒီလို
အရေးကြီးတဲ့ကာ လလေး ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ဖို့အတွက် ပညာရှင်တွေက ဒီလို အချက် သုံးချက်နဲ့ အကြံပေးထားပါတယ်။
၁။ အခြေခံလိုက်နာရ မည့် အချက်အလက်များ
၂။ ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံ နှင့်
၃။ လေ့ကျင့်ခန်းတို့ပဲ ဖြစ်ပါတယ်။
အခြေခံလိုက်နာရမဲ့ အချက်အလက်တွေထဲမှာ ဆောင် ရန်ရှောင်ရန်လေးတွေကို အကြမ်းဖျင်း ပြောရ မည်ဆိုရင်တော့
၁။ ကိုယ်ဝန်စရှိပြီလို့သိတာနဲ့ စောနိုင်သမျှစောအောင် ကိုယ်ဝန်စောင့်ရှောက်ခြင်းနဲ့
အချိန်မှန်မှန် ကိုယ် ၀န်စစ်ဆေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
(အထူးသဖြင့် ကိုယ်ဝန်ပျက်ကျဖူးသူများ ဟာ ကိုယ်ဝန်ရှိပြီလို့ သံသယ
ရှိတာနဲ့တပြိုင်နက် အစောဆုံးပြသပြီး စောင့်ရှောက်မှု ခံယူသင့်ပါတယ်။)
၂။ စီးကရက် ၊ ဆေးပေါ့လိပ် ၊ ခြင်ဆေး အစရှိတဲ့ အငွေ့ ၊ အနံ့အသက်များ
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အငွေ့နှင့်အနံ့အသက်များ ၊ အရက် ၊ ဘီယာ ၊ ၀ိုင်
အစရှိတဲ့ ယမကာများ ၊ အခြားမူးယစ်ဆေးဝါးများကို ရှောင် ကြဉ်ရပါမယ်။
၃။ ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံကို လိုက်နာပြီး ကော်ဖီသောက်သုံးမှုကို လျော့ချရပါမယ်။
၎။ နေ့စဉ်သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
၅။ အစာမစားနိုင်ဖြစ်နေပါက စားနိုင်သလောက် ပမာဏကို နည်းနည်းနဲ့အကြိမ်များများ စားပေးရမှာ ဖြစ်ပါတယ်။
၆။ဒေါက်မြင့်ဖိနပ်များ စီးနင်းခြင်းကို ရှောင်ကြဉ်ရမှာ ဖြစ်ပြီးတော့ ကိုယ်ခန္ဓာအနေအထား မှန်စေဖို့ အမြဲ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
၇။ မိမိသောက်နေတဲ့ ဆေးတွေကို ဆက်သောက်ဖို့အတွက် ကျွမ်းကျင်သူ သားဖွားမီးယပ် ဆရာဝန် တွေဆီ က အကြံဉာဏ်ယူရမှာ ဖြစ်ပါတယ်။
ဒီလို အကြမ်းဖျင်း အချက်အလက်လေးတွေကို လိုက်နာ တာနဲ့ အတူ ညီညွတ်မျှတတဲ့
အစားအ သောက် ပုံစံဟာလဲ ကလေးငယ် ကြီးထွားဖွံ့ဖြိုးမှု အတွက် များစွာ
အရေးပါလှပါတယ်။ အပြန်အလှန်အားဖြင့်
ကလေးငယ်အတွက် သာမက မိခင်အတွက်လဲ
စားသောက်မှု ပုံစံက အရေးပါနေတာပါပဲ။
သန္ဓေသား ကလေးငယ်လေး
ရဲ့ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရအားလုံးကို မိခင်ရဲ့ အစားအ သောက်ကပဲ
ရရှိတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်တဲ့ ကာလအတွင်းမှာ ညီညွတ်မျှတတဲ့
အစားအစာတွေကို ဂရုတစိုက်စားသောက် ပေးရမှာဖြစ်ပါတယ်။ အာဟာရ အုပ်စု ၃ ခု မှ
အစားအစာတွေကို နေ့စဉ်ပုံမှန် စုံလင်အောင် စားသုံးဖို့ ၊ ထမင်း ၊
အဆာပြေမုန့်များ စားသောက်ဖို့ နဲ့ စိတ်ပျော်ရွှင်ချမ်းမြေ့အောင် နေဖို့က အရေးကြီးပါတယ်။
အာဟာရအုပ်စု ၊ စုံလင်အောင် စားရန်ပြောနေတာ အရှေ့ကတည်းကပေါ့။ ဘာတွေလဲ အဲဒါတွေ က ...
၁။ နှံစားသီးနှံများ ပါဝင်သောအစားအစာများ
ဆန် ၊ ဂျုံ ၊ ပြောင်း ၊ ခေါက်ဆွဲ ၊ ဆန် ဖြင့်ပြုလုပ်သော မုန့်မျိုးစုံ အပြင် ကွေကာအုပ် (မုယော) များကို စားသုံးရပါ မယ်။
၂။ ဟင်းသီးဟင်းရွက် နှင့် သစ်သီးများ
သီးနှံမျိုးစုံ နဲ့ ဟင်းသီးဟင်းရွက်တွေက နေ လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်
အများစုကို ရရှိပြီး ရောဂါကာကွယ် နိုင်စွမ်းကို တိုးမြှင့်စေနိုင်ပါတယ်။
၃။ နို့ နှင့် နို့ထွက် ပစ္စည်းများ
ကယ်လ်စီယမ်ဓါတ် ဟာ နို့နဲ့နို့ထွက်ပစ္စည်းတွေ က နေရရှိတဲ့ဓါတ်ဖြစ်ပီးတော့
ကလေး ရဲ့အရိုးနဲ့ သွားများ ဖြစ် ထွန်းဖို့ အတွက် အထူးလိုအပ်ပါတယ်။
၎။ အသားဓါတ် အုပ်စုများ
အမဲသား၊ ကြက်သား၊ ၀က်သား နဲ့ ငါး စသည်တို့ အပြင် ပဲ၊ ကြက်ဥ နှင့် အခွံမာသီး များလည်း စားသုံးပေး သင့် ပါတယ်။
၅။ အဆီဓါတ်
ကလေး ရဲ့ ဦးနှောက်တည်ဆောက် မှု အတွက် ကတော့ အဆီဓါတ် ကလဲ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင် ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ငါးမှရတဲ့ အဆီတွေဟာ ခန္ဓာကိုယ်အတွက်လိုအပ်ပြီး ဘေးအန္တရယ်မရှိတဲ့ ဆီ ဖြစ်လို့ စားသုံးသင့်ပါတယ်။
ဒါမှသာ မိခင်ကို မှီခိုနေတဲ့ ကလေးငယ်ဟာ အာဟာရပြည့်ဝစွာ ရရှိပြီး ကျန်းမာ ဉာဏ်ထက်တဲ့ ကလေး အဖြစ် မွေးဖွားလာမှာဖြစ်ပါတယ်။
မိခင်၊ ဖခင် ဖြစ်လာမဲ့ သူတွေအနေနဲ့ မိမိတို့ ရင်သွေးလေး ဘယ်လိုဖြစ်လာလဲ ဆိုတာကို သိဖို့ စိတ်ဝင် စားလိမ့်မယ်လို့ ထင်မိပါတယ်။
ပထမဦးစွာ မိခင်နဲ့ဖခင်တို့ ၂ ဦး ရဲ့ မျိုးသန္ဓေဆဲလ်လေး ၂ ခု အောင်မြင်စွာ ပူးပေါင်းမိပြီးနောက်ပိုင်း ဖြစ် ပေါ်လာပုံလေးဟာ အံ့အားသင့်စရာပါပဲ။
ပထမပိုင်း ၃ လ အချိန်ကာလ
ဒီအချိန်ကာလလေးဟာ သူ (ကလေးငယ်) အတွက် အရေးကြီးဆုံးလို့ ဆိုရမဲ့
ကာလလေးပါပဲ။ ဒီအချိန် မှာ ကလေးလေးဟာ အလျင်အမြန် ပဲ (သူ့ဘ၀မှာ
အမြန်ဆုံးနှုန်း) နဲ့ ကြီးထွားပါတယ်။ ဒီလိုလျင်မြန်စွာ ဆန့်ထွက်
ကြီးထွားနေရတဲ့ ကလေးငယ်အဖို့ ဆေးလိပ်ငွေ့၊ မိခင်ကို
ရောဂါပိုးတွေကူးစက်ခြင်း၊ ဆေးဝါးတွေနဲ့ ဓါတ်ရောင်
ခြည်သင့်မှုတွေဖြစ်မယ်ဆိုရင် လွယ်လင့်တကူ သူ့ကို ထိခိုက်စေနိုင်ပါတယ်။
ပထမရက်
ဖခင်၏သုတ်ပိုး နှင့် မိခင်၏မမျိုးဥတို့ ပေါင်းစည်းခြင်း
၇ ရက် မှ ၁၀ ရက်
သန္ဓေအောင်မြင်သော မျိုးဥ သားအိမ်တွင်းသို့ ရောက်ရှိ၊ သားအိမ်နံရံတွင် နေရာယူပြီး (သန္ဓေ တည်ပြီး) သားအိမ်တွင်းဆိုင်ရာ
ဖွဲ့စည်းမှုများ ဖြစ်လာခြင်း
ရက်သတ္တပတ် ၂ ပတ်
သားအိမ်နံရံတွင် နေရာယူထားရာမှ အချပ်ပြားလေးသဏ္ဍာန် မျိုးဥတွယ်ကပ် ဖြစ်တည်လာပြီး မိခင်၏ ဓမ္မတာလုပ်ငန်းများကို ရပ်ဆိုင်းစေခြင်း။
ရက်သတ္တပတ် ၄ ပတ် (၀.၀၁ အောင်စခန့်)
မျက်စိ၊ နား၊ နှာခေါင်း၊ ကျောရိုး၊ အစာခြေလမ်းကြောင်း နှင့်
အာရုံကြောစနစ်များ ထင်ရှားလာပြီး နှလုံး ဖြစ်တည်မည့်အင်္ဂါလေး
လှုပ်ရှားလာခြင်း။
ရက်သတ္တပတ် ၈ ပတ် (၁.၃၆ အောင်စခန့်) - ၁ လက်မ ခန့် အရွယ်အစား
ဆိုင်ရာအင်္ဂါများ
သန္ဓေသားတွင် ပြည့်စုံစွာဖြစ်ပေါ်လာ၊ နှလုံးစတင်အလုပ်လုပ်လာပြီး အရိုးများ ဖွဲ့စည်း မှု ဖြစ်လာခြင်း။
ရက်သတ္တပတ် ၁၂ ပတ် (၀.၅ အောင်စခန့်) - ၃ လက်မခွဲ အရွယ်အစား
လိင်အင်္ဂါများ ထင်ရှားလာ၊ သွား၊ လက်သည်း ခြေသည်းများ ဖွံ့ဖြိုးလာ၊
မပြည့်စုံသော ကျောက်ကပ် ကလေးများ စတင် အလုပ်လုပ်ပြီး သန္ဓေသားကလေး
သားအိမ်အတွင်း စတင်ကူးလူးသွားလာနိုင်လာခြင်း။
ဒုတိယပိုင်း ၃လ အချိန်ကာလ
ဒီအချိန်ပိုင်းကလေးကတော့ သန္ဓေသားကလေး ရဲ့ ဦးနှောက် သိသိသာသာ
ဖြစ်တည်လာတဲ့အချိန်ပါ။ တိုးတက်ဖွံ့ဖြိုးမှုကတော့ မီးဖွားပြီး ၁၈ လ
ခန့်အကြာမှ သိသိသာသာ ဖြစ်လာတာပါ။ အသက်ရှူလမ်းကြောင်း နဲ့
နှလုံးသွေးကြောဆိုင်ရာ ဖွဲ့စည်းမှုတွေလဲ ဖြစ်တည်နေတဲ့ ကာလအပိုင်းအခြားလေးပါ။
ရက်သတ္တပတ် ၁၆ ပတ် - ၆ လက်မခွဲခန့် အရွယ်အစား
မျက်နှာ၊ ဆံပင်၊ နားရွက်များ ပိုထင်ရှားသိသာလာ ။
ရက်သတ္တပတ် ၁၇ ပတ်
မိခင်ထံမှ ပဋိလှုံဓါတ်ပစ္စည်းများ သန္ဓေသားမှ စတင်လက်ခံလာသည်။
ရက်သတ္တပတ် ၁၈ - ၂၀ ကြား
ဤအချိန်တွင် ကလေးနှလုံးလှုပ်ရှားသံကို နားကျပ်ဖြင့် စတင်ကြားနိုင်ပြီ။
ရက်သတ္တပတ် ၂၀ ပတ် (၁၀ အောင်စခန့်) ၁၀ လက်မ အရွယ်အစားခန့်
မျက်ခုံး၊ မျက်တောင်၊ မွေးညှင်း၊ အဆီအိတ်များ၊ သွားဖုံးများ ပေါ်လာ၊
အရေပြားလေးများ သေးငယ် တောက်ပြောင်ပြီး ခြေတံလက်တံကလေးများ ရှည်ထွက်လာပြီ။
ရက်သတ္တပတ် ၂၄ ပတ် - ၁၂ လက်မ အရွယ်အစားခန့်
ချွေးအိတ်ကလေးများ၊ အဆုတ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှုများဖြစ်ပေါ်လာ၊
အသက်ရှုလှုပ်ရှားမှု စတင်၊ ခန္ဓာ ကိုယ် ပိန်သေးသေးလေး ဖြစ်လာပြီ ဖြစ်သည်။
ရက်သတ္တပတ် ၂၆ ပတ်
မိခင်၏ ၀မ်းကြာတိုက်တွင် ကလေးတည်နေပုံကို ပြင်ပမှ စမ်းသပ်သိရှိနိုင်၊ ကလေး မျက်လုံးများ ဖွင့်နိုင် ပြီဖြစ်သည်။
တတိယပိုင်း ၃ လ တာ အချိန်ကာလ
ဒီကာလ ကတော့ ကလေးငယ်ဟာ နေ့စေ့လစေ့ မဟုတ်ပေမဲ့ အခြေအနေအရ မွေးဖွားနိုင်တဲ့ ကာလ ပါ။ သို့သော် အထူးကြပ်မတ်ဂရုစိုက်ပြုစုစောင့်ရှောက်ကုသဖို့တော့ အထူးလိုအပ်ပါတယ်။ နေ့စေ့လစေ့ မွေးနိုင် လေ ကောင်းလေပါ
ရက်သတ္တပတ် ၂၈ ပတ် (၂.၅ ပေါင်ခန့်) ၁၄ လက်မ အရွယ်အစားခန့်
ကိုယ်ခန္ဓာကတော့ ပိန်သေးသေးပေါ့။ ခန္ဓာကိုယ် အရေပြားလေး ပြည့်တင်းလာတဲ့
ကလေးငယ်ဟာ သံ ဓါတ် ၊ ထုံးဓါတ်နဲ့ အခြား အာဟာရဓါတ်တွေကို ကိုယ်တွင်းမှာ
သိမ်းထားနိုင်တဲ့ အခြေအနေပါ။
ရက်သတ္တပတ် ၃၂ ပတ် (၄ - ၄.၇ ပေါင်ခန့်) ၁၆ လက်မ အရွယ်အစားခန့်
အရေပြားအောက်မှာ အဆီအိတ်ကလေး တွေ ဖြစ်လာပြီမို့ ပိုပြီး ချောမွတ်လာပြီ။
အရသာကို ခံစားနိုင် ပြီ။ မိခင် ရဲ့ ၀မ်းဗိုက်အပြင်က အသံတွေကို သိနိုင်ပြီ ၊
မျက်စိသူငယ်အိမ်က အလင်းရောင်ကို စတင် တုံ့ပြန်နေပီ၊ ယောကျာ်းလေးဆိုရင်
တော့ ဝှေးစေ့လေးတွေက ကပ်ပယ်အိတ်ထဲကို လျှောဆင်းစပြုလာပြီ။
ရက်သတ္တပတ် ၃၆ ပတ် (၄.၁၁ - ၆.၅ ပေါင်ခန့်) ၁၈ လက်မ အရွယ်
ခန္ဓာကိုယ်က လုံးတုတ်တုတ်လေး ဖြစ်လာပြီ။ မွေးညှင်းလေးတွေ ပျောက်စပြုလာပြီ၊
သွေးထဲမှာ ဟေမို ဂလိုဘင်တွေ များလာပြီ၊ ရောဂါခုခံနိုင်စွမ်းတွေ တက်လာပြီ။
ရက်သတ္တပတ် ၄၀ ပတ် (၇ပေါင်ခန့်) ၁၈-၂၂ လက်မ အရွယ်
ဦးခေါင်း မှာ ဆံပင်တွေ ပေါက်လာပြီ။ ယောကျာ်းလေး ဆိုရင် ဝှေးစေ့တွေ ကပ်ပယ်အိတ်ထဲ လုံးဝ ရောက်သွားပြီ။
မိန်းကလေးဆိုရင် ယောနိစပ်လေးတွေ ထင်ရှားလာပြီ။
ဒီလို အဆင့်ဆင့် ဖွံ့ဖြိုးနေတဲ့ သန္ဓေသားကလေး ဉာဏ်ရည်ဖွံ့ဖြိုးအောင် ဘယ်လို ပြုစုမလဲ..။
၁။ ပြည့်ပြည့်၀၀ အနားယူပါ။
အနားယူခြင်းဟာ မိခင်ရော သန္ဓေသား အတွက်ပါ ကျန်းမာလန်းဆန်းစေပါတယ်။
နေ့လည်ဘက်မှာ တရေးတမော အိပ်တာကိုလဲ ပြုလုပ်သင့်ပါတယ်။
အလုပ်တက်ရတဲ့မိခင်တွေဖြစ်ပါစေ
နေ့လည်ဘက်ကို အချိန်ယူ အိပ်စက်သင့်ပါတယ်။ မွေးဖွားခါနီးရောက်လာလေ
အိပ်ရခက်ခဲ့လာလေ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်ကိုတစောင်း လှဲ၍ အိပ်တာ၊
ဖက်ခေါင်းအုံး ကို ဖက်ပြီး အိပ်တာတွေက နေရထိုင်ရ သက်သာစေပါတယ်။
၂။ ၀မ်းဗိုက်ကို ပွတ်ပေးခြင်း။
မိခင်ရဲ့ဝမ်းဗိုက်ကို မိခင်ကိုယ်တိုင် ပွတ်သပ်ပေးခြင်း က လဲ သန္ဓေသားရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
၃။ အကြားအာရုံ တိုးတက်ခြင်း။
သန္ဓေသား ကလေး ဟာ အသက် ၅ လ အရွယ် မှ စ၍ အသံကိုကြားနိုင်ပါပြီ။ အသံကြားရပြီ ဆိုတော့ နားထောင်မှုစွမ်းရည်ရှိလာတာပေါ့။
နားထောင်တတ်ပြီ ဆိုတော့ သင်ယူတတ်ပြီပေါ့။ ကျွန်တော်တို့တွေလိုပဲ ၀မ်း
ဗိုက်ထဲက ကလေးလေး ဟာလဲ မိခင်ရဲ့ အသံကို" ကားချင်တာပါပဲ။ ကလေး
သန္ဓေသားလေးကို စကားပြော မယ်ဆိုရင် အမေဖြစ်သူ က တကယ့်ကလေးလေး လို
သဘောထားပြီး ကြင်နာမှုအပြည့်ရှိတဲ့လေသံနဲ့
ညင်ညင် သာသာလေး "ဒီနေ့ နေလို့ကောင်းရဲ့လား ၊ ပျော်ရဲ့လား " စသဖြင့်
မေးခွန်းလေးတွေ မေးတာတို့ ၊ သူ့ကို ချစ်ခင် နှစ်သက်ကြောင်း စသဖြင့်လည်း
ပြောပေးလို့ရပါတယ်။ မိခင်သာမက ဖခင်ဖြစ်သူလည်း ပါဝင်ပြောဆိုခြင်း ပြုလုပ်
ပါက ကလေးမှာ မိဘတို့ရဲ့အထိအတွေ့နဲ့အသံကို တဖြည်းဖြည်း မှတ်မိလာပါလိမ့်မယ်။
တေးဂီတကိုလည်း နားထောင်နိုင်ပါတယ်။ သာယာနူးညံ့တဲ့ သံစဉ်လေးတွေတော့
ရွေးချယ်သင့်ပါ တယ်။ အဲလို အနိမ့်အမြင့် အတက်အကျမှန်မှန်နဲ့သာယာ တဲ့
မဆူညံတဲ့ ဂီတ ကို တနေ့ (၁၀) မိနစ် မှ (၁၅) မိနစ် လောက် နားထောင်ပေးရင် ကလေး
က ဉာဏ်ရည် ပိုကောင်းလာပါလိမ့်မယ်။ မိဘ များ က သားချော့တေးများ
ဆိုပေးလျှင်လည်း ရပါတယ်။ ပြင်းထန် ကျယ်လောင်တဲ့ Rock တို့ ၊ Hip Hop တို့
ကိုတော့ ရှောင်ရှားသင့်ပါတယ်။ မိခင်ရော ကလေး အတွက်ပါ
စိတ်ဖိစီးမှုတွေရနိုင်ပါတယ်။
ကလေးလေး ကို ပြုစုသလိုပဲ မိခင်လောင်းတို့မှာလဲ ကျန်းမာဖို့ လိုအပ်ပါတယ်။ ဒါမှ ကျန်းမာတဲ့ ကလေး လေး ကို မွေးဖွားနိုင်မှာ ဖြစ်ပါတယ်။
ကျန်းမာဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှု က အရေးကြီးလှပါတယ်။
ကိုယ်ဝန်ဆောင်စဉ်ကာလမှာ နားနားနေနေနဲ့ အပန်းဖြေရင်း ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာအောင် ဘယ်လို လုပ်မလဲ။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကိုရှောင်ရပါမယ်။ လမ်းများများ လျှောက်ပေးတာ က တော့ အသင့်တော်ဆုံး လှုပ်ရှားမှု တစ်ခုပါပဲ။
ကိုယ်ဝန်ဆောင်ကာလမှာ လဲလျောင်းခြင်း၊ ထိုင်ခြင်း၊ ထခြင်း တွေက အရေးပါပါတယ်။
မိခင်တွေ ဟာ ကြီးထွားလာတဲ့ ရင်သွေးလေး နဲ့ အတူ တိုးလာတဲ့
ကိုယ်အလေးချိန်ကြောင့် ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းညှိနိုင်ဖို့
အရေးကြီးပါတယ်။ ရုတ်တရက် အထိုင်အထ မှာ မူးဝေတာတွေလဲ ဖြစ်တတ်ပါတယ်။
ဒါကြောင့် ထတာဖြစ်ဖြစ် ထိုင်တာဖြစ်ဖြစ် သတိနဲ့ လှုပ်ရှားသင့်ပါတယ်။
ခန္ဓာကိုယ်လဲလျောင်းမယ်ဆိုရင်
ပထမဆုံး မတ်တပ်ရပ်နေတာက နေ ဒူးလေး နည်းနည်းကွေးလိုက်ပါ။ ဒါဆိုရင်
ကျောရိုးအောက်ပိုင်း ကို အားသက်ရောက်မှု လျော့သွားပီး ဟန်ချက် မျှတလာမယ်။
ပြီးရင် လက်ကို ပေါင်လယ်လောက်မှာ ထောက် အား ပြုပြီးတော့ ဒူးတစ်ဖက်ကို
ဖြည်းဖြည်းထောက်ပါ။
ကျန်ဒူးတစ်ဖက်ကို ထပ်ထောက်လိုက်ပြီး ခန္ဓာကိုယ်ကို လက်
ဖ၀ါး နှစ်ဖက် ဒူးနှစ်ဖက် ထောက်လျက်သား လေးဖက်ထောက် အနေအထား နဲ့
ရှိပြီဆိုမှ လက်မောင်းတစ်ဖက်ကို အားပြုပြီး ခန္ဓာကိုယ်ကို
၎င်းလက်မောင်းဖက်စောင်းပါ။ ပြီးရင် လက်မောင်းတွေအားပြုပြီး ပက်လက်အနေအထား
ရောက်အောင်ပြုပြင်ပါ။
လှဲနေရာက မတ်တပ်ရပ်မယ်ဆိုရင်လဲပထမဆုံး လက်မောင်းတွေ ကို အားပြုပြီး ကိုယ်ကိုစောင်းပါ။ ပြီးရင်လှဲလျောင်းတုန်း က လေးဖက်ထောက်ပုံစံမျိုးရအောင်လုပ်၊ အဲပြီးမှ ဒူးတစ်ဖက်စီထောက် အားပြုပြီး ဖြည်း ဖြည်း လေး ရပ်ပါ။
ဒီလောက်ဆိုရင်တော့ ကိုယ်ဝန်ဆောင် မဲ့ မိခင်လောင်းများ ၊ ပြုစုမဲ့
ဖခင်လောင်းများ ဘယ်လိုနေထိုင် ပြုမူရမလဲ သိလောက်ပြီထင်ပါတယ်။ ရှေ့လမှာတော့
ကိုယ်ဝန်ဆောင် မိခင်လောင်းတွေရဲ့ မေးလေ့မေ့ထရှိတဲ့ မေးခွန်းများကို
ရေးပေးသွားပါ့မယ်။
Dr. ဇီဝက
from- ရွှေဒေါင်းတောင်
အေးမြသာစည်ရွာ
ဘိုထိုင်အိမ်သာအသုံးပြုလျှင်ကူးစက်နိုင်သောရောဂါများ
အများသုံး ဘိုထိုင်အိမ်သာများသုံးရာတွင် ကျန်းမာရေး သတိပေါ့ဆမှုကြောင့် ကူးစက်မြန်ရောဂါများ ဖြစ်သည့် အရေပြားရောဂါ၊ ကာလသားရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ရောဂါ များကူးစက်မှု လွယ်ကူနိုင် ကြောင်း ဆရာဝန်ကြီးများက ပြောကြား လိုက်သည်။
ယင်းကဲ့သို့ ဘိုထိုင်အိမ်သာများ မသန့်ရှင်းခြင်းအားဖြင့်
ကူးစက်ရောဂါများဖြစ်သော ကာလ ဝမ်းပျက်ရောဂါ၊ လူ့ခန္ဓာကိုယ်မှ
ထွက်သောအရည်များမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ၊ ဘီပိုး၊ စီပိုး၊
အရေပြားရောဂါ များနှင့် ယင်း အိမ်သာရေများမှတစ်ဆင့် ကူးစက် နိုင်သည်ဟု
သိရသည်။
''တော်ရုံတန်ရုံ ဒီက ရောဂါ ကူးနိုင်တယ်ဆိုတာ သိတာပဲ။ ဒါ
ပေမဲ့ ဂရုမစိုက်ကြဘူး။ ခုက နေရာ တကာ ဘိုထိုင်ဖြစ်နေပြီ။ အများ
သုံးအိမ်သာတွေဆို ပိုဆိုးတယ်။ ဂျပန်နိုင်ငံတွေက ဘိုထိုင်တွေမှာ ဆို
တစ်ခါသုံးဆီ စိမ်စက္ကူတွေ သုံး ကြတယ်''ဟု အထွေထွေရောဂါကု ဆရာဝန်
ဒေါက်တာဝင်းထွဋ်က ပြောသည်။
အဆိုပါ အများဘိုထိုင်များကို
သန့်ရှင်းမှုများ ပြုလုပ်ပေးပါသော်လည်း ရောဂါကူးစက်မှုများမှာ မြန်သည်နှင့်
နည်းသည်လောက် သာရှိသည်ဟုသိရပြီး ယင်းကတစ် ဆင့် ကာလသားရောဂါပါ ကူးစက်
နိုင်သည်ဟု လည်း သိရသည်။
''အမျိုးသားတွေက ကာလ သားရောဂါ
ကူးစက်နိုင်တယ်။ မိန်းကလေးတွေကျတော့လဲ ဆီး လမ်းကြောင်းမှာ ပိုးဝင်နိုင်တယ်။
အဲဒီဆီးလမ်းကြောင်းသာမက ဗက်တီးရီးယားပိုးမွှားတွေရှိတယ်
ဆိုတာနဲ့ ကူးစက်နိုင်တာပဲ။ ဆေး ရုံ၊ ဆေးခန်းတွေမှာကျတော့ သူတို့ က
ကျန်းမာရေးမကောင်းတဲ့လူ နာတွေအတွက် သီးသန့်အနေနဲ့ လုပ်ပေးထားတယ် ဆိုတာလဲ
ပိုးသတ်ဆေးသုံးကြတာပဲ။ အများ သုံးအိမ်သာတွေမှာတော့ အမြဲတမ်းပြု
လုပ်နိုင်မှာမဟုတ်ဘူး။ ဖြစ် နိုင်ရင် မြန်မာအိမ်သာတွေကိုပဲ
အသုံးပြုစေချင်တယ်''ဟု သွားရောဂါကု ဒေါက်တာ စိုးထွန်းက ပြောသည်။
''ခုက ဘိုထိုင်တွေပဲ အသုံးများကြတာလေ။ ရောဂါကူးစက် မြန်တယ်ဆိုတာကိုတော့
သိကြတာပဲ။ ဘယ် တတ်နိုင်ပါ့မလဲ။ တစ်သျှူးနဲ့သုတ်ပြီး ထိုင်ဖြစ်တယ်။
အိမ်သာထဲမှာ ဘယ်လောက်ပဲ ဆေးဖျန်းထားပါစေ လူ့ခန္ဓာကိုယ်ကို ဘယ်လိုလုပ်ပြီး
ကာကွယ်နိုင်မှာလဲ။ ဈေးဝယ်စင်တာတွေမှာဆို ပိုဆိုးတာပေါ့''ဟု တောင် ဒဂုံ
ရပ်ကွက်နေ မနုက ပြောသည်။
လူအများစုသည် ဘိုထိုင်
အိမ်သာများနှင့်ပတ်သက်၍ ကျန်းမာရေးအရ ရောဂါကူးစက်မှု မြန်ကြောင်းကို
သိသော်လည်း ကျန်းမာ ရေးအရ စိုးရိမ်မှုမရှိစွာဖြင့် အ သုံးပြုလျက်ရှိကြောင်း
သိရသည်။
အကယ်၍ အများသုံးဘို ထိုင်အိမ်သာများ
အသုံးပြုမည်ဆိုလျှင် မသုံးမီ ထိုင်မည့်ကာဗာ နှင့်အိမ်သာ တွင်းကို
ရေများဖြင့် ဆေးပေးခြင်းနှင့် တစ်သျှူးစများကို ဖြန့်ခင်း၍ထိုင်ခြင်းပြုလုပ်ပြီးမှ အသုံးပြုသင့်သည်ဟု သိရသည်။
ကျန်းမာရေးကောင်းပြီးစွမ်းအင်အပြည့်အ၀ရရန်
သင်ရဲ့ ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်တဲ့
အသည်းဟာ သွေးတွေက သန့်ရှင်းစင်ကြယ်စေပြီး အဆိပ်တွေကို ဖြိုခွဲနိုင်ကာ
သွေးတွင်းသကြား အဆင့်နဲ့ စွမ်းအင်အဆင့်ကို တည်ငြိမ်စေနိုင် ပါတယ်။
အမေရိကန်မှ လေ့လာမှုအရ သူတို့လူမျိုး သုံးယောက်မှာ တစ်ယောက်နှုန်းဟာ အသည်းမှာ
အဆီစုနေတာ ဒါမှမဟုတ် အာဟာရချို့တဲ့ တာကြောင့် အသည်းရဲ့
လုပ်ငန်းတွေ ကျဆင်းနေ တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အသည်းရဲ့ လုပ်ဆောင်
ချက်ကျဆင်းတဲ့ ပထမဆုံး လက္ခဏာဟာ ပင်ပန်းနွမ်းနယ်နေတာပါ။ အောက်ပါနည်းတွေဟာ
တစ်လအတွင်း သင့်အသည်းရဲ့ ကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေနိုင်ပြီး စွမ်းအင် အပြည့်အဝ ရရှိစေနိုင်မယ့် နည်းတွေပါ။
နံနက်စာအတွက် ကြက်ဥနှစ်လုံးနှင့် လိမ္မော်ရည်သောက်ပါ
ကြက်ဥမှာ များစွာပါဝင်တဲ့ အမိုင်နိုအက်စစ်တွေဟာ အဆိပ်အတောက်တွေ ဖြစ်စေတဲ့
ဓာတုပစ္စည်းပေါင်း တစ်ရာကျော်ကို ပျက်ပြယ်စေတဲ့အတွက် အဆိပ်တွေကြောင့်
အလုပ်ဒဏ်ပိနေတဲ့ အသည်းရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ လိမ္မော်ရည်
တစ်ခွက်မှာ ပါဝင်တဲ့ ဗီတာမင်စီဟာလည်း ဆဲလ်တွေကို ပျက်စီးစေတဲ့ အဆိပ်တွေကို
ရှင်းထုတ်တဲ့ အသည်းရဲ့ လုပ်ငန်းစဉ်ကို ၃၅ ရာခိုင်နှုန်း ပိုမို
ကောင်းမွန်စေနိုင်ပါတယ်။
နေ့စဉ် မိနစ် ၂၀ လေ့ကျင့်ခန်းပြုလုပ်ပါ
လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် စက်ဘီးစီးတာလိုမျိုး လေ့ကျင့်ခန်းတွေကို
ပုံမှန်ပြုလုပ်တာကြောင့် အသည်းအတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေနိုင်ပြီး
ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေကို ရှင်းထုတ် နိုင်ကာ အသည်းကင်ဆာ
ဖြစ်နိုင်ခြေ ၁၆ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ ဂျပန်မှ သုတေသီတွေက
တွေ့ရှိ ခဲ့ပါတယ်။ ဒါ့အပြင် သွေးတွင်း ပိုလျှံနေတဲ့ သကြားဓာတ်တွေနဲ့
ထရိုင်ဂလစ်စရိုက်တွေကို လောင်ကျွမ်း စေနိုင်တာမို့ အသည်းမှာ အဆီတွေ
စုဆောင်းမှု မဖြစ်အောင်လည်း ကာကွယ်နိုင်တယ်လို့ ချီကာဂို ဆေးရုံမှ
ပါမောက္ခမေရီက ပြောပါတယ်။
ဆေးဖက်ဝင် အပင်အမျိုးအစားများကို မှီဝဲပါ
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာ ပါဝင်တဲ့ စပျစ်သီးအစေ့ (Grape seed
extract) ကို နေ့စဉ် ၁၀၀ မီလီဂရမ် မှီဝဲတာကြောင့် အသည်းကျန်းမာရေး
ကောင်းမွန်စေနိုင်ပါတယ်လို့
သုတေသီတွေက အကြံပေး ထားပါတယ်။ အသည်းရောဂါရှိနေသူ ဖြစ်ရင်လည်း Milk thistle
ကို ၃၀၀ မီလီဂရမ် မှီဝဲတာကြောင့် အသည်းဆဲလ်အသစ် ကြီးထွားမှုနှုန်း
မြန်ဆန်ပြီး ပင်ပန်းနွမ်းနယ်တာနဲ့ လေပွတာလိုမျိုး အသည်းရောဂါ ဝေဒနာတွေဟာ
နှစ်လအတွင်း သက်သာသွားနိုင်ပါတယ်။
ကျန်းမာရေးကောင်းစေသော အဆီကို အဓိကထား စားပါ
ဆီကြော်စာတွေကို တစ်ပတ်သုံးကြိမ် ဒါမှမဟုတ် ဒါထက်ပိုစားခဲ့ရင်
အသည်းမှာ
ရောင်ရမ်းမှု ဖြစ်နိုင်ခြေ မြင့်တက်လာပြီး အသည်းမှာ အမာရွတ်
ဖြစ်စေနိုင်ပါတယ်လို့ ကနေဒါမှ လေ့လာမှုအရ သိရပါတယ်။ ဒါကြောင့်
ကျန်းမာရေးကောင်းစေပြီး ရောင်ရမ်းမှုကို လျှော့ချနိုင်တဲ့ သံလွင်ဆီလိုမျိုး
အဆီ၊ မြေပဲ၊ ငါး၊ အခွံမာသီး၊ အစေ့နဲ့ ထောပတ်သီးလိုမျိုး အဆီတွေဟာ
အသည်းပျက်စီးမှုကို ပြန်လည်ပြုပြင်နိုင်ပြီး ပင်ပန်း နွမ်းနယ် တာဟာလည်း
တစ်လအတွင်းမှာ ၅၀ ရာခိုင်နှုန်းအထိ သက်သာစေနိုင်ပါတယ်။

ဆီချိုရှိသူများခရီးရှည်ထွက်မည်ဆိုလျှင်
ဆီးချိုသမား ခရီးရှည် ထွက်ပြီဆိုရင် လိုက်နာသင့်တဲ့ အချက်တွေ ရှိပါတယ်။
(၁) ဆီးချိုဆေးတွေ အလုံအလောက် ယူသွားဖို့ လိုပါတယ်။
(၂) ဆီးချိုရောဂါနဲ့ တွဲပြီး တခြား သွေးတိုးရောဂါ၊ နှလုံးရောဂါ စတဲ့
ရောဂါတွေ ရှိနေရင် အဲဒီ တခြားရောဂါတွေအတွက် ဆရာဝန် ညွှန်ကြားထားတဲ့
ဆေးတွေကိုလည်း ဆောင်ထားဖို့ လိုပါတယ်။
(၃) နောက်ပြီး ဆီးချိုသမားတွေက မူးတတ်ပါတယ်။ ဒါကြောင့် အမူးပျောက်ဆေးတွေလည်း ဆောင်သွားသင့်ပါတယ်။
(၄) တချို့ အန်တတ်တဲ့ ဆီးချိုသမားတွေလည်း ရှိပါတယ်။ အန်တတ်တယ်ဆိုရင်လည်း အအန်ပျောက်တဲ့ ဆေးတွေကို ဆောင်သွားရပါမယ်။
(၅) ဆီးချိုသမားအတွက် အရေးအကြီးဆုံး ဆောင်ထားရမှာကတော့
ဆီးချိုတိုင်းကိရိယာပဲ ဖြစ်ပါတယ်။ ဆီးချိုသမားတွေက ခရီးရှည်သွားရင်း၊
လာရင်း၊ စားရင်း၊ သောက်ရင်းနဲ့ သွေးတွင်းသကြားဓာတ် တက်လို့ တက်နေမှန်း
မသိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီချိုတိုင်းစက်လေးကို ဆောင်ထားပြီး
မကြာခန တိုင်းပေးသင့်ပါတယ်။
(၆) ခရီးသွားတဲ့အချိန် ကြာတယ်ဆိုရင်
ထိုင်နေရတာ ခြေထောက်ကို အောက်ချထားရတဲ့အတွက် ဆီးချိုသမားတွေမှာ
သွေးပြန်ကြောပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ခြေထောက် သွေးပြန်ကြော မပိတ်စေဖို့
ခြေထောက်ကို အကြာကြီး ချထားရတယ်ဆိုရင် လေ့ကျင့်ခန်းအနေနဲ့ ပေါ့ပေါ့ပါးပါး
လုပ်ရတဲ့ လှုပ်ရှားမှုလေးတွေကို လုပ်ပေးဖို့ လိုအပ်ပါတယ်။
နိုင်ငံခြားခရီးရှည် သွားတယ်ဆိုရင် လေယာဉ်ပေါ်မှာ လေ့ကျင့်ခန်းလေးတွေ
လုပ်ခိုင်းတာ ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တယ် ဆိုတာလည်း အထွေအထူးတော့
မဟုတ်ပါဘူး။ ထိုင်နေရင်းနဲ့ပဲ ခြေဖဝါးကို လှန်လိုက်၊ ကော့လိုက်
လုပ်ပေးခိုင်းတာပါ။
(၇) နောက်တစ်ချက်ကတော့ ဆီးချိုသမားတွေက
ခရီးသွားရင် အအေးမိတာ၊ နှာစေးတာ၊ ချောင်းဆိုးတာတွေ ဖြစ်တတ်ပါတယ်။
ဆီးချိုသမားတွေက များသောအားဖြင့် နေမကောင်း ဖြစ်ပြီဆိုရင် အစာကို
ကောင်းကောင်း မစားနိုင်တော့ပါဘူး။ အစာ မစားတဲအတွက် လူနာက သူ့ဘာသာသူ
ဆီးချိုဆေးကို ရပ်ပစ်လိုက်ပါတယ်။ အဲဒါ တကယ်တမ်းတော့ မှားပါတယ်။
ဘာလို့လဲဆိုရင် ဆီးချိုသမားတစ်ယောက် အနေနဲ့ ရောဂါပိုး တစ်ခုခု (Infection)
ဝင်သွားပြီဆိုရင် စိတ်ဖိစီးမှု Stress တွေ ဖြစ်လာတာကို တွေ့ရပါတယ်။ အဲဒီ
စိတ်ဖိစီးမှုတွေက သွေးတွင်း သကြားဓာတ်ကို ပိုတက်စေနိုင်ပါတယ်။ ဒါကြောင့်
ဆီးချိုသမားတွေ ဖျားတိုင်းဖျားတိုင်း ဆီးချိုရောဂါကုဆေးကို
ဖြတ်လိုက်တယ်ဆိုတာတွေ မလုပ်သင့်ပါဘူး။ ဆီးချိုသမား ဖျားလို့ရှိရင်
ဆီးချိုရောဂါဆေးကို လုံးဝ မဖြတ်ပစ်လိုက်ပါနဲ့။ သွေးတွင်း သကြားဓာတ်ကို ခဏခဏ
စစ်ပေးပါ။ သွေးတွင်း သကြားဓာတ် အတက်အကျအလိုက် လိုရင်လိုသလို ဆေးကို
တိုးတာ၊ လျှော့တာတွေ လုပ်ပြီး သောက်ရပါမယ်။ ဆီးချိုရောဂါကုဆေးကို လုံးဝ
ဖြတ်လိုက်ဖို့တော့ ဆရာတို့က အားမပေးပါဘူး။
ဆီးချိုသမားတွေ
ခရီးရှည်သွားတဲ့ အခါမှာ ကိုယ်လိုအပ်တဲ့ ဆေးတွေကို အလုံအလောက်
ယူသွားဖို့လည်း အရေးကြီးပါတယ်။ ဆေးဝါးတွေကို အတိအကျပဲ ယူသွားတာမျိုး
မလုပ်သင့်ပါဘူး။ ဥပမာ- သုံးလလောက်ကြာမယ့် ခရီးရှည်ကို သွားဖို့
ရှိတယ်ဆိုရင် ဆေးဝါးတွေကို ငါးလစာလောက် ယူသွားဖို့ လိုအပ်ပါတယ်။
တစ်ခါတလေမှာ ဆီးချို အတက်အကျ ဖြစ်တာတွေကြောင့် ပိုသောက်ရတာမျိုးတွေ
လုပ်ရပါတယ်။ အဲဒီအခါတွေမှာ လုံလောက်ဖို့အတွက် ပိုပြီးယူသွားဖို့
လိုအပ်ပါတယ်။ နောက်ပိုင်း ထိုးကြတဲ့ ဆေးတွေမှာတော့ ပမ်တွေရှိပါတယ်။
အဲဒါတွေကတော့ ရေခဲပုံးနဲ့ ယူစရာ မလိုပါဘူး။
ဒေါက်တာဦးကိုကို
တွဲဖက်ပါမောက္ခ၊ အထွေထွေရောဂါကု ဆရာဝန်ကြီး
မြန်မာနိုင်ငံတွင်ကင်ဆာရောဂါဖြစ်ပွားမူ
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးမှ ထုတ်ပြန်သည့် အစီရင်ခံစာ အရ
မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် ကင်ဆာဖြစ်ပွားမှု အများဆုံး ၁ဝ နိုင်ငံတွင်
ပါဝင်နေကြောင်း သိရသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်ချက်အရ
ကင်ဆာရောဂါ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်း ရင်းများမှာ အစားအစာများ၌
ပါဝင်သော ဓာတုပစ္စည်းများနှင့် ပိုးသတ်ဆေးများကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ အသင်း ဥက္ကဋ္ဌ ဦးဘအုပ်ခိုင် ၏ ပြောပြချက်အရ သိရသည်။
ဆက်လက်၍ ''ပိုးသတ်ဆေးများ ကြောင့်လည်း ကင်ဆာရောဂါ ဖြစ်ပွားနိုင်ကြောင်း၊
ဓာတု ဆေးတွေ ပါဝင်နေသည့် အစားအစာများကို ပြည်သူတွေ အနေနဲ့
ရှောင်လို့ရကောင်း ရနိုင်ကြောင်း၊ ရှောင်လို့မရတာက ပိုးသတ်ဆေးပင်
ဖြစ်ကြောင်း၊ အသီးအနှံတွေက ပြည်သူတွေ အစားအများဆုံး စားသင့်တဲ့
အစားအစာလည်း ဖြစ်ပြီး အာဟာရ ငါးမျိုးလောက် ရနိုင်ကြောင်း၊ ရောဂါကို
ကာကွယ်တဲ့ နေရာမှာလည်း အသုံးဝင်ကြောင်း၊ ဒါပေမဲ့ အခုအခါ အသီးအနှံတွေမှာ
ပိုးသတ်ဆေးတွေ လွန်ကဲစွာ အသုံးပြုနေသဖြင့် သီးနှံစားပြီး အစာအဆိပ်
သင့်တဲ့ပြဿနာတွေ ဖြစ်လာကြောင်း၊ ထို့ကြောင့်လည်း ပြည်သူတွေအနေနဲ့
ဓာတုပစ္စည်းများ မပါတဲ့ အစားအစာတွေ၊ ပိုးသတ်ဆေးမပါတဲ့ အာဟာရ
အသီးအရွက်တွေကိုသာ စားသုံးသင့် သည်ဟု ယူဆကြောင်း'' ၄င်းက ဆက်လက်
ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ပြည်သူများအသုံး ပြုနေသည့်
ပလတ်စတစ်နှင့် ဖော့ဘူးများ ဓာတု ဆေးဝါးများ၊ ကြာရှည်ခံ ဆိုးဆေးများ၊
ကော်ဖီမစ်များ အစရှိသည့် ဓာတုပစ္စည်း ပါဝင်မှု များကြောင့် ဖြစ်ကြောင်း၊
စားသောက်ဆိုင်များတွင် အသုံးပြုနေသော ဖော့ဘူးများတွင် စတိုင်းရင်း
(Styrene) ဓာတ်ပါသည့်အပြင် 2B ပလတ်စတစ် အုပ်စုဝင်များ ပါဝင်မှုကြောင့်
အချိုရည်နှင့် ဂျယ်လီများ၊ အချဉ်ရည်များ၊ ဆေးလိပ်များ၊ အကင်များကြောင့်လည်း
ဖြစ်ရကြောင်း သိရသည်။
ကောင်းကင်
ရင်သားကင်ဆာဖြစ်ပွားမူ
(၁) အသက်အရွယ်
အသက်ကြီးလေလေရင်သားကင်ဆာဖြစ
်နိုင်ခြေပိုများလေလေ
ဖြစ်သည်။
(၂) နိုင်ငံဖွံဖြိုးမှု
ဖွံဖြိုးပြီးနိုင်ငံသူများသည် ဖွံဖြိုးမှုအနည်းဆုံးဖြစ်သော
နိုင်ငံသူများထက် အဖြစ်ပိုများသည်။
(၃)မျိုးပွားမှုဆိုင်ရာ အချက်အလက်များ
ရာသီသွေးစပေါ်သည့်အသက်အရွယ် စောလွန်းခြင်း၊
ပထမကလေးယူသည့် အသက်အရွယ် နောက်ကျခြင်း၊
ကလေးမမွေးခြင်း(သို့)ကလေးယူသည့်အရေအတွက် နည်းခြင်း၊နို့မတိုက်ခြင်း၊ရာသီသွေးဆုံးမှု နောက်ကျလွန်းခြင်း တို့သည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ပိုများစေသည်။
(၄)ဟော်မုန်းသုံးစွဲသူများ
(သန္ဓေတားဆေးကတ်၊ ဟော်မုန်းကုထုံးများ)
(၅) ရင်သားငယ်ကျစ်သူများ
(၆) ရင်သားရောဂါအခံရှိသူများ
(၈) ရင်သားကင်ဆာ မျိုးရိုးရှိသူများသည် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများကြောင်း ဆက်စပ်တွေ့ရှိရသည်။
အခြား အချက်အလက်များမှာ
(၁) အ၀လွန်သူများ၊ ကိုယ်လက်လှုတ်ရှားမှုနည်းသူများ၊
အဆီအစားများသူ၊ ဓါတ်ရောင်ခြည်နှင့်ထိတွေ့မှုများသူ အရက်သောက်သုံးသူနှင့် ဆေးလိပ်သောက်သုံးသူများသည်
လည်း ရင်သားကင်ဆာဖြစ်ပွားမှုနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရပါသည်။
ဒေါက်တာခင်နိုင်ဦး
No comments:
Post a Comment