မေတ္တာတရား
မေတ္တာတရားဆိုတာ ထာဝရ အေးမြချမ်းမြေ့လှပါတယ်။ သူတံပါးအတွက် ကိုယ်ကပေးဆပ်လိုက်တဲ့ မေတ္တာတရားအတွက် တုန့်ပြန်မှု ပိုင်ဆိုင်မှု စတဲ့ ကိုယ့်အတွက် မျှော်လင့်ချက်တွေ ဘာမှမရှိပါဘူး။ မေတ္တာတရားဆိုတာ အ
ပေးသက်သက် သူတံပါးချမ်းမြေ့စေဖို့ ကိုယ်က တတ်နိုင်သလောက်ပေးဆပ်
လိုက်တဲ့ အရာမျိုးပါ။ ထို့အတူ မေတ္တာတရားဆိုတာ ရောင်ပြန်ဟပ်လေ့လည်း
ရှိတယ်။
မေတ္တာတရားနဲ့ပတ်သက်လို့ ဓမ္မဗျူဟာစာစောင်ထဲက ဖတ်ဖူးတဲ့ အကြောင်း
အရာလေးကို ပြောပြချင်ပါတယ်။
တစ်ခါတုန်းက ရွာတစ်ရွာ မိခင်မုဆိုးမအိုကြီးကို ပြုစုလုပ်ကျွေးနေကြတဲ့ ညီ
အစ်ကိုနှစ်ယောက်ရှိတယ်။ တစ်နေ့တော့ မိခင်မုဆိုးမအိုကြီး အပြင်းအထန်
နာမကျန်းဖြစ်လို့ ဆေးဆရာခေါ်ပြတဲ့အခါ ဆေးဆရာက သူရဲ့ဆေးကို ယုန်
သားနဲ့ကျွေးမှ ရောဂါပျောက်မည်ဖြစ်ကြောင်း မှာခဲ့တယ်။
နောက်နေ့မနက်မှာ အစ်ကိုလုပ်သူက ညီဖြစ်သူကို ယုန်ရှာဖို့ တောထဲကို
လွတ်လိုက်တယ်။ တောထဲရောက်တဲ့အခါ ယုန်ဖမ်းဖို့ ပိုက်တွေကို ခြုံတွေ
မှာ လွမ်းထားပြီး ပိုက်ထဲကို ယုန်ဝင်အောင် တောခြောက်တော့တာပေါ့။
တောခြောက်သံကြောင့် ယုန်တွေထွက်ပြေးကြရင်း ယုန်တစ်ကောင်က
ပိုက်ထဲကို ၀င်သွားပါတော့တယ်။ ညီဖြစ်သူလည်း ၀မ်းသာအားရ ပိုက်ထဲ
က ယုန်လေးကို ဖမ်းတဲ့အခါ သေမယ့်လေးကြောင့် ကြောက်ပြီး တုန်နေ
တဲ့ ယုန်လေးကို တွေ့လိုက်ရတယ်။
ညီဖြစ်သူက သေဘေးကိုကြောက်ရွံ့ပြီး တုန်နေတဲ့ ယုန်လေးကိုကြည့်ရင်း
“ အော် သူမှာလည်း အသတ်နဲ့ပဲ သေမှာကြောက်ရှာမှာပဲလေ၊ ကိုယ့်မိဘ
အသက်ရှင်ဖို့ ကိုယ့်အတ္တတရားအတွက် သူတံပါးရဲ့အသတ်ကို သတ်ရမှာ
မတရားပါဘူးလေ ” ဆိုပြီး တွေးတောရင်း ယုန်လေးကို လွတ်လိုက်တယ်။
အိမ်ရောက်တော့ ယုန်ပါမတဲ့ ညီဖြစ်သူကို အစ်ကိုဖြစ်သူကမေးတော့ ...
အကြောင်းစုံကို ပြန်ပြောပြတဲ့အခါ အစ်ကိုဖြစ်သူက ဒေါသပုန်ထတော့တာ
ပေါ့။ ဒါပေမယ့် ဒီအကြောင်းကို သူတို့မိခင်မုဆိုးမအိုကြီးသ
ဖြစ်သူကို ညီလေးလုပ်တာ မှန်ကန်တဲ့ကြောင်းပြောရင်း သူသားလေးရဲ့လုပ်
ရပ်ကို ချီးကျူးရင်း စိတ်နှလုံးမှာချမ်းမြေ့ကြည်
ချက်ခြင်းဆိုသလို အရှင်းပျောက်ကင်းသွားပါတော့
မေတ္တာတရားတွေ အပြန်အလှန်ပေးဝေကြရင်း မေတ္တာရောင်ပြန်ဟပ်နိုင်ကြ
ပါစေ ...
မြ၀ဏိုးစံ(စာပေဥယျာဉ်)
သစ္စာ ရှိတဲ့လူ
စားသောက်ဆိုင်စားပွဲဝိုင်းတ ခုမှာ ယောက်ျားတယောက်နဲ့မိန်းကလေး တယောက် ထိုင်နေကြတယ်။
မိန်းကလေးက ဝိုင်ခွက်ကို လှုပ်ကစားရင်းနဲ့ စကားစပြောလိုက်တယ်။
"ကျွန်မ ရှင့်ကိုကြိုက်တယ်"
"ငါမှာမိန်းမရှိတယ်လေ"
ယောကျာ်းက လက်မှာဝတ်ထားတဲ့လက်စွပ်ကို ပွတ်သပ်ရင်ပြန်ပြောလိုက်တယ် ။
"ကျွန်မ ဒါတွေဂရုမစိုက်ဘူး။ ရှင့်စိတ်ကိုပဲကျွန်မသိချင် တယ်။
ရှင် ကျွန်မကိုကြိုက်လား"
ဒီအဖြေကို ကြိုတွေးမိကြမှာပါ။ ယောကျာ်းက ခေါင်းမော့ပြီးကောင်မလေးကို သေ ချာကြည့်လိုက်တယ်။
မိန်းကလေးက အသက် (၂၄)နှစ်။ ငယ်ရွယ်နုပျိုတယ်။ အရွယ်ကောင်းတဲ့အသက်အရွယ်ပါ။
အသားအရေဖြူစွတ်တယ်။ ဖျတ်လတ်သန်စွမ်းတယ်။ အရောင်တောက်ပြီးစွဲဆောင်မှုရှိတဲ့မျက်ဝန်းတစုံ
ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတယောက်ပါပဲ။
ဒါပေမဲ့
"တကယ်လို့ ရှင်လည်းကျွန်မက သဘောကျတယ်ဆိုရင် ကျွန်မရှင်နဲ့ချစ်သူဖြစ်ချင်တယ်"
စိတ်မရှည်တဲ့အဆုံးမှာကောင်မ လေးက ဒီစကားကို ထပ်ပြောလိုက်တယ်။
"ငါ့မိန်းမကိုငါချစ်တယ်" ယောကျာ်းက ပြတ်ပြတ်သားသားဖြေလိုက်တယ်။
"ရှင် သူ့ ကိုချစ်တယ်? သူ့ ကိုဘယ်လိုချစ်တာလဲ? အခုလက်ရှိ သူ့အသက်အရွယ်က အိုနေပြီ အရင်လိုကြည့်မကောင်းတော့ဘူး မလား? အဲဒါကြောင့်ကုမ္ပဏီက ပါတီပွဲကို ရှင်တခါမှ မခေါ်လာရဲတာမလား ••••"
ကောင်မလေးက ဆက်ပြောသွားချင်တယ်။ ဒါပေမဲ့ ယောကျာ်းရဲ့ အေးစက်စက်အကြည့် တွေကြောင့် စကားကိုရပ်တန့် လိုက်တယ်။ နှစ်ယောက်စလုံး အနည်းငယ် နှုတ်ဆိတ်သွားကြတယ်။
"မင်း ငါ့ကို ဘာတွေသဘောကျတာလဲ" ယောကျာ်းကမေးလိုက်တယ်။
"ရင့်ကျက်တယ်။ တည်ငြိမ်တယ်။ အပြုအမူတွေက ယောကျာ်းပီသတယ်။ ဂရုစိုက်တတ်တယ်။ အများကြီးရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတွေ့ ခဲ့ဖူးတဲ့ ယောကျာ်းတွေ့နဲ့ မတူဘူး။ ရှင်ကထူးခြားတယ် "
ယောက်ျားက ဆေးလိပ်မီးညှိရင်းမေးလိုက်တ ယ်။
"လွန်ခဲ့တဲ့ (၃)နှစ်တုန်းက ငါဘယ်လိုပုံစံလဲဆိုတာ မင်းသိလား? "
"ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ကျွန်မဂရုမစိုက်ဘူး။ ရှင် ထောင်ကျဖူးလည်း အရေးမကြီးဘူး။"
"လွန်ခဲ့တဲ့ (၃)နှစ်က ငါလည်း မင်းတွေ့ခဲ့ဖူးတဲ့ယောက်ျားေ တွလိုပါပဲ"
ကောင်မလေးကို ဂရုမစိုက်ပဲ ယောကျာ်းကဆက်ပြောတယ်။
"သာမန် တက္ကသိုလ်ဘွဲ့ ရ။ အလုပ်လုပ်တာ အဆင်မပြေဘူး။ တနေကုန် အရက်တွေသောက် ဒေါသတွေခဏခဏထွက်။
ကိုယ့်ချစ်သူကိုလည်း ဂရုစိုက်ချင်မှစိုက်တယ် "
"ဒါဆို ဘယ်လိုပြောင်းလဲသွားတာလဲ" ကောင်မလေးစိတ်ဝင်စားသွားတယ် ။
ဘယ်အရာက ဒီယောကျာ်းကိုပြောင်းလဲသွား စေတာလဲဆိုတာ သူသိချင်လာတယ်။
"သူကြောင့်လား?"
"အင်း"
"သူက အမြဲတမ်းကိစ္စတိုင်းကို အတွင်းကျကျ သိထားတဲ့အတိုင်းပဲ။ ငါ့ကိုအများကြီးသင်ပြပေးခဲ့ တယ်။ အရှုံးအမြတ်ကိုသိပ်အလေးမထားဖို့။ မျက်စိရှေ့ က ပြသာနာကိုအရမ်းအလေးမထားဖို့ ။
လူတွေကိုကောင်းကောင်းဆက်ဆံတ တ်ဖို့ ငါကိုသင်ပေးတယ်။
အဲဒီအချိန်တုန်းက ငါကသူရှေ့မှာဆို ဘာမှ နားမလည် မသိတတ်သေးတဲ့ကလေးတယောက်လိုပဲ။ပြောရရင် အဲဒီအချိန်တုန်းကမင်းငါကြို မင်သလိုမျိုးနဲ့ သိပ်မကွာဘူးလို့ ပြောရမယ်။
အဲတုန်းကတော်တော် ထူးဆန်းတာက စိတ်ဆတ် ခေါင်းမာတတ်တဲ့ငါက သူပြောတာပဲနားထောင်တယ်။
သူပြောတဲ့အတိုင်း အဖြစ်မှန်ကိုလက်ခံနိုင်ခဲ့တ ယ်။ ကိုယ့်ကိုကိုယ် အသုံးမကျတာသိတော့ အလုပ်ကိုကြိုးကြိုးစားစားလု ပ်ခဲ့တယ်။ အဲဒီ့နှစ် နှစ်ကုန်မှာ အလုပ်က နည်းနည်း အဆင်ပြေလာခဲ့တယ်။
ငါတို့လည်း လက်ထပ်လိုက်ကြတယ်"
ဆေးလိပ်ပြာချွေရင်း ယောကျာ်းကဆက်ပြောတယ်။
"အဲဒီအချိန်တုန်းက တော်တော် ဒုက္ခရောက်ခဲ့တာ။ နှစ်ယောက်ကို ကုတင်တစ်လုံးတည်းနဲ့အိပ်ခဲ့ ရတယ်။
အိမ်ကပစ္စည်းဆိုတာ နည်းလိုက်တာမှ သနားဖို့ တောင်ကောင်းတယ်။ ပြီးတော့မင်္ဂလာဆောင်ပြီး တစ်နှစ်ကြာမှငါ သူ့ကို ပထမဆုံးစိန်လက်စွပ် (၁)ကွင်းဝယ်ပေးနိုင်တာ။ နှစ်ဝက်ကျော်လောက် ပိုက်ဆံစုလိုက်ရတယ်။ဒါတောင် သူမသိအောင်ခိုးစုရတာ။ သူသိရင် ပေးဝယ်မှာ မဟုတ်ဘူး။ အဲ့တုန်းကလည်း ဆေးလိပ် အရက်ကြောင့်ကျန်းမာရေးက ဆိုးလာသေးတယ်။ ဆောင်းတွင်းဖက်ကြီးမှာလည်း ညမအိပ်ပဲ ငါ့အတွက် သူစွပ်ပြုတ် လုပ်ပေးတယ်။ အဲဒီ့အရသာမျိုးကို သူပဲလုပ်တတ်မယ် ထင်တယ်"
ယောကျာ်းက အရင်ကအကြောင်းတွေကို ပြောရင်းအချိန်ကိုသတိမထားမိ လိုက်ဘူး။ အတိတ်ကအကြောင်းတွေကိုမနားတမ်းပြောနေမိတယ်။
မိန်းကလေးကလည်း စကားဖြတ်ချင်ပုံမရဘူး။ ပြောသမျှကို ငြိမ်နားထောင်နေတယ်။
ယောက်ျားက နာရီကို သတိထားမိတဲ့အချိန်မှာ ည(၁၀)နာရီထိုးနေပြီ။
"ဟား•• တောင်းပန်ပါတယ်ဗျာ။ ဒီလောက်မိုးချုပ်သွားတာ သတိမထားမိလိုက်ဘူး"
ယောကျာ်းက အားနာနာနဲ့ ပြုံးလိုက်တယ်။
"အခုမင်းနားလည်နိုင်ပြီလား? ။ သူ့ အပေါ်သစ္စာဖောက်တဲ့လုပ်ရပ်မျိုး ငါလုပ်ဖို့ မဖြစ်နိုင်ဘူး။ လုပ်မှာလည်းမဟုတ်ပါဘူး"
"သိပါပြီ။ ဒီလိုလူတယောက်ကိအရှုံးပေးလို က်ရတာ ကျွန်မကျေနပ်ပါတယ်"
မိန်းကလေးက လက်လျှော့လိုက်တဲ့ပုံစံနဲ့ ခေါင်းခါရင်း ပြောလိုက်တယ်။
"ကျွန်မလည်း သူလို အရွယ်ရောက်ရင် သူ့ထက်ပိုသာမှာပါ"
"အင်းပေါ့ အဲဒါဆို ဒီထက်ကောင်းတဲ့ ယောကျာ်းမျိုးရှာတွေ့ မှာပေါ့။ မဟုတ်ဘူးလား? အရမ်းမိုးချုပ်နေပြီ။ ငါလိုက်ပို့ပေးမယ်။" မိန်းကလေးကိုလိုက်ပို့ ပေးဖို့ သူထလိုက်တယ်။
"ရပါတယ် ကျွန်မဖာသာပြန်လိုက်ပါမယ်" ကောင်မလေးက လက်ဟန်ပြပြီးတော့
" ပြန်သွားတော့လေ သူစိတ်ပူနေလိမ့်မယ်" လို့ ဆက်ပြောလိုက်တယ်။
ယောကျာ်းက တချက်ပြုံးပြီး လှည့်ထွက်လာခဲ့တယ်။
"သူကလှလား?"
"အင်းအရမ်းလှတယ်"
ညအမှောင်ထဲမှာ ယောကျာ်းရဲ့ အရိပ်အယောင်တွေ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။
မိန်းကလေးတယောက်တည်း စားပွဲဝိုင်းမှာ ကျန်ရစ်ခဲ့တယ်။
ယောကျာ်းအိမ်ပြန်ရောက်တော့ တံခါးဖွင့်ပြီး အိပ်ခန်းဆီကို တန်းသွားလိုက်တယ်။ မီးဖွင့်လိုက်တယ်။
ကုတင်နားကို လျှောက်သွားပြီး ထိုင်လိုက်တယ်။
"မိန်းမရေ ဒါ(၄)ယောက်မြောက်ရှိပြီ။ ဘာဖြစ်လို့ ငါကို ဒီလောက်ကောင်းအောင်လုပ်ပေးခဲ့တာလဲ?
အခု ငါ့ကို ကြိုက်နေတဲ့သူတွေ အများကြီးရှိနေပြီ။ တော်ကြာငါစိတ်ပြောင်းသွားနိုင်တယ်နော်။ ဘာဖြစ်လို့ ငါကို ဒီလောက်ကောင်းအောင် လုပ်ပေးပြီးတော့ တစ်ယောက်တည်း အရင်ထွက်သွားရတာလဲ?
ငါ တစ်ယောက်တည်း ကျန်နေခဲ့တာ အရမ်း အထီးကျန်နေပြီကွာ"
သူ မျက်ရည်တွေကို မျိုသိပ်ရင်းပြောနေတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ မျက်ရည်တွေ မထိန်းနိုင်ပဲစီးကျလာတယ်။
တစက်ပြီး တစက် ပါးပြင်ပေါ်က စီးကျလာပြီး လက်ထဲမှာကိုင်ထားတဲ့ ဓာတ်ပုံဘောင်ပေါ် ကျသွားခဲ့တယ်။
အလင်းရောင်မပြည့် ဝတဲ့ မီးရောင်အောက်မှာ ဓာတ်ပုံထဲမှာဆုံးသွားတဲ့ အမျိုးသမီးရဲ့ကြင်နာမှုတွေ ပြန့်နှံ့နေခဲ့တယ်။
မိန်းကလေးက ဝိုင်ခွက်ကို လှုပ်ကစားရင်းနဲ့ စကားစပြောလိုက်တယ်။
"ကျွန်မ ရှင့်ကိုကြိုက်တယ်"
"ငါမှာမိန်းမရှိတယ်လေ"
ယောကျာ်းက လက်မှာဝတ်ထားတဲ့လက်စွပ်ကို ပွတ်သပ်ရင်ပြန်ပြောလိုက်တယ်
"ကျွန်မ ဒါတွေဂရုမစိုက်ဘူး။ ရှင့်စိတ်ကိုပဲကျွန်မသိချင်
ရှင် ကျွန်မကိုကြိုက်လား"
ဒီအဖြေကို ကြိုတွေးမိကြမှာပါ။ ယောကျာ်းက ခေါင်းမော့ပြီးကောင်မလေးကို
မိန်းကလေးက အသက် (၂၄)နှစ်။ ငယ်ရွယ်နုပျိုတယ်။ အရွယ်ကောင်းတဲ့အသက်အရွယ်ပါ။
အသားအရေဖြူစွတ်တယ်။ ဖျတ်လတ်သန်စွမ်းတယ်။ အရောင်တောက်ပြီးစွဲဆောင်မှုရ
ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတယောက်ပါပဲ။
ဒါပေမဲ့
"တကယ်လို့ ရှင်လည်းကျွန်မက သဘောကျတယ်ဆိုရင် ကျွန်မရှင်နဲ့ချစ်သူဖြစ်ချင
စိတ်မရှည်တဲ့အဆုံးမှာကောင်မ
"ငါ့မိန်းမကိုငါချစ်တယ်" ယောကျာ်းက ပြတ်ပြတ်သားသားဖြေလိုက်တယ်။
"ရှင် သူ့ ကိုချစ်တယ်? သူ့ ကိုဘယ်လိုချစ်တာလဲ? အခုလက်ရှိ သူ့အသက်အရွယ်က အိုနေပြီ အရင်လိုကြည့်မကောင်းတော့ဘူး
ကောင်မလေးက ဆက်ပြောသွားချင်တယ်။ ဒါပေမဲ့ ယောကျာ်းရဲ့ အေးစက်စက်အကြည့် တွေကြောင့် စကားကိုရပ်တန့် လိုက်တယ်။ နှစ်ယောက်စလုံး အနည်းငယ် နှုတ်ဆိတ်သွားကြတယ်။
"မင်း ငါ့ကို ဘာတွေသဘောကျတာလဲ" ယောကျာ်းကမေးလိုက်တယ်။
"ရင့်ကျက်တယ်။ တည်ငြိမ်တယ်။ အပြုအမူတွေက ယောကျာ်းပီသတယ်။ ဂရုစိုက်တတ်တယ်။ အများကြီးရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတွေ့ ခဲ့ဖူးတဲ့ ယောကျာ်းတွေ့နဲ့ မတူဘူး။ ရှင်ကထူးခြားတယ် "
ယောက်ျားက ဆေးလိပ်မီးညှိရင်းမေးလိုက်တ
"လွန်ခဲ့တဲ့ (၃)နှစ်တုန်းက ငါဘယ်လိုပုံစံလဲဆိုတာ မင်းသိလား? "
"ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ကျွန်မဂရုမစိုက်ဘူး။ ရှင် ထောင်ကျဖူးလည်း အရေးမကြီးဘူး။"
"လွန်ခဲ့တဲ့ (၃)နှစ်က ငါလည်း မင်းတွေ့ခဲ့ဖူးတဲ့ယောက်ျားေ
ကောင်မလေးကို ဂရုမစိုက်ပဲ ယောကျာ်းကဆက်ပြောတယ်။
"သာမန် တက္ကသိုလ်ဘွဲ့ ရ။ အလုပ်လုပ်တာ အဆင်မပြေဘူး။ တနေကုန် အရက်တွေသောက် ဒေါသတွေခဏခဏထွက်။
ကိုယ့်ချစ်သူကိုလည်း ဂရုစိုက်ချင်မှစိုက်တယ် "
"ဒါဆို ဘယ်လိုပြောင်းလဲသွားတာလဲ" ကောင်မလေးစိတ်ဝင်စားသွားတယ်
ဘယ်အရာက ဒီယောကျာ်းကိုပြောင်းလဲသွား
"သူကြောင့်လား?"
"အင်း"
"သူက အမြဲတမ်းကိစ္စတိုင်းကို အတွင်းကျကျ သိထားတဲ့အတိုင်းပဲ။ ငါ့ကိုအများကြီးသင်ပြပေးခဲ့
လူတွေကိုကောင်းကောင်းဆက်ဆံတ
အဲဒီအချိန်တုန်းက ငါကသူရှေ့မှာဆို ဘာမှ နားမလည် မသိတတ်သေးတဲ့ကလေးတယောက်လိုပ
အဲတုန်းကတော်တော် ထူးဆန်းတာက စိတ်ဆတ် ခေါင်းမာတတ်တဲ့ငါက သူပြောတာပဲနားထောင်တယ်။
သူပြောတဲ့အတိုင်း အဖြစ်မှန်ကိုလက်ခံနိုင်ခဲ့တ
ငါတို့လည်း လက်ထပ်လိုက်ကြတယ်"
ဆေးလိပ်ပြာချွေရင်း ယောကျာ်းကဆက်ပြောတယ်။
"အဲဒီအချိန်တုန်းက တော်တော် ဒုက္ခရောက်ခဲ့တာ။ နှစ်ယောက်ကို ကုတင်တစ်လုံးတည်းနဲ့အိပ်ခဲ့
အိမ်ကပစ္စည်းဆိုတာ နည်းလိုက်တာမှ သနားဖို့ တောင်ကောင်းတယ်။ ပြီးတော့မင်္ဂလာဆောင်ပြီး တစ်နှစ်ကြာမှငါ သူ့ကို ပထမဆုံးစိန်လက်စွပ် (၁)ကွင်းဝယ်ပေးနိုင်တာ။ နှစ်ဝက်ကျော်လောက် ပိုက်ဆံစုလိုက်ရတယ်။ဒါတောင် သူမသိအောင်ခိုးစုရတာ။ သူသိရင် ပေးဝယ်မှာ မဟုတ်ဘူး။ အဲ့တုန်းကလည်း ဆေးလိပ် အရက်ကြောင့်ကျန်းမာရေးက ဆိုးလာသေးတယ်။ ဆောင်းတွင်းဖက်ကြီးမှာလည်း ညမအိပ်ပဲ ငါ့အတွက် သူစွပ်ပြုတ် လုပ်ပေးတယ်။ အဲဒီ့အရသာမျိုးကို သူပဲလုပ်တတ်မယ် ထင်တယ်"
ယောကျာ်းက အရင်ကအကြောင်းတွေကို ပြောရင်းအချိန်ကိုသတိမထားမိ
မိန်းကလေးကလည်း စကားဖြတ်ချင်ပုံမရဘူး။ ပြောသမျှကို ငြိမ်နားထောင်နေတယ်။
ယောက်ျားက နာရီကို သတိထားမိတဲ့အချိန်မှာ ည(၁၀)နာရီထိုးနေပြီ။
"ဟား•• တောင်းပန်ပါတယ်ဗျာ။ ဒီလောက်မိုးချုပ်သွားတာ သတိမထားမိလိုက်ဘူး"
ယောကျာ်းက အားနာနာနဲ့ ပြုံးလိုက်တယ်။
"အခုမင်းနားလည်နိုင်ပြီလား?
"သိပါပြီ။ ဒီလိုလူတယောက်ကိအရှုံးပေးလို
မိန်းကလေးက လက်လျှော့လိုက်တဲ့ပုံစံနဲ့ ခေါင်းခါရင်း ပြောလိုက်တယ်။
"ကျွန်မလည်း သူလို အရွယ်ရောက်ရင် သူ့ထက်ပိုသာမှာပါ"
"အင်းပေါ့ အဲဒါဆို ဒီထက်ကောင်းတဲ့ ယောကျာ်းမျိုးရှာတွေ့ မှာပေါ့။ မဟုတ်ဘူးလား? အရမ်းမိုးချုပ်နေပြီ။ ငါလိုက်ပို့ပေးမယ်။" မိန်းကလေးကိုလိုက်ပို့ ပေးဖို့ သူထလိုက်တယ်။
"ရပါတယ် ကျွန်မဖာသာပြန်လိုက်ပါမယ်" ကောင်မလေးက လက်ဟန်ပြပြီးတော့
" ပြန်သွားတော့လေ သူစိတ်ပူနေလိမ့်မယ်" လို့ ဆက်ပြောလိုက်တယ်။
ယောကျာ်းက တချက်ပြုံးပြီး လှည့်ထွက်လာခဲ့တယ်။
"သူကလှလား?"
"အင်းအရမ်းလှတယ်"
ညအမှောင်ထဲမှာ ယောကျာ်းရဲ့ အရိပ်အယောင်တွေ တဖြည်းဖြည်းပျောက်ကွယ်သွားခ
မိန်းကလေးတယောက်တည်း စားပွဲဝိုင်းမှာ ကျန်ရစ်ခဲ့တယ်။
ယောကျာ်းအိမ်ပြန်ရောက်တော့ တံခါးဖွင့်ပြီး အိပ်ခန်းဆီကို တန်းသွားလိုက်တယ်။ မီးဖွင့်လိုက်တယ်။
ကုတင်နားကို လျှောက်သွားပြီး ထိုင်လိုက်တယ်။
"မိန်းမရေ ဒါ(၄)ယောက်မြောက်ရှိပြီ။ ဘာဖြစ်လို့ ငါကို ဒီလောက်ကောင်းအောင်လုပ်ပေးခ
အခု ငါ့ကို ကြိုက်နေတဲ့သူတွေ အများကြီးရှိနေပြီ။ တော်ကြာငါစိတ်ပြောင်းသွားနု
ငါ တစ်ယောက်တည်း ကျန်နေခဲ့တာ အရမ်း အထီးကျန်နေပြီကွာ"
သူ မျက်ရည်တွေကို မျိုသိပ်ရင်းပြောနေတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ မျက်ရည်တွေ မထိန်းနိုင်ပဲစီးကျလာတယ်။
တစက်ပြီး တစက် ပါးပြင်ပေါ်က စီးကျလာပြီး လက်ထဲမှာကိုင်ထားတဲ့ ဓာတ်ပုံဘောင်ပေါ် ကျသွားခဲ့တယ်။
အလင်းရောင်မပြည့် ဝတဲ့ မီးရောင်အောက်မှာ ဓာတ်ပုံထဲမှာဆုံးသွားတဲ့ အမျိုးသမီးရဲ့ကြင်နာမှုတွေ ပြန့်နှံ့နေခဲ့တယ်။
ထုံမှထုံတတ်ပလေ
မိအေးထုံသည် ဦးကွန့်၏ မယားပါ သမီးဖြစ်သည်။ ဦးကွန့်သည် ပထွေးဆိုသော်လည်း အေးထုံကို သမီးရင်းကဲ့သို့ ချစ်သနားသည်။ အေးထုံက အမည်နှင့် လိုက်သည်။ အေးဆေးသည်။ ထုံနန နှင့် သူ့ပင်ကိုယ်စရိုက်က မှာသည့် အတိုင်း ပြောသည့် အတိုင်းသာ လုပ်တတ်၏။
“ဧည့်သည် အတွက် ခရားထဲ ရေနွေးထည့်ခဲ့” ဟုပြောလျှင် ရေနွေးပဲ ထည့်လာ၏။ လက်ဖက်ခြောက် မခပ်။ “လက်ဖက်သုပ်လိုက်” ဆိုလျှင် လက်ဖက်ကိုချည်း ဆီဆမ်း၊ ဆားဖြူး၍ နယ်လာ၏။ ဘာအဆာမှ မပါ။ ဒီလို ထုံနန၊ အေးဆေးပြီး ရိုးရှာလွန်းသဖြင့် ဦးကွန့်က သနားသည်။ သမီးရင်းလေးနှယ် သံယောဇဉ် ကြီးသည်။တစ်နေ့ ဦးကွန့်သည် စိတ်တို ဒေါပွလျက်
“ဟဲ့ မိအေးထုံ၊ နင်မှန်မှန် ပြောစမ်း၊ အင်တိုင်းသာက ဒင်ကြီးဆိုတဲ့ ကောင်နဲ့ ကြိုက်နေတယ်ဆို။ ရွာနောက်ဖေးက ကောက်ရိုးပုံဘေးမှာ ချိန်းချိန်းတွေ့သတဲ့”
“မဟုတ်ပေါင်တော်၊ ဘယ်ကောင်တွေက ကုန်းတိုက်လိုက်လဲ မသိဘူး”
“ဘယ်ကောင်ပြောပြော မဟုတ်ဖို့ အရေးကြီးတယ်။ နောက်နောင် ဘာသံမှ မကြားချင်ဘူး။ဘယ်သူ့မှလဲ လက်မခံနဲ့၊ ဘယ်ကောင်က ဘာပြောပြော၊ ခေါင်းခါပြလိုက်၊ ကြားလား”
“ဟုတ် ဟုတ်ကဲ့”
(၅) ရက်ခန့် အကြာတွင် ဒင်ကြီးနှင့် အေးထုံ ချိန်းတွေ့ဖြစ်ကြသည်။ ထိုသို့ ချိန်းတွေ့ရာတွင် ဒင်ကြီးက
“အေးထုံ နင့်ကို ငါလေ အာဗွား ပေးချင်တယ်။ နင်စိတ်ဆိုးမှာလား” အေးထုံက ခေါင်းခါပြ၏။ ထို့ကြောင့် ဒင်ကြီးက အေးထုံ၏ ပါးလေးကို အာဗွား (မွှေးမွှေး)ပေးလိုက်လေ၏။
အေးထုံက ရှက်စနိုးဖြင့် ခေါင်းလေး ငုံ့သွားရာ ဒင်ကြီးက
“အေးထုံ နင် ငါ့ကို စိတ်ဆိုးသွားလားဟင်” အေးထုံက ခေါင်းလေးကို ခါရမ်းပြလိုက်၏။ ဤတွင် ဒင်ကြီးက အေးထုံအား အကြိမ်ကြိမ် အခါခါ အာဗွား အာဗွား အာဗွား လိုက်သတည်း။
ဝါးနွယ်မြေ (ပြေအေး) ပေဖူးလွှာမဂ္ဂဇင်း
ဦးဇော် သိသမျှ မျှဝေရာအရပ်

သတင်းဆိုး (အာဇာနည်ကြီးများ ဂုဏ်ပြု ဆောင်းပါး)
မိုးသည် တဖွဲဖွဲ ရွာသွန်းလျက် ရှိလေသည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် ညနေစောင်း အချိန် ဖြစ်လေသည်။
မြို့ပိုင် မောင်ပြုံးချို၏ အိမ်တွင် ပြည်သူ့ ဆက်ဆံရေး ရေဒီယိုကို စတင် ဖွင့်လေပြီ။ နေ့တိုင်းဆိုလျှင် ဌာနက ပေးထားသော ရေဒီယို နားထောင်သူတွေ အတော်များများ ရှိသော်လည်း ယနေ့ မိုးရွာနေသဖြင့် လူပါးလှသည်။ အိမ်အတွင်းတွင် အိမ်သားမှအပ အမိန့်တော်ရ ရှေ့နေကြီး ဦးအုံးဖေ တစ်ယောက်သာ ရှိသည်။ အိမ်ပြင်ဘက် ခုံတန်းလျား ပေါ်တွင် သုံးလေးယောက်သာ ရှိသည်။ တစ်မြို့လုံးမှ ရေဒီယို တစ်လုံးသာ ရှိလေသည်။
ပဏာမ ဓာတ်ပြား ဖွင့်ပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကုန် ခရိုင် ရာဇဝတ် တရားသူကြီး ဦးဘသွယ်၏ နေဝင်မီးငြိမ်း အမိန့်ကို ဖတ်ကြားလေ သည်။ မောင်ပြုံးချိုသည် ခေါင်းကြီး သွားလေသည်။
အင်း ရန်ကုန်မှာတော့ တစ်ခုခု ဖြစ်ပြီ၊ ဦးအုံးဖေသည် မည်သို့မျှ ပြန်မပြောဘဲ ခေါင်းညိတ် နားထောင် နေလေသည်။အဓိကရုဏ်း များ ဖြစ်သလားမသိဘူး။ မောင်ပြုံးချိုက ပြန်ပြောလေသည်။အဓိကရုဏ်းတော
သောတရှင်များကို အထူး အစီရင်ခံလို တာကတော့ ယနေ့ည ခုနစ်နာရီနှင့် ဆယ့်ငါးမိနစ် အချိန်တွင် ဤအသံလွှင့်ရုံမှ နေ၍ အထူး အရေးကြီးသော သတင်း တစ်ရပ်ကို အသံလွှင့် ပါလိမ့်မယ်။
ဟော မြို့အုပ်မင်း။ ရန်ကုန်မယ် တစ်ခုခု ဖြစ်တာတော့ သေချာပြီ။ ဦးအုံးဖေက မှတ်ချက် ချပြန်လေသည်။မောင်ပြုံးချို
''အသံလွှင့်ရုံ အတွင်းရှိ နာရီအရ မြန်မာ စံတော်ချိန် ခုနစ်နာရီနှင့် ဆယ့်ငါးမိနစ် ရှိပြီး ဖြစ်ပါ၍ မြန်မာပြည် ဘုရင်ခံ မင်းကြီး ဆာဟူးဘတ်ရန့်(စ်)က အရေးကြီးသော သတင်း တစ်ရပ်ကို ကြေညာ ပါလိမ့်မည်'' ဟူသော အင်္ဂလိပ် ဘာသာဖြင့် နိဒါန်းစကား ထွက်ပေါ်လာလေသည်။မောင်ပြုံးခ
မြန်မာပြည် ဘုရင်ခံ မင်းကြီး တိုင်းသူပြည်သား တို့အား ဝမ်းနည်းစွာနှင့် ကျွန်ုပ် ကြေညာရမည်မှာ ယနေ့နံနက် ၁ဝ နာရီတွင် လက်နက် စွဲကိုင်သော လူတစ်စုက ဝန်ကြီးများ အစည်းအဝေး ပြုလုပ်နေစဉ် ဝင်ရောက် တိုက်ခိုက်ရာ ဦးအောင်ဆန်းနှင့် တကွ အခြား ဝန်ကြီး ငါးဦး သေဆုံးသွားကြောင်း -နောက်စကားတွေကို မကြားနိုင်တော့ချေ။ မောင်ပြုံးချိုရော ဧည့်သည်ပါ ဟင်ဟူသော အာမေဍိတ်များကို ရွတ်ဆိုလျက် နေရာမှ ငေါက်ခနဲ ထလိုက်ကြ လေသည်။ မောင်ပြုံးချိုသည် ထိုင်၍လည်း မနေနိုင်၊ ရပ်၍လည်း မနေနိုင်။ အိမ်ထဲတွင် လူးလာဆန်ခတ် နေလေသည်။ အသည်းနှလုံး တို့သည် တဆတ်ဆတ် ခါနေလေသည်။ ဘုရင်ခံ မင်းကြီး အင်္ဂလိပ် ဘာသာနှင့် ဆက်လက် ပြောဆို သွားသည်ကိုမှ သူ မကြားလိုက် တော့ချေ။
နောက်မှ သတိရ၍ ဧည့်သည်ရော မောင်ပြုံးချိုပါ ရေဒီယို ခုံအောက်တွင် ဆောင့်ကြောင့်ထိုင်၍ နားထောင်ကြလေသည်။ စိတ်နှလုံး ထိခိုက်လှသော သတင်း စကားများကို တိုတိုတုတ်တုတ် ကြေညာပြန်လေသည်။
အခြား သေဆုံးသူ များမှာ ဘဏ္ဍာရေး ဝန်ကြီး
သခင်မြ၊ အလုပ်သမား ဝန်ကြီး မန်းဘခိုင်၊ သတင်း ဖြန့်ချိရေးနှင့်
ဝါဒဖြန့်ဖြူးရေး ဌာနဝန်ကြီး ဒီးဒုတ် ဦးဘချို၊ ပညာရေး ဝန်ကြီး မစ္စတာ
အပ္ပဒူရာဇာတ်၊ ကူးသန်း ရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေး ဝန်ကြီး ဦးဘဝင်းတို့
ဖြစ်ကြောင်း။ မောင်ပြုံးချိုသည် ဆက်လက်၍ မကြားလိုတော့။ ထိုင်ရာမှ
ထပြန်လေသည်။ ထရာမှလည်း ပြန်၍ ထိုင်ပြန်လေသည်။ တင်မကြီးတို့ လူသိုက်လည်း
အိမ်ပေါ်မှ အပြေးအလွှား ဆင်းလာ ကြပြန်လေသည်။
ဘယ့်နဲ့ ဘယ်နဲ့ ဗိုလ်ချုပ် အသတ်ခံရတယ်လို့
ကြားလိုက်တယ်။ ဟုတ်ရဲ့လား။ တင်မကြီးက မောကြီးပန်းကြီးနှင့် မေးလေသည်။
သူသည် အိမ်ပေါ်မှ အသံကိုကြား၍ ဆင်းလာခဲ့ခြင်း ဖြစ်သည်။ သူ့နားကို သူမယုံ၊
အဝေးက ကြားရသူကို မဆိုထားနှင့်။ ဘုရင်ခံ မင်းကြီး ကြေညာချက်ကို ရေဒီယိုမှ
တပ်အပ်ကြား လိုက်ရသော မောင်ပြုံးချိုပင်လျှင် ဟုတ်မှ ဟုတ်ပါမည်လောဟု သံသယ
ဖြစ်နေသေးသည်။ မဟုတ်ပါစေနဲ့ ဟူ၍လည်း အတွင်းက ကြိတ် ဆုတောင်းမိသည်။ မှား၍
ကြေညာသော သတင်းဖြစ်ပါစေ ဟူ၍လည်း ဆုတောင်း မိသေးသည်။
''ဟုတ်တယ်ကွဲ့၊ ဗိုလ်ချုပ်နဲ့ ဝန်ကြီးငါးဦး အသတ်ခံ ရရှာပြီ''ဟု မောင်ပြုံးချိုသည် တုန်ရင်သော အသံဖြင့် ပြန်ဖြေလိုက်၏။
အမယ်လေး ရက်စက်ကြပါပေ့ဟု တင်မကြီးက ငိုသံပါကြီးနှင့် ရေရွတ်လေသည်။
ထိုသတင်း ပြီးသွားသော အခါ ဂီတသံကို
ရေဒီယိုမှ ဆက်လက် ကြားနေရပြန်ရာ ကဲ ပိတ်ထား လိုက်ပါတော့ဗျာ၊ ဒါတွေ
မကြားချင်ပါဘူးဟု ဧည့်သည်က ဆိုသည်။ မောင်ပြုံးချိုလည်း ချက်ချင်းထ၍
ပိတ်လိုက်လေသည်။ ပဇ္ဇုန်မိုး ကလည်း သဲသဲကြီး ရွာသွန်းဖြိုး နေလေသည်။
ဤသတင်းသည် တောမီးကဲ့သို့ မြို့အားလုံးကို
ပျံ့နှံ့သွားလေ၏။ မောင်ပြုံးချို၏ အိမ်သို့ လူအများ အလျှိုလျှို
ရောက်လာကြလေသည်။ ထိုသတင်းသည် မှန်ပါ၏လောဟု လာရောက် စုံစမ်းကြလေသည်။
မှန်ကြောင်း အဖြေကို ရရှိသောအခါ စုတ်သပ်ကြကုန်၏။ အကြံစုတ်ပဲ့ ပါပေရဲ့ဟု
မှတ်ချက်ချကုန်၏။ ''ရက်စက် ပါပေရဲ့''ဟုလည်း ဆိုကြကုန်၏။ ဗိုလ်ချုပ်
တစ်ဦးတည်း မဟုတ်သေး။ အခြား ဝန်ကြီးများလည်း ဗိုလ်ချုပ်နှင့် တစ်ပါတည်း
အသတ်ခံရကြောင်း ပြောသောအခါ အလိုလေး။ ဗမာပြည်ကြီးတော့ ဇာတ်မျောပါပြီ
ဟူ၍လည်းကောင်း၊ ခေါင်းဆောင်ကြီးတွေ အကုန်ချောကုန် ပါပကော ဟူ၍ လည်းကောင်း၊
ဝမ်းနည်း ပက်လက်နှင့် မြည်တမ်းကြ ကုန်၏။
သည်အကြောင်းကို ပြောရင်း၊ သည်အကြောင်းကို ဆွေးနွေးရင်း၊ သည်အကြောင်းကို ထင်မြင်ချက် ပေးရင်းနှင့်ပင် ညဥ့်နက် ရလေတော့သည်။
နံနက်မိုးလင်းလျှင် မောင်ပြုံးချို၏
စိတ်သည် ထိုင်းမှိုင်း တွေဝေလျက် ရှိ၏။ ညက ကောင်းကောင်း
အိပ်မပျော်သဖြင့်လည်း ခေါင်းတစ်ခုလုံး အုံ၍နေ၏။
တစ်ညလုံး သည်အကြောင်း တွေကိုသာ တွေးတော
နေမိသည်။ အိပ်လည်း သည်စိတ်၊ စားလည်းသည်စိတ်၊ အိပ်ပျော် နေလျှင်လည်း
အိပ်မက်ထဲတွင် သည်စိတ်၊ မည်သည့် အလုပ်ကိုမှလည်း လုပ်ကိုင်လိုစိတ် မရှိ။
တစ်ကိုယ်လုံးသည် လေးကန်လျက် ရှိလေတော့သည်။
သည်နေ့မှ ရွာတစ်ရွာသို့ အမတော်ကြေး ပေးရန်
ချိန်းဆိုထားပြီး ဖြစ်နေပြန်သည်။ လူပေါင်း နှစ်ရာခန့်ကို ချိန်းဆိုထားပြီး
ဤသတင်းဆိုးကြောင့် ပျက်ကွက် ရမည်ဆိုလျှင် အကြောင်း မဟုတ်သေး။
အမတော်ကြေး ပေးရမည့် အတွက်လည်း ရဲဘော်တွေ၊
နိုင်ငံရေး ခေါင်းဆောင်တွေ၊ လယ်သမားတွေ မြစ်ကမ်းပါးပေါ်တွင် စောင့်မျှော်
နေကြ သည်။ မော်တော်မှ ကမ်းကို မဆိုက်ရသေး၊ ဗိုလ်ချုပ် သေနတ်ပစ်
ခံရတယ်ဆိုတာ ဟုတ်ပါသလားဟု မေးကြသည်။ မောင်ပြုံးချိုက ချက်ချင်း
ပြန်မဖြေနိုင်၊ လည်ချောင်းတွေ တစ်ဆို့လျက် ရှိသည်။ ခေါင်းကိုသာ ညိတ်၍
ပြလိုက်သည်။ ကုန်းပေါ်သို့ ရောက်မှ ဗိုလ်ချုပ် တစ်ဦးတည်းသာ မဟုတ်၊
အခြားဝန်ကြီး ငါးဦးသည် ကွယ်လွန်လေပြီဟု ပြောလိုက်သော အခါ စုတ်တသပ်သပ်
ဖြစ်ကြကုန်သည်။ ရဲဘော်တစ်ဦး၏ ငိုရှိုက်သံကိုလည်း ကြားရလေသည်။
ဆူဆူညံညံနှင့်
အမတော်ကြေး ထုတ်ရန်ရောက်ရှိနေသော လယ်သမားများ ထိုသတင်းဆိုးကြောင့်
အငြိမ်ကြီး ငြိမ်သွား ကြလေသည်။ သူတို့သည် စကားကိုမျှ
ကျယ်ကျယ်မပြောကြတော့ချေ။ သူတို့သည် ဗိုလ်ချုပ်ကို ဓာတ်ပုံထဲတွင်သာ
မြင်ဖူးသူများ ဖြစ်ကြသည်။ ဗိုလ်ချုပ်စကား ပြောသည်ကိုလည်း သူတို့မကြားဖူး၊
သူတို့ နားလည်သည်ကား လွတ်လပ်ရေးသည် မကြုံစဖူး ထူးကဲသော အရသာနှင့်
ပြည့်စုံသည်။ ထိုလွတ်လပ်ရေး စခန်းသို့ ဗိုလ်ချုပ် အမှူးရှိသော ကွယ်လွန်သူ
ဝန်ကြီးများသည် သူတို့အား ပို့ဆောင်လျက် ရှိသည်ဟု ယုံကြည်သည်။ ယခုသော်
သူတို့အားထား မှီခိုရာ ခေါင်းဆောင်ကြီးများ ရက်စက်စွာ အသတ်ခံရသည် ဟူသော
သတင်းကြောင့် တုန်လှုပ် ချောက်ချားကုန်သည်။ ဝမ်းနည်း ကြေကွဲကုန်သည်။
အားငယ်ကုန်သည်။
မောင်ပြုံးချိုသည် ပြုဖွယ် ကိစ္စများ
ဆောင်ရွက်ပြီးနောက် ရုံးစိုက်ရာမြို့သို့ ချက်ချင်း ပြန်လာခဲ့လေသည်။
ထိုနေ့ည မောင်ပြုံးချို၏ အိမ်တွင်းရော၊ အိမ်ပြင်ပါ လူများ ပြည့်ကျပ်လျက်
ရှိလေသည်။ သူတို့သည် မကြားလိုသော သတင်းကိုပင် ထပ်မံ နားထောင်ရန် ရောက်ရှိ
နေကြပြန်လေသည်။
ယမန်နေ့က ဒဏ်ရာ ရရှိသွားသော တောင်တန်းနယ်
ဝန်ကြီး မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းသည် ရရှိသော ဒဏ်ရာနှင့်ပင်
ဆေးရုံကြီးတွင် ကွယ်လွန်ပြီ ဖြစ်ကြောင်း ဟူ၍ ရေဒီယိုမှ ကြေညာ ပြန်လေသည်။
ဤတွင် မကသေး အတွင်းဝန် ဦးအုံးမောင်နှင့် သက်တော်စောင့် မောင်ထွေးတို့ပါ
သေဆုံးကြကြောင်း ကြားရပြန်လေသည်။
မောင်ပြုံးချိုတို့၏ ရင်တို့သည်
ဆတ်ဆတ်ခါမျှ တုန်လှုပ် ပြန်လေသည်။နောက်တစ်နေ့တွင် ဗိုလ်ချုပ်တို့ ကျဆုံးသည့်
အတွက် ဝမ်းနည်းသော အထိမ်းအမှတ် အဖြစ်ဖြင့် လူထု အစည်းအဝေး ပွဲကြီးတစ်ရပ်
ကျင်းပကြသည်။ အစည်းအဝေး ကျင်းပသည့် နေရာမှာ ယာယီ ဇာတ်ရုံကြီး၏ အတွင်းတွင်
ဖြစ်သည်။ ဗိုလ်ချုပ်ရုပ်ပုံကြီးနှင့် တကွ ကျဆုံးသော အခြား
ခေါင်းဆောင်ကြီးများ၏ ပုံကို ရနိုင်သလောက် စုဆောင်း ရှာဖွေပြီးလျှင်
စင်မြင့်ပေါ်တွင် ချိတ်ဆွဲ ထားကြသည်။ အဖွဲ့အသီးသီး၏ လွမ်းသူ့ပန်းခွေ
များကိုလည်း ပုံကြီးများ၏ ရှေ့တွင် ချထားကြလေသည်။
အစည်းအဝေး ပွဲတွင် ဗိုလ်ချုပ်တို့အား
အလေးပြုခြင်း၊ ဝမ်းနည်းသော အထိမ်းအမှတ်နှင့် မိနစ် အနည်းငယ် ငြိမ်သက်စွာ
ရပ်တည်ခြင်း အစရှိသည် များကို ပြုလုပ်ကြသည်။ ပြီးလျှင် မြို့ပေါ်ရှိ
ခေါင်းဆောင် အသီးသီးက တစ်ယောက်တစ်လှည့် စကားထပြော ကြလေသည်။ ဗိုလ်ချုပ်နှင့်
တကွ ကျဆုံး လေပြီးသော ခေါင်းဆောင်ကြီးများကို မိမိတို့ သိသလောက်
တိုင်းပြည် အတွက် ဆောင်ရွက် ခဲ့ပုံများကို ချီးကျူး ပြောဆို ကြကုန်သည်။
ဂုဏ်ပြုကြသည်။ မောင်ပြုံးချိုကလည်း သူ့အလှည့် ရောက်သော် ထ၍
စကားပြောသည်။သူကလည်း သူသိသော ဗိုလ်ချုပ်အကြောင်းကို ပြောလေသည်။ သည်တွင်
မကသေး။ သူကအနည်းငယ် အတွန့်တက် လိုက်သေးသည်။
ကျွန်တော် နိဂုံးချုပ် အနေနဲ့
ပြောချင်တာကတော့ ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်လျှင် ဗိုလ်ချုပ်
မြတ်နိုးတဲ့ လွတ်လပ်ရေးကြီးကို အရယူ နိုင်အောင် ကြိုးစားကြဖို့ပဲ။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို လေးစားလျှင် သူမြတ်နိုးတဲ့ လွတ်လပ်ရေးကြီး
အဓွန့်ရှည်စွာ ခိုင်မြဲအောင် ထိန်းသိမ်းဖို့ပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး
ကျွန်တော်တို့ မြတ်စွာဘုရားကြီး ပရိနိဗ္ဗာန် စံခါနီးမယ် ညီတော် အာနန္ဒာကို
မိန့်ကြားပုံ ကလေး သတိရမိတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုတော့မယ်
ဆိုတာသိတော့ ညီတော် အာနန္ဒာက အလွန်ပူဆွေးပြီး ရှိုက်ကြီးတငင် ငိုကြွေးနေတာ
မြင်တဲ့အခါ မြတ်စွာ ဘုရားက ''ချစ်သား အာနန္ဒာ၊ ငိုကြွေး
မြည်တမ်းနေခြင်းဖြင့် ငါဘုရားကို ချစ်မြတ်နိုးသည် မမည်။
ငါဘုရားကို
တကယ်ချစ်ခင် မြတ်နိုးပါလျှင် ငါဘုရား မရှိသည့်နောက် ငါဘုရား ဟောကြားတော်
မူခဲ့သော တရားတော် အတိုင်း ကျင့်ကြံပါလေ''ဟု မိန့်ကြားတော် မူသတဲ့။
ဒီနေရာမှာလည်း ဗိုလ်ချုပ်ကို တမ်းတငိုကြွေး နေသည်ထက် ဗိုလ်ချုပ်ကို
တကယ်တမ်း ချစ်ခင်ရင် လူ့လမ်းစဉ် အတိုင်း လိုက်ပြီးလုပ်ကိုင်
ဆောင်ရွက်ကြဖို့ပဲ ရှိပါတော့တယ်ဟု ပြောလိုက်လေသည်။ ။
(ပညာရေး ဝန်ကြီးဌာန ကျောင်းသုံး စာအုပ်ကော်မတီမှ ထုတ်ဝေသော ပင်ရင်းစကားပြေ လက်ရွေးစင်မှ ကောက်နုတ် ဖော်ပြသည်။)
ရေးသားသူ- မျိုးအောင်(အငြိမ်းစား)
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီ။ ကောင်းကင်တစ်ခုလုံး မိုးသားတွေနဲ့ မည်းမှောင်နေတယ်။ မိုးကတော့ တဖွဲဖွဲရွာလိုက်၊ သည်းလိုက်။
အဖေ ဒီနေ့ရုံးမှာ အစည်းအဝေးရှိလို့ စောစောသွားတယ်။ အိမ်မှာ အမေနဲ့ ကျွန်တော်တို့ ကလေးတွေပဲရှိတယ်။ ခဏကြာတော့ တယ်လီဖုန်းသံကြားတယ်။ အစ်မကြီးက ဖုန်းကို နားထောင်တော့ “၀န်ကြီးရုံးခန်းကို ချောချောမောမောပြန်ရောက်ပါတ ယ်” လို့
ပြောပြီး ပြန်ချသွားတယ်။ အစ်မကြီးက အမေကိုပြောပြီး ရုံးကိုဖုန်းပြန်ဆက်တော့ ခေါ်လို့မရဘူး။ ဘာမှန်းမသိပေမယ့် တစ်ခုခုတော့
ဖြစ်ပြီလို့ စိတ်ထဲမှာ ထင့်သွားကြတယ်။
နေ့လယ်ကျမှ မျှော်လင့်မထားတဲ့ သတင်းဆိုးကြီးကို ကြားရတယ်။ ဗိုလ်ချုပ်ဆောင်ဆန်းနဲ့ ၀န်ကြီးအဖွဲ့လုပ်ကြံခံရတယ်တဲ့။
အဖေပါ၊ မပါ ချက်ချင်းမသိသေးဘူး။ နောက်မှ ရုံးကဖုန်းဆက်ပြောတယ်။
အဖေအသက်ဘေးမှ လွတ်ပေမယ့် ဗိုလ်ချုပ်နဲ့ သေဆုံးသူများအတွက် မဖော်ပြနိုင်တဲ့
ဝမ်းနည်းကြေကွဲမှုကို ခံစားရတယ်။
အဖေအိမ်ပြန်မရောက်ခင် ညနေကပင် လက်နက်ကိုင်ရဲတပ်သား အနည်းငယ် လုံခြုံရေးအတွက်ဆိုပြီး အိမ်ရောက်လာတယ်။ အဖေအိမ်ပြန်ရောက်တော့ အတော်ညဥ့်နက်နေပြီ။ အစ်မကြီးက အဖေကိုဖက်ပြီး ဗိုလ်ချုပ်ကောပါသလားလို့မေး တယ်။
ဗိုလ်ချုပ်ပါတယ်ပြောတော့ “ဖေဖေနိုင်ငံရေး မလုပ်ပါနဲ့တော့” လို့ဆိုပြီး
ငိုပြောတယ်။ အဖေက “သမီး.. ခုအချိန်ဟာ ပိုအရေးကြီးတယ်။တိုင်းပြည်မှာ
အာဏာလိုချင်တဲ့သူတွေက များနေတယ်။ ရှေးတုန်းကလို ရှင်ဘုရင်ကိုသတ်ရင်
ရှင်ဘုရင် ဖြစ်မယ်လို့ ထင်နေကြတယ်။ ရှေ့ဘာဖြစ်မလဲမသိသေးဘူး” လို့
ပြန်ပြောတယ်။ အဖေ့ကြည့်ရတာ စိတ်တွေမတည်ငြိမ်၊ အတော်လှုပ်ရှားနေပုံရတယ်။
ခုခေတ်ဆရာဝန်ကြီးတွေအဆိုရ (trauma) ဖြစ်တာပေါ့။ ဒီနေ့မနက်ပဲ အစည်းအဝေးမှာ
အတူထိုင်စကားပြောကြပြီး ချက်ချင်းကြီး မျက်စိရှေ့မှာ လုပ်ဖော်ကိုင်ဖက်တွေ
သွေးအရဲရဲနဲ့ သေဆုံးသွားတာမြင်ရတော့ စိတ်တွေချောက်ချားပြီး
သွေးလန့်နေမှာပေါ့။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီ။ ကောင်းကင်တစ်ခုလုံး မိုးသားတွေနဲ့ မည်းမှောင်နေတယ်။ မိုးကတော့ တဖွဲဖွဲရွာလိုက်၊ သည်းလိုက်။
အဖေ ဒီနေ့ရုံးမှာ အစည်းအဝေးရှိလို့ စောစောသွားတယ်။ အိမ်မှာ အမေနဲ့ ကျွန်တော်တို့ ကလေးတွေပဲရှိတယ်။ ခဏကြာတော့ တယ်လီဖုန်းသံကြားတယ်။ အစ်မကြီးက ဖုန်းကို နားထောင်တော့ “၀န်ကြီးရုံးခန်းကို ချောချောမောမောပြန်ရောက်ပါတ
ပြောပြီး ပြန်ချသွားတယ်။ အစ်မကြီးက အမေကိုပြောပြီး ရုံးကိုဖုန်းပြန်ဆက်တော့ ခေါ်လို့မရဘူး။ ဘာမှန်းမသိပေမယ့် တစ်ခုခုတော့
ဖြစ်ပြီလို့ စိတ်ထဲမှာ ထင့်သွားကြတယ်။
နေ့လယ်ကျမှ မျှော်လင့်မထားတဲ့ သတင်းဆိုးကြီးကို ကြားရတယ်။ ဗိုလ်ချုပ်ဆောင်ဆန်းနဲ့ ၀န်ကြီးအဖွဲ့လုပ်ကြံခံရတယ်တ
အဖေအိမ်ပြန်မရောက်ခင် ညနေကပင် လက်နက်ကိုင်ရဲတပ်သား အနည်းငယ် လုံခြုံရေးအတွက်ဆိုပြီး အိမ်ရောက်လာတယ်။ အဖေအိမ်ပြန်ရောက်တော့ အတော်ညဥ့်နက်နေပြီ။ အစ်မကြီးက အဖေကိုဖက်ပြီး ဗိုလ်ချုပ်ကောပါသလားလို့မေး
နောက်မှ အဖေက စိတ်ကိုထိန်းပြီး
မနက်ကဖြစ်စဉ်ကို ပြောပြတယ်။ အရင်တုန်းက ဘုရင်ခံရဲ့ အတိုင်ပင်ခံကောင်စီ
(Governor's Executive Council) အစည်းအဝေးကို အလုံလမ်းမှာရှိတဲ့
ဘုရင်ခံအိမ်တော် (မဆလခေတ် လွှတ်တော်ဝင်းရှိ ယခင်သမ္မတ အိမ်တော်)မှာလုပ်တယ်။
ဘုရင်ခံကိုယ်တိုင်လည်း ဥက္ကဋ္ဌအနေနဲ့ ထိုင်တယ်။ တကယ်တော့ ဘုရင်ခံနဲ့
ကောင်စီဆိုတာ ၀န်ကြီးအဖွဲ့ (Cabinet) ပါပဲ။
လွတ်လပ်ရေးရခါနီးတော့ ဘုရင်ခံက အစည်းအဝေးမတက် တော့ဘူး။ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကဦးဆောင်ပြီး အတွင်းဝန်များရုံး (Secretariate) (ယခင်ဝန်ကြီးများရုံး)မှာ တစ်ပတ်တစ်ကြိမ်လုပ်တယ်။ ပုံမှန်မှာ အစည်းအဝေးကို ဇူလိုင်လ ၁၆ ရက်မှာလုပ်ဖို့ စီစဉ်ထားပေမယ့် လွှတ်တော်အစည်းအဝေးနဲ့တိုက်ေ
နလို့ ၁၉ ရက် စနေနေ့ကိုရွှေ့ပြီး ခေါ်လိုက်တာဖြစ်တယ်။
အစည်းအဝေးလုပ်တဲ့ ခန်းမကြီးက (ဂ)ပုံသဏ္ဌာန် (U shape) ဖြစ်တယ်။ စားပွဲရဲ့ အလယ်တည့်တည့်မှာ ဗိုလ်ချုပ်ကထိုင်ပြီး စားပွဲရဲ့ ဘယ်ဘက်မှာ ၀န်ကြီးများအဖွဲ့ အတွင်းဝန်ဦးရွှေဘော် (ICS) ထိုင်တယ်။ နောက်ပြီး ၀န်ကြီးဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြနဲ့ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းတို့ ထိုင်ကြတယ်။ စားပွဲရဲ့ညာဘက် မှာ ၀န်ကြီးသခင်မြ၊ ဦးရာဇာတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘ၀င်းနဲ့ မန်းဘခိုင်တို့ အစဉ်အတိုင်းထိုင်ကြတယ်။ ဗိုလ်ချုပ်နဲ့ ၀န်ကြီးခြောက်ဦးပါတယ်။
အစည်းအဝေးက ၁၀ နာရီ ၁၀ မိနစ်လောက်မှာစတယ်။ နာရီဝက်ခန့်အကြာမှာ စစ်ဝတ်စုံဝတ်ထားတဲ့ သေနတ်ကိုင်လေးယောက်
ဆင်နားရွက်တံခါးကိုဖွင့်ပြီး
အစည်းအဝေးခန်းထဲကို ရုတ်တရက်ဝင်လာတယ်။ ရှေ့ဆုံးက ၀င်လာတဲ့ သေနတ်သမားက
(ဂ)ပုံစံစားပွဲ အလယ်မှာ ခြေစုံရပ်၊ နေရာယူပြီး ဗိုလ်ချုပ်အောင်ဆန်းကို
တည့်တည့်ချိန်စပစ်တယ်။ ဗိုလ်ချုပ်က ထိုင်ရာကထပြီး လက်ကာပြတယ်။ ပါးစပ်ကလည်း
တစ်ခုခုအော်ပြောတယ်။ အဲဒီအချိန်မှာ တခြားသေနတ်သမားတွေကပါ
မောင်းပြန်သေနတ်တွေနဲ့ တရစပ် ပစ်ခတ်နေတော့ သေနတ်သံကလွဲပြီး
ဘာသံမှမကြားရတော့ဘူး။ သေနတ်သမားတွေဟာ ဗိုလ်ချုပ်ကိုပစ်ပြီး ညာဘက်မှာရှိတဲ့
လူတွေဆီကို သဲသဲမဲမဲပစ်တယ်။ နောက်ဘယ်ဘက်ကလူတွေကို ဆက်ပစ်တယ်။
အစည်းအဝေးခန်းတစ်ခုလုံးဟာလည်း မီးခိုးတွေနဲ့ပြည့်နေတယ်။
အဲဒီအခိုက်အတန့်လေးမှာ ဗိုလ်ချုပ်ရဲ့ ဘယ်ဘက်မှာရှိတဲ့ အတွင်းဝန်ဦးရွှေဘော်နဲ့ ၀န်ကြီးပျော်ဘွယ်ဦးမြတို့ဟာ
ရုတ်တရက်ထပြီး ပြတင်းပေါက်ရှိရာကို ပြေး၊ ပြတင်းပေါက်ကိုကျော်၊
တံစက်မြိတ်အတိုင်း ကပ်ပြီးလျှောက်ပြီး ဦးရွှေဘော်ရုံးခန်းမှာ
ခေတ္တငြိမ်နေလိုက်တယ်။ တစ်ချိန်တည်းမှာ ၀န်ကြီးဦးဘဂျမ်းက
ထိုင်ရာမှကြမ်းပြင်ကို လှဲချလိုက်ပြီး သူနဲ့ကပ်ထိုင်နေတဲ့
ဝန်ကြီးဦးအောင်ဇံဝေရဲ့ လက်ကိုဆွဲချပြီး နှစ်ယောက်သား ကြမ်းပြင်မှာ
မှောက်နေလိုက်တယ်။ သေနတ်သမားများဟာ
မတ်တတ်ရပ် အားရပါးရပစ်ပြီးနောက် ဒူးထောက်လျက် စားပွဲများအောက်ရှိလူများကို ဝှေ့ရမ်းပစ်ခတ်လိုက်သေးတယ်။ ကျည်ဆည်တစ်တောင့်က ၀န်ကြီးဦးဘဂျမ်းရဲ့ ညာဘက်လက်သူကြွယ်ထိပ်ကို လာမှန်တယ်။ ဒါပေမဲ့ ကံကောင်းလို့ ဒဏ်ရာမပြင်းထန်ဘူး။
ဒီလေးယောက်ဟာ သတိရှိပြီး ကံကောင်းလွန်းလို့ အသက်ဘေးမှလွတ်မြောက်ခဲ့ကြတယ်။ ကျန်တဲ့ဗိုလ်ချုပ်နဲ့ ၀န်ကြီးခြောက် ယောက်ကတော့ အားလုံးသိတဲ့အတိုင်း နေရာမှာပင် ကျဆုံးခဲ့ရရှာတယ်။
အဖေက အတွင်းဝန် ဦးရွှေဘော်ရုံးခန်းရောက်တော့ 
အခြေအနေကိုစောင့်ပြီး ဘုရင်ခံဆီ တယ်လီဖုန်းဆက် သတင်းပို့တယ်။ အဲဒီတုန်းက
ဘုရင်ခံက Sir Hubert Rance ။ ဘုရင်ခံက ချက်ချင်း မော်တော်ကားနဲ့
လုံခြုံရေးပါထည့်လွှတ်လိုက်တ ယ်။ အဖေနဲ့ ၀န်ကြီးဦးအောင်ဇံဝေတို့ ဘုရင်ခံအိမ်လိုက်သွားတယ်။ ဟိုရောက်တော့ trauma ကြောင့်နှစ်ယောက်စလုံး စကားကောင်းကောင်းမပြောနိုင်
ကြဘူး။ ဘုရင်ခံက ရိပ်မိပြီး Cognac နဲ့ ဖန်ခွက်နှစ်ခွက်ချပေးတယ်။ နည်းနည်းစီသောက်ပြီးမှ နှစ်ယောက်သား ပြောနိုင်ဆိုနိုင်ဖြစ်လာတယ် ။ ဘုရင်ခံက တိုင်းပြည်အခြေအနေကို တည်ငြိမ်အောင် အစိုးရအဖွဲ့ အမြန်ဆုံးဖွဲ့ဖို့ ညွှန်ကြားတယ်။ အဖေက သခင်နုနဲ့တိုင်ပင်ပြီးလုပ်စ ရာကိစ္စတွေကို အမြန်ဆက်လုပ်ကြတယ်။
အဖေက လယ်ယာစိုက်ပျိုးရေးဝန်ကြီးပါ။
ဒါပေမဲ့ ၀န်ကြီးဦးကျော်ငြိမ်း ပြည်ပခရီးသွားနေလို့
ပြည်ထဲရေးဝန်ကြီးတာဝန်ကို ယူထားရတဲ့အချိန်ဖြစ်တယ်။ အဲဒီအချိန်က
ဗိုလ်တထောင်ရှိ စစ်လက်နက်ပစ္စည်းတပ်က လက်နက်တွေ ပျောက်တဲ့ကိစ္စကို
စုံစမ်းနေဆဲဖြစ်တယ်။ ရန်ကုန်မြို့မှာလည်း ဗိုလ်ချုပ်ကိုလုပ်ကြံမယ့် ကောလာဟလ
သတင်းတွေပြန့်နေတယ်။ ပုလိပ်မင်းကြီး ဦးအောင်ချိန်(ရဲချုပ်)က
ဂဠုန်ဦးစောနဲ့ပတ်သက်ပြီး မသင်္ကာဖွယ်သတင်းတွေ ရနေတယ်လို့ သတင်းပို့တယ်။
ဒါကြောင့် မှုခင်းရဲတပ်ဖွဲ့ကလည်း အေဒီလမ်းမှာရှိတဲ့ ဂဠုန်ဦးစောရဲ့
အိမ်အ၀င်အထွက်ကို စောင့်ကြည့်နေတယ်။
ဒါနဲ့ အဖေက ပြည်ထဲရေးဝန်ကြီးအနေနဲ့ ဗိုလ်ချုပ်လုံခြုံရေးအတွက် အတွင်းဝန်များရုံးဂိတ်မှာ လက်နက်ကိုင်ရဲတွေချထားလိုက် တယ်။
ယခင်က လုံခြုံရေးမထားဘူး။ ဒါပေမဲ့ ကံကြမ္မာကဖြစ်ချင်တော့ တစ်နေ့မှာ ဗိုလ်ချုပ်က အတွင်းဝန်ရုံး လုံခြုံရေးဂိတ်က လက်နက်ကိုင်ရဲတွေကို တွေ့သွားတယ်။ ဒါတွေဘယ်သူချထားတာလဲလို့မေး တော့ အပါးတော်မြဲ (P.A) ဗိုလ်ထွန်းလှက ပြည်ထဲရေးဝန်ကြီးပျော်ဘွယ်ဦးမြက လုံခြုံရေးအတွက် ချထားတာလို့ ပြောလိုက်တယ်။
ဒီတော့ ဗိုလ်ချုပ်က အဖေ့ကိုခေါ်ပြီး “ကျွန်တော့်ကို မုန်းရင် ကျွန်တော့်ကို သတ်လိမ့်မယ်။ ဦးမြကိုမုန်းရင် ဦးမြကိုသတ်လိမ့်မယ်။ တစ်ဖွဲ့လုံးတော့ သတ်မှာမဟုတ်ပါဘူး။ မလိုပါဘူး” လို့ ပြောတော့ အဖေကလက်နက်ကိုင် ရဲတွေကို ရုပ်ခိုင်းလိုက်တယ်။ ဗိုလ်ချုပ်က သူ့ကိုယ်သူယုံတယ်။ သူဟာ ပြည်သူအတွက်၊ လွတ်လပ်ရေးအတွက်၊ နေ့မအားညမနားလုပ်နေတဲ့လူ။
ငါ့လိုလူ သန့်သန့်ရှင်းရှင်း မတရားမလုပ်တဲ့သူကိုဘယ်သူက ဘာကြံမှာလဲ။ သူ့ကို မုန်းလို့ သတ်မယ့်သူမရှိလို့ ယုံကြည်တယ်။ သူ့အတွက် လုံခြုံရေးထားတာ လုံးဝမကြိုက်။ သူ့ကားပေါ်မှာ တပ်ကြပ်တစ်ယောက်သာ လိုက်ခွင့်ပြုတယ်။
လုံခြုံရေးနဲ့ပတ်သက်လို့ စစ်တပ်ကလည်း သတင်းတွေရလို့ ဗိုလ်မှူးစိန်မှန်က တပ်ရင်း(၆)က တပ်စုတစ်စုကို လုပ်ကြံမှုဖြစ်မယ့် ၁၉ ရက် နေ့လယ် ၂ နာရီမှာ ဂဠုန်ဦးစောအိမ်ကို ၀င်ရှာဖို့ အားလုံး အဆင်သင့်လုပ်ထားပြီးဖြစ်တယ် ။
ဒါပေမဲ့ ရန်သူကို လျှော့တွက်လို့ ရန်သူရဲ့ လက်ဦးမှုကို ခံလိုက်ရပြီး
ဗိုလ်ချုပ်နဲ့ ၀န်ကြီးများ အသက်ဆုံးရှုံးခဲ့ရတယ်။ အစိုးရအဖွဲ့ကို
လုပ်ကြံမယ်ဆိုတာနဲ့ ပတ်သက်လို့ သတင်းတွေ၊ ကောလာဟလတွေ ထွက်နေတာတော့
ကြားနေတယ်။ ဒါပေမဲ့ ဒီလောက်ရက်ရက်စက်စက် လုပ်လိမ့်မယ်၊
မြန်မြန်လုပ်လိမ့်မယ်လို့တော့ မထင်ကြဘူး။
နိုင်ငံတော်လုပ်ကြံမှုကြီးမှာ
ဥပစေဒကကံ မထိုက်လို့သေဘေးက လွတ်မြောက်ခဲ့သူ ပုဂ္ဂိုလ်လေးဦးရှိတယ်။
သူတို့ကတော့ (၁)၀န်ကြီး ဦးဘဂျမ်း၊ (၂)၀န်ကြီး ဦးအောင်ဇံဝေ၊ (၃) ၀န်ကြီး
ပျော်ဘွယ်ဦးမြ၊ (၄)အတွင်းဝန် ဦးရွှေဘော်တို့ဖြစ်တယ်။
သူတို့ဟာ အတိတ်ကံကောင်းလို့ သေနေ့မစေ့ သေဘေးမှလွတ်မြောက်ခဲ့ပေမယ့် သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များ သူတို့မျက်စိအောက်မှာ ကျဆုံးသွားတဲ့ အနိဋ္ဌာရုံမြင်ကွင်းကိုတော့ တစ်သက်မေ့ပျောက်မည်မဟုတ်ပါ။
နှစ်စဉ် အာဇာနည်နေ့ရောက်ရင် ပြည်သူအားလုံး ဗိုလ်ချုပ်ဆောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို
လွမ်းဆွတ် သတိရကြတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်နဲ့အတူ အစည်းအဝေးလုပ်နေပြီး
လုပ်ကြံမှုကြီးက လွတ်မြောက်၍ သေကံမရောက် သက်မပျောက်ခဲ့သူတွေအကြောင်း သိသူနည်းပါလိမ့်မယ်။ ဒါကြောင့် ဒီဆောင်းပါးကိုရေးပြီး မျှဝေလိုက်ပါတယ်။
(၀န်ကြီးပျော်ဘွယ်ဦးမြသည် ၁၉၅၃ခုနှစ်၊ ဒီဇင်ဘာ၁၄ရက်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားပြီး ဆောင်းပါးရှင် မျိုးအောင်သည် ပျော်ဘွယ်ဦးမြ၏ ဆဋ္ဌမမြောက်သားဖြစ်သည်။)
ကျွန်တော်လေးယောက် ၀ိုင်းပြီး ဖဲထိုင်ရိုက်နေကြတယ်..။ အန်တီတို့ကလည်း ကျွန်တော်တို့ဘေးမှာ ငူငူကြီး ထိုင်နေကြတယ်..။ ည (၁း၀၀) နာရီလောက်လည်း ရောက်ရော… အန်တီက..
"အမလေး..အမလေး…သမီး…သမီး…."
ဆိုပြီး ခြံတံခါးဝကို ပြေးထွက်သွားတယ်…။ ကျွန်တော်တို့လည်း ပြေးလိုက်သွားရတာပေါ့..။ ဘာဖြစ်လို့လဲ ဘာညာမေးတော့ ကောင်မလေးကို ခြံဝမှာတွေ့လိုက်တယ်တဲ့..၊ အိမ်ထဲကို အတင်းဝင်ချင်နေတာ ၀င်လို့ မရဖြစ်နေပုံပဲတဲ့..။ ကျွန်တော် နည်းနည်းတော့ ကြောက်သွားတယ်..။ ကိုယ်က ကြောက်နေရင် တခြားသူတွေ ပိုဆိုးနေမှာဆိုးတာနဲ့..
"သြော်..အန်တီရယ်.. အန်တီက ငိုထားလွန်းလို့ မျက်လုံးမို့ပြီး ထင်ယောင်ထင်မှား ဖြစ်တာပါ…" ဆိုပြီး နှစ်သိမ့်ပြီး အိမ်ထဲ ပြန်ခေါ်လာခဲ့တယ်..။
ဒီလိုနဲ့ ကျွန်တော်တို့ ဖဲဆက်ရိုက်ဖြစ်တယ်..။ ကျွန်တော့်စိတ်က ဖဲဝိုင်းထဲမှာ မရှိဘူး..။ ခြံတံခါးဝကိုပဲ ရောက်နေတယ်..။ ခဏကြာတော့ ခြံတံခါးဝကို ဖျတ်ခနဲ ကြည့်လိုက်တော့ လားး လားးး… ကောင်မလေးဗျို့… ခြံတံခါးဝဖွင့်နေတာ.. ဒါပေမယ့် ချက်ချင်းပဲ ..ကျွန်တော့်မြင်ကွင်းထဲကနေ
ပြန်ပျောက်သွားတယ်..။
ကျွန်တော် ဝေခွဲမရဖြစ်နေတုန်းမှာ အန်တီက တစ်ခါ ပြေးဆင်းသွားပြီး ခြံတံခါးကို ဆွဲဖွင့်လိုက်တယ်..။
ပြီးတော့ "သမီး… လာ….လာ…. အိမ်ထဲဝင်… "
ဆိုပြီး လူတစ်ယောက်ကို လက်ဆွဲခေါ်လာတဲ့ပုံစံမျိုးနဲ့ 
ခြံထဲပြန်ခေါ်လာတယ်..။ တစ်ကယ်တော့ ဘာမှ မရှိဘူးဗျ…။ ပြီးတော့
ကျွန်တော့်ဘေးနားမှာ ထိုင်ခိုင်းလိုက်တယ်..။ ကြမ်းခင်းသံ တကျွီကျွီနဲ့
မြည်သွားတယ်..။ ပြီးတော့ ကျွန်တော့်နားမှာ အနံ့ဆိုးကြီး တစ်ခုကို ကျွန်တော်
ရလိုက်တယ်..။ ကျွန်တော် သိလိုက်ပြီ..။ ကောင် မလေး ကျွန်တော့်နားမှာ
ဝင်ထိုင်နေလေပြီ..။
အန်တီကတော့ ဘယ်သူမှမရှိတဲ့ ကျွန်တော့်ဘေးကနေရာကိုကြည့် ပြီး
တတွတ်တွတ်ပြောနေတယ်..။ ဦးလေး ကလည်း ကြောက်လွန်းလို့ အသံတောင် မထွက်နိုင်ပဲ
ကျွန်တော်တို့ သူငယ်ချင်း ငါးယောက်လုံးကတော့ ကြောင်ပြီး ကြည့်နေမိ
ကြတယ်..။ အဆိုးဆုံးကတော့ ကျွန်တော်ပေါ့..။ သူ ကျွန်တော့်ဘေးနားမှာ
တစ်ကယ်ထိုင် နေတာ ကျွန်တော်သိတယ်..။ ပြင်းထန် ဆိုးဝါးတဲ့ အပုပ်နဲ့ကို
ရှုရှိုက်ရင်း ကျွန်တော့် ကြောက်စိတ်က ငယ်ထိပ် ကိုရောက်နေတယ်..။ ကျွန်တော်
နဖူးကချွေးတွေ တဒီးဒီး မျက်နှာပေါ်စီးကျနေတာကို သိပေမယ့် သုတ်ပစ်ဖို့
မပြောနဲ့ လူကို မလှုပ်ရဲဘဲ အသက်ကိုတောင် ဖြည်းဖြည်းချင်း ရှုနေလိုက်တယ်…။
ခဏကြာတော့ အန်တီက.. "သမီး.. ဘယ်သွားမလို့လဲ.." ဆိုပြီး မေးလိုက်တယ်..။ ကြမ်းခင်း တကျွီကျွီ မြည်သံကို ကြားလိုက်ရပြန်တယ်.. ကျွန်တော်ပျော်သွားတယ်.. ဟုတ်တယ်လေ.. သူ့ဟာသူ သွားချင်တဲ့နေရာသွား ကျွန်တော့်နား ရှိမနေရင် ပြီးရောလေ..။
အန်တီက သူ့သမီးသွားတဲ့နေရာကို လိုက်ကြည့်နေတယ်ထင်တယ်.။ သူ့မျက်လုံးက ရွှေ့လျားနေတယ်..။ ခဏကြာတော့ အန်တီ့အကြည့်က ကျွန်တော့် တည့်တည့်မှာ..။ အောင်မလေး…… ကောင်မလေး ကျွန်တော့် နောက်ကျောမှာ ရပ်နေပီ…။
"သမီး…ဘာလုပ်မလို့လဲ… အဲ့လို မလုပ်ရဘူးလေ..သမီး..အဲ့ဒါ သမီးရဲ့ သူငယ်ချင်းလေ.." အန်တီက ထိတ်လန့်စွာနဲ့ အော်ပြောလိုက်တယ်..။
ကျွန်တော် လည်း မျက်စိမှိတ်နေလိုက်ပြီး ရသမျှ ဘုရားစာတွေ စိတ်ထဲကနေ ရွတ်ဆိုနေလိုက်တယ်..။ ဟိုသကောင့်သားလေးကောင်နဲ့ ဦးလေးဆီကလည်း ဘာသံမှ မကြား…။ အကုန်လုံး ကြောက်ပြီး ကြောင်တောင်တောင် ဖြစ်ကုန်ကြပီထင်တာပဲ..။
"သမီး.. အဲ့လို မလုပ်နဲ့လို့ အမေ..ပြောနေတယ်နော်…အမေ့စကားနားထောင်စမ်း.."
ကျွန်တော်ကတော့ ဘာဆက်ဖြစ်မလဲ ကျွန်တော် ဆက်မတွေးတော့ဘူး..။ ကိုယ့်ကိုယ်ကို သေလူလို့ သတ်မှတ်ပြီး ဖြစ်ချင်ရာဖြစ် သဘောထားကာ ကောင်မလေးရဲ့ မျက်နှာကို မြင်ယောင်ပြီး စိတ်ထဲကနေ မေတ္တာပို့ပေးလိုက်တယ်…။
ကောင်မလေး ကောင်းရာမွန်ရာ ဘ၀ကို ရောက်ပါစေ…
ခဏကြာတော့… ကျွန်တော် အသက်ရှုကြပ်သလို ခံစားလာရတယ်..။ ပတ်ဝန်းကျင်ကို ဘာမှ သဲသဲ ကွဲကွဲ မမြင်ရတော့ဘူး..။ အဲ့နောက်.. ကျွန်တော် ဘာမှ မသိတော့ဘူး…။
ကျွန်တော် ပြန်သတိရလာတော့ အိမ်ရောက်နေပြီ..။ ကျွန်တော်က ကုတင်ပေါ်မှာ.. ကုတင်ဘေး ပတ်ပတ်လည် မှာ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ကျွန်တော့် မိသားစုကို တွေ့လိုက်ရတယ်..။
"အမေ..သားဘာဖြစ်သွားတာလဲ.."
"သားမနေ့ညက သရဲဝင်ပူးခံရတာလေ…"
"ဗျာ…ကောင်မလေး ၀င်ပူးတာလား.."
"ဟုတ်တယ် ဟရောင်.. ကောင်မလေးက မင်းကိုဝင်ပူးပြီး ငါတို့လေးယောက်ကို တံမြက်စည်း ဆွဲပြီး လိုက်ရိုက်တာဟေ့… ပြေးလိုက်ရတာကို မပြောနဲ့တော့..။ နောက်ပြီး မင်းပါးစပ်ကလည်း ပြောသေးတယ်…. သေနာကောင်တွေ… ငါ့ကို စချင်အုံးတဲ့.."
ကျွန်တော်တို့ နောက်ပိုင်း ကောင်မလေးအိမ်ကို မသွားဖြစ်ခဲ့ပါ..။ မသွားရဲတာကြောင့်လည်းပါသည်။
ရက်လည် တဲ့ရက်အထိ အားလုံးအေးအေးဆေးဆေး ပြီးသွားတယ်လို့ ကြားရတော့
စိတ်ထဲမှာ တစ်ကယ်ပဲ ကောင်မလေး အတွက် ၀မ်းသာမိသည်…။ ငါတို့
ချစ်တဲ့ကောင်မလေးရေ…မင်းလေး ကောင်းရာသုဂတိ လားပါစေကွာ…။
တစ်နေ့မှာပေါ့... အလွန်ဆင်းရဲတဲ့ကောင်လေးတစ်ေ ယာက်ဟာ ကျောင်းစရိတ်ရဖို့အတွက် တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ ကုန်ပစ္စည်းတွေလိုက်ရောင်းနေ ခဲ့ပါတယ်...
သူ့လက်ထဲမှာ ပစ္စည်းတစ်ခုပဲ ကျန်ပြီး ဗိုက်ကလည်း အရမ်းဆာနေပါတယ်...
နောက်တစ်အိမ်ရောက်ရင် တစ်ခုခုတောင်းစားဖို့ သူဆုံးဖြတ်ထားပါတယ်...
ဒါပေမဲ့ တံခါးဖွင့်လာတဲ့ ချစ်စရာမိန်းမပျိုလေးကို မြင်လိုက်တဲ့အခါမှာတော့ သူရှက်သွားပါတယ်... ဒါကြောင့် စားစရာတောင်းစားမယ့်အစား ရေတစ်ခွက်ပဲ သူတောင်းသောက်လိုက်ပါတယ်... သူ့ပုံစံက အရမ်းဆာနေမှန်းသိသာတော့ မိန်းကလေးက နွားနို့ခွက်ကြီးတစ်ခွက်ယူလာပြီး တိုက်ပါတယ်...
သူက ဖြည်းဖြည်းချင်းသောက်ပြီးမေးလိုက်တယ်... "ကျွန်တော် ခင်ဗျားအပေါ် ဘယ်လောက် အကြွေးတင်သွားပြီလဲ..."
"ရှင်ဘာမှ ပြန်ပေးစရာမလိုပါဘူး..." မိန်းကလေးက ပြန်ပြောတယ်... "မေမေက ကျွန်မတို့ကို မေတ္တာနဲ့ကူညီပြီးရင် ဘာမှပြန်မယူရဘူးလို့ သင်ထားတယ်ရှင့်..."
သူကပြောတယ်... "ဒီလိုဆိုရင်လည်း ရင်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင် ပါတယ်ဗျာ..."
နှစ်ပေါင်းများစွာကြာတဲ့တစ် နေ့မှာ မိန်းကလေးဟာ အသည်းအသန်နေမကောင်းဖြစ်ပါတော့တယ်... သူမတို့မြို့ကဆရာဝန်တွေဟာ သူမကိုဘယ်လိုကုရမှန်းမသိလော က်အောင်
အခြေအနေဆိုးလာခဲ့ပါတယ်... နောက်ဆုံးတော့ တွေ့ရခဲတဲ့ သူမရောဂါကို
အထူးပြုကုသနိုင်တယ့် အထူးကုဆရာဝန်ကြီးတွေရှိတဲ့ မြို့ကြီးကို
ပို့လိုက်ကြပါတယ်...
အထူးကုဆရာဝန်ကြီးဟာ လူနာရောဂါကုသဖို့အတွက် ဆွေးနွေး တိုင်ပင်တဲ့ နေရာကို ရောက်ရှိလာပါတယ်... သူမလာခဲ့တဲ့ မြို့နာမည်ကိုကြားလိုက်တဲ့အ ခါ သူ့မျက်လုံးတွေမှာ ထူးခြားတဲ့အရိပ်အရောင်တွေ ပြည့်နှက်သွားတယ်...
သူကချက်ချင်းထရပ်လိုက်ပြီး ဆေးရုံခန်းမကြီးထဲကနေ သူမရဲ့အခန်းဆီကို ထွက်သွားတယ်... သူမကိုကြည့်ဖို့အတွက် ဆရာဝန်ဝတ်ရုံကို ကောက်ဝတ်ပြီး အခန်းထဲဝင်လိုက်တယ်...
သူမကိုမြင်တာနဲ့ သူချက်ချင်းမှတ်မိလိုက်တယ်. .. သူမအသက်ကို ကယ်နိုင်ဖို့ အကောင်းဆုံးကြိုးစားမယ်လို့ သူဆုံးဖြတ်လိုက်တယ်... အဲ့ဒီနေ့ကစပြီး သူမရဲ့ရောဂါကို အစွမ်းကုန်ကြိုးစားကုသပါတော့ တယ်...
အချိန်ကာလအတန်ကြာ ရုန်းကန်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့တိုက်ပွဲ အောင်မြင်သွားခဲ့ပါတယ်... ဆေးရုံရုံးခန်းကနေ လူနာအတွက်ကုန်ကျငွေစာရင်းကို အထူးကုဆရာဝန်ကြီးက တောင်းယူ လိုက်တယ်... ငွေစာရင်းကိုတစ်ချက်ကြည့်ကာ စာရွက်ထောင့်မှာ တစ်စုံတစ်ခုကိုချရေးပြီး သူမအခန်းကို သွားပို့ခိုင်းလိုက်တယ်...
သူမက ငွေစာရင်းကို ဖွင့်မကြည့်ရဲဘူး... ဒီလောက်ငွေပမာဏကို ပြန်ပေးဆပ်နိုင်ဖို့ သူမရဲ့ ကျန်တဲ့သက်တမ်းတစ်လျှောက်လုံး ကြိုးစားသွားရမယ်ဆိုတာကို သူမသိနေခဲ့တယ်လေ...
နောက်ဆုံးတော့ သူမဖွင့်ကြည့်လိုက်တယ်... ငွေစာရင်းစာရွက်ရဲ့ ထောင့်တစ်နေရာက တစ်စုံတစ်ခုဟာ သူမကို ဖမ်းစားသွားခဲ့ပါတယ်... စာလုံးလေးတွေကို သူမ စပြီး ဖတ်လိုက်တယ်...
"နွားနို့တစ်ခွက်ဖြင့် အပြည့်အဝပေးချေပြီး"
-------------------------- -------------------------- ------------
Ref: KKPatidar
နှိုင်းရင့်နွေမှတင်ဆက်သည်.. .
လွတ်လပ်ရေးရခါနီးတော့ ဘုရင်ခံက အစည်းအဝေးမတက် တော့ဘူး။ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကဦးဆောင်ပြီး အတွင်းဝန်များရုံး (Secretariate) (ယခင်ဝန်ကြီးများရုံး)မှာ တစ်ပတ်တစ်ကြိမ်လုပ်တယ်။ ပုံမှန်မှာ အစည်းအဝေးကို ဇူလိုင်လ ၁၆ ရက်မှာလုပ်ဖို့ စီစဉ်ထားပေမယ့် လွှတ်တော်အစည်းအဝေးနဲ့တိုက်ေ
အစည်းအဝေးလုပ်တဲ့ ခန်းမကြီးက (ဂ)ပုံသဏ္ဌာန် (U shape) ဖြစ်တယ်။ စားပွဲရဲ့ အလယ်တည့်တည့်မှာ ဗိုလ်ချုပ်ကထိုင်ပြီး စားပွဲရဲ့ ဘယ်ဘက်မှာ ၀န်ကြီးများအဖွဲ့ အတွင်းဝန်ဦးရွှေဘော် (ICS) ထိုင်တယ်။ နောက်ပြီး ၀န်ကြီးဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြနဲ့ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းတို့ ထိုင်ကြတယ်။ စားပွဲရဲ့ညာဘက် မှာ ၀န်ကြီးသခင်မြ၊ ဦးရာဇာတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘ၀င်းနဲ့ မန်းဘခိုင်တို့ အစဉ်အတိုင်းထိုင်ကြတယ်။ ဗိုလ်ချုပ်နဲ့ ၀န်ကြီးခြောက်ဦးပါတယ်။
အစည်းအဝေးက ၁၀ နာရီ ၁၀ မိနစ်လောက်မှာစတယ်။ နာရီဝက်ခန့်အကြာမှာ စစ်ဝတ်စုံဝတ်ထားတဲ့ သေနတ်ကိုင်လေးယောက်
ဆင်နားရွက်တံခါးကိုဖွင့်ပြီ
အဲဒီအခိုက်အတန့်လေးမှာ ဗိုလ်ချုပ်ရဲ့ ဘယ်ဘက်မှာရှိတဲ့ အတွင်းဝန်ဦးရွှေဘော်နဲ့ ၀န်ကြီးပျော်ဘွယ်ဦးမြတို့ဟ
မတ်တတ်ရပ် အားရပါးရပစ်ပြီးနောက် ဒူးထောက်လျက် စားပွဲများအောက်ရှိလူများကိ
ဒီလေးယောက်ဟာ သတိရှိပြီး ကံကောင်းလွန်းလို့ အသက်ဘေးမှလွတ်မြောက်ခဲ့ကြတယ
အဖေက အတွင်းဝန် ဦးရွှေဘော်ရုံးခန်းရောက်တော
ကြဘူး။ ဘုရင်ခံက ရိပ်မိပြီး Cognac နဲ့ ဖန်ခွက်နှစ်ခွက်ချပေးတယ်။ နည်းနည်းစီသောက်ပြီးမှ နှစ်ယောက်သား ပြောနိုင်ဆိုနိုင်ဖြစ်လာတယ်
အဖေက လယ်ယာစိုက်ပျိုးရေးဝန်ကြီးပ
ဒါနဲ့ အဖေက ပြည်ထဲရေးဝန်ကြီးအနေနဲ့ ဗိုလ်ချုပ်လုံခြုံရေးအတွက် အတွင်းဝန်များရုံးဂိတ်မှာ လက်နက်ကိုင်ရဲတွေချထားလိုက်
ယခင်က လုံခြုံရေးမထားဘူး။ ဒါပေမဲ့ ကံကြမ္မာကဖြစ်ချင်တော့ တစ်နေ့မှာ ဗိုလ်ချုပ်က အတွင်းဝန်ရုံး လုံခြုံရေးဂိတ်က လက်နက်ကိုင်ရဲတွေကို တွေ့သွားတယ်။ ဒါတွေဘယ်သူချထားတာလဲလို့မေး
ဒီတော့ ဗိုလ်ချုပ်က အဖေ့ကိုခေါ်ပြီး “ကျွန်တော့်ကို မုန်းရင် ကျွန်တော့်ကို သတ်လိမ့်မယ်။ ဦးမြကိုမုန်းရင် ဦးမြကိုသတ်လိမ့်မယ်။ တစ်ဖွဲ့လုံးတော့ သတ်မှာမဟုတ်ပါဘူး။ မလိုပါဘူး” လို့ ပြောတော့ အဖေကလက်နက်ကိုင် ရဲတွေကို ရုပ်ခိုင်းလိုက်တယ်။ ဗိုလ်ချုပ်က သူ့ကိုယ်သူယုံတယ်။ သူဟာ ပြည်သူအတွက်၊ လွတ်လပ်ရေးအတွက်၊ နေ့မအားညမနားလုပ်နေတဲ့လူ။
ငါ့လိုလူ သန့်သန့်ရှင်းရှင်း မတရားမလုပ်တဲ့သူကိုဘယ်သူက ဘာကြံမှာလဲ။ သူ့ကို မုန်းလို့ သတ်မယ့်သူမရှိလို့ ယုံကြည်တယ်။ သူ့အတွက် လုံခြုံရေးထားတာ လုံးဝမကြိုက်။ သူ့ကားပေါ်မှာ တပ်ကြပ်တစ်ယောက်သာ လိုက်ခွင့်ပြုတယ်။
လုံခြုံရေးနဲ့ပတ်သက်လို့ စစ်တပ်ကလည်း သတင်းတွေရလို့ ဗိုလ်မှူးစိန်မှန်က တပ်ရင်း(၆)က တပ်စုတစ်စုကို လုပ်ကြံမှုဖြစ်မယ့် ၁၉ ရက် နေ့လယ် ၂ နာရီမှာ ဂဠုန်ဦးစောအိမ်ကို ၀င်ရှာဖို့ အားလုံး အဆင်သင့်လုပ်ထားပြီးဖြစ်တယ်
နိုင်ငံတော်လုပ်ကြံမှုကြီးမှ
သူတို့ဟာ အတိတ်ကံကောင်းလို့ သေနေ့မစေ့ သေဘေးမှလွတ်မြောက်ခဲ့ပေမယ့်
နှစ်စဉ် အာဇာနည်နေ့ရောက်ရင် ပြည်သူအားလုံး ဗိုလ်ချုပ်ဆောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေက
(၀န်ကြီးပျော်ဘွယ်ဦးမြသည် ၁၉၅၃ခုနှစ်၊ ဒီဇင်ဘာ၁၄ရက်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားပြီး ဆောင်းပါးရှင် မျိုးအောင်သည် ပျော်ဘွယ်ဦးမြ၏ ဆဋ္ဌမမြောက်သားဖြစ်သည်။)
ကျွန်တော် အင်္ဂလန်မှာနေတုန်းက ထူးဆန်းတဲ့နာမည်နဲ့ ဆိုင်တစ်ဆိုင်ကို
တွေ့ခဲ့တယ်။ ဆိုင်နာမည်က “သူကြွယ်နှင့် သူတောင်းစား” ဖြစ်တယ်။ ဒါဟာ
ကျွန်တော့်ကို စိတ်ဝင်စားမှုဖြစ်စေတဲ့ ကျွန်တော်ပထမဆုံးအကြိမ်တွေ့ ဖူးတဲ့ အရာပါ။ ဆိုင်အပြင်အဆင်က ရှေးကျပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝဝ က အင်္ဂလန်ကို ပြန်ရောက်သွားသလို ခံစားရအောင် ခေတ်နောက်ပြန်ဆွဲ ပြင်ဆင်ထားပါတယ်။
ဆိုင်အဝင်ဝ ကောင်တာပေါ်မှာ အလှူခံသေတ္တာလေး တစ်လုံးချထားပါတယ်။ သေတ္တာပေါ်မှာ ဆိုမားရီးယား(Somalia)အတွက် လို့ရေးထားပြီး
ဘေးမှာ လူမကြည့်ရက်တဲ့ အငတ်ဘေးကြုံ လူတွေရဲ့ပိုစတာပုံတစ်ခု ကပ်ထားပါတယ်။
စားသောက်ဆိုင်မှာ ဒီလိုပိုစတာကပ်ထားတာ နည်းနည်းတော့
အမြင်မကောင်းဘူးလို့ထင်ပြီး ဆိုင်ထဲကို ကျွန်တော် အမြန်ဝင်ထိုင်လိုက်ပါတယ်။ ဆိတ်ပေါင်နှပ်နဲ့ ၀ိုင်တစ်ခွက်မှာပြီး ကျွန်တော်ထိုင်စောင့်နေလိုက်တယ်။
အဲလိုစောင့်နေတဲ့ အချိန်အတွင်း ဒီဆိုင်နာမည်ကို ဘာဖြစ်လို့ “သူကြွယ်နဲ့
သူတောင်စား” လို့ ပေးထားရသလဲဆိုတဲ့ ကျွန်တော်ရဲ့သိလိုစိတ်က နှိုးထလာပြန်တယ်။
ဆိုင်ရှင်က ကျွန်တော့်ကို စိတ်ဝင်စားစရာပုံပြင်တစ်ပုဒ်
ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်၁ဝဝ ကျော်လောက်က ဒီနေရာတစ်ဝိုက်လုံးကို
မြို့စားကြီးတစ်ဦး ပိုင်ဆိုင်ခဲ့တဲ့အကြောင်း၊ မြို့စားကြီးဟာ
အသက်(၆ဝ)ပြည့် မွေးနေ့မတိုင်မီတစ်ရက်မှာ ပန်းချီဆရာတစ်ဦးရှာပြီး
သူ့အိမ်နဲ့ မိသားစုအားလုံးကို ပုံဆွဲခိုင်းစေခဲ့တဲ့အကြောင်း၊
ပုံကို ဒီဆိုင်ထဲမှာ ချိတ်ဆွဲထားတဲ့အကြောင်း ပြောပြတယ်။ ပုံကို
ကျွန်တော်တွေ့တော့ ပုံထဲက သူဌေးလင်မယားက ဥပဓိရုပ်ခန့်ခန့်နဲ့
သားသားနားနားပါပဲ။ သူ့သားသမီးတွေက အိမ်ရှေ့ မြက်ခင်းပေါ်မှာ ထိုင်သူ ထိုင်၊
ရပ်သူ ရပ်၊ ကစားသူ ကစားနဲ့ ပန်းချီကားထဲက ရှုခင်းက တကယ့်ပျော်စရာအတိနဲ့
ဆွဲထားပါတယ်။
မွေးနေ့ပြီးတော့ မကြာဘူး.. မြို့စားပိုင်နက်ထဲမှာ ဝမ်းနည်းစရာ အဖြစ်တစ်ရပ်ပေါ်လာခဲ့တယ်။ လယ်သမားတစ်ဦးသေသွားတော့ ကျန်ခဲ့တဲ့ မကျန်းမမာ ဇနီးဖြစ်သူက ကလေး(၄)ယောက်နဲ့အတူ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ပါတယ်။ သနားစရာကောင်းတာက လယ်သမားဇနီးဟာ ကလေးတွေစားမယ့်အစာထဲ အဆိပ်အရင်ခတ်ပြီး ကလေးတွေ သေသွားတာကို ကြည့်ပြီးမှ ကိုယ့်ကိုယ် အဆုံးစီရင်လိုက်တာဖြစ်တယ်။
အဲဒီအဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်း မြို့စားဟာ ပန်းချီကားချပ်ကိုပဲ ငေးစိုက် ကြည့်နေတော့တယ်။ ဘာကြောင့်လဲလို့ လူတွေကမေးတော့ မြို့စားက မဖြေခဲ့ဘူး။ စိတ်ပူပြီး အတင်းမေးမှ ပန်းချီကားချပ်ထဲမှာ သူတောင်းစားနှစ်ယောက်ကို တွေ့မိတဲ့အကြောင်း၊ မြက်ခင်းပြင်မှာထိုင်ပြီး သူတို့ဆီ လက်ဖြန့်တောင်းနေတဲ့အကြောင်း၊
ဒါကို သူ့အိမ်သားတွေက မမြင်ချင်ဟန်ဆောင်ပြီး လျစ်လျူရှုထားတဲ့အကြောင်း
ပြောပြပါတယ်။ ပန်းချီကားထဲက သူတောင်းစားနှစ်ယောက်ကို ဘာဖြစ်လို့ အရင်က သူ
သတိမပြုခဲ့မိတာလဲဆိုတာကို မြို့စားကြီးက နားမလည်ခဲ့ဘူး။
ပန်းချီကားထဲက သူတောင်းစားနှစ်ယောက်ကို သူ့အိမ်သားတွေကလည်း မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် သူတို့ ငြင်းခုန်မနေကြဘူး။ တစ်နေ့မှာ မြို့စားက အိမ်သားအားလုံးကို သူ့စာကြည့်ခန်းမှာ စုဝေးစေပြီး စကားတချို့မှာခဲ့တယ်။ အဲဒီစကားကို သားစဉ်မြေးဆက် မှတ်သားထားရမယ်လို့လဲ ပြောတယ်။ မြို့စားပြောလိုက်တဲ့စကားက ရိုးရိုးလေးပါပဲ “သေးငယ်တဲ့ နယ်နိမိတ်အတွင်းမှာ သူကြွယ်နဲ့သူတောင်းစား အတူတကွရှိနေတာဟာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ ” ဆိုတာဖြစ်တယ်။
မြို့စားရဲ့သားစဉ်မြေးဆက်တွေကလည်း
တော်ရှာပါတယ်။ သူတို့ဟာ စီးပွားရေး နယ်ပယ်မှာ အောင်မြင်သလို အားနည်းတဲ့
လူ့အဖွဲ့အစည်းကိုလည်း အမြဲတမ်း ကူညီခဲ့တယ်။ ဆိုင်ရှင်ရဲ့ ပြောပြချက်အရ
အင်္ဂလန်မှာရှိတဲ့ မရှိဆင်းရဲသားတွေကို ကူညီစောင့်ရှောက်တဲ့စနစ်ကို မြို့စားကြီးရဲ့မျိုးဆက်ထဲက လူတစ်ဦးက လွှတ်တော်အစည်းအဝေးမှာ တင်ပြတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်ရှင်ပြောပြတဲ့ ရာဇဝင်ပုံပြင်ကိုနားထောင်ပြီး မှာထားတဲ့ အစားအစာတွေကို အရသာခံပြီး ကျွန်တော်သုံးဆောင်လိုက်ပါတ ယ်။
သောက်စားပြီးဗိုက်ဝလို့ အဝင်ဝနားကကောင်တာမှာ ငွေပေးချေတော့
ဆိုမားရီးယားအတွက် ရန်ပုံငွေကောက်ခံတဲ့ ပိုစတာကို ကျွန်တော်
ကြည့်လိုက်မိပြန်တယ်။ ဒီတစ်ခါတော့ ကျွန်တော့်နားထဲမှာ “ပန်းချီးကားကို
နောက်ပြန်လှည့်ကြည့်လိုက်” ဆိုတဲ့ အသံတိုးတိုးကို ကြားလိုက်မိသလိုပဲ။
ကျွန်တော် နောက်ပြန်လှည့်ပြီး ပန်းချီကားကို ကြည့်လိုက်မိတော့
ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင်ဘဲ ပန်းချီကားထဲမှာ
သူတောင်းစားနှစ်ယောက်ကို တွေ့လိုက်မိတယ်။ မျက်စိကိုပွတ်ပြီး ကျွန်တော်
အနီးကပ် အသေအချာ ထပ်ကြည့်မိတယ်။ တကယ်ပဲ အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့
သူတောင်းစား နှစ်ယောက်ကို တွေ့လိုက်တယ်။
ကျွန်တော် အာရုံစူးစိုက်ပြီး ကြည့်မိတယ်။ ငွေပေးချေနေတုန်း ပန်းချီကားထဲ ကျွန်တော် နစ်မျောနေတာကို ဆိုင်ရှင်က တွေ့တော့ “ မစ်စတာ.. ခင်ဗျားဟာ သူကြွယ်တစ်ဦးဆိုတာ ခင်ဗျားကို ခင်ဗျားသိပါတယ်နော်” လို့ ပြောတယ်။ သူပြောတာကို ပြန်မဖြေဘဲ သဘောတူကြောင်း ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။ ပြီးတော့ အလှူခံသေတ္တာထဲ အလှူငွေတချို့ ကျွန်တော်ထိုးထည့်လိုက်မိတယ်။
ဆိုင်ရှင်က ကျွန်တော်ကို ဆိုင်တံခါးဝအထိ လိုက်ပို့ပြီး “ဂွတ်ဘိုင်.. မစ်စတာ ဘုရားသခင်က သင့်ရဲ့ဝိညာဉ်ကို ကောင်းချီးပေးပါစေ” လို့ နှုတ်ဆက်လိုက်တယ်။
ကျွန်တော်ခြေလှမ်း လေးငါးလှမ်းလှမ်းပြီး နောက်ကို ပြန်လှည့်ကြည့်ချင်လာတယ်။ ပန်းချီကားထဲမှာ ဘာဖြစ်လို့ သူတောင်းစာနှစ်ယောက်က ပါနေသလဲ..? ဒီပန်းချီကားကို မြို့စားက လူငှားပြီးဆွဲခိုင်းခဲ့တာ မဟုတ်လား...? သူတောင်းစားပုံကို ပန်းချီဆရာက သူ့သဘောနဲ့ ဘယ်ဆွဲထည့်ရဲမလဲ...?
ရုတ်တရက် ကျွန်တော် သဘောပေါက်နားလည်လိုက်ပါတယ်။
ပန်းချီကားထဲမှာ သူတောင်းစားပုံပါတယ်၊ မပါဘူးဆိုတာ အရေးမကြီးပါဘူး။
အရေးကြီးတာ သိထားဖို့က “သေးငယ်တဲ့ နယ်နိမိတ်အတွင်းမှာ
သူကြွယ်နဲ့သူတောင်းစား အတူတကွ ရှိနေတာဟာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ”
ဆိုတာပဲဖြစ်တယ်။
မူရင်းရေးသားသူ-- ထိုင်ဝမ်စာရေးဆရာ လီဂျာထုံ ( Chia-Tung Lee)
ဆိုင်အဝင်ဝ ကောင်တာပေါ်မှာ အလှူခံသေတ္တာလေး တစ်လုံးချထားပါတယ်။ သေတ္တာပေါ်မှာ ဆိုမားရီးယား(Somalia)အတွက်
ဆိုင်ရှင်က ကျွန်တော့်ကို စိတ်ဝင်စားစရာပုံပြင်တစ်ပုဒ
မွေးနေ့ပြီးတော့ မကြာဘူး.. မြို့စားပိုင်နက်ထဲမှာ ဝမ်းနည်းစရာ အဖြစ်တစ်ရပ်ပေါ်လာခဲ့တယ်။ လယ်သမားတစ်ဦးသေသွားတော့ ကျန်ခဲ့တဲ့ မကျန်းမမာ ဇနီးဖြစ်သူက ကလေး(၄)ယောက်နဲ့အတူ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ပါတယ်။ သနားစရာကောင်းတာက လယ်သမားဇနီးဟာ ကလေးတွေစားမယ့်အစာထဲ အဆိပ်အရင်ခတ်ပြီး ကလေးတွေ သေသွားတာကို ကြည့်ပြီးမှ ကိုယ့်ကိုယ် အဆုံးစီရင်လိုက်တာဖြစ်တယ်။
အဲဒီအဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်း မြို့စားဟာ ပန်းချီကားချပ်ကိုပဲ ငေးစိုက် ကြည့်နေတော့တယ်။ ဘာကြောင့်လဲလို့ လူတွေကမေးတော့ မြို့စားက မဖြေခဲ့ဘူး။ စိတ်ပူပြီး အတင်းမေးမှ ပန်းချီကားချပ်ထဲမှာ သူတောင်းစားနှစ်ယောက်ကို တွေ့မိတဲ့အကြောင်း၊ မြက်ခင်းပြင်မှာထိုင်ပြီး သူတို့ဆီ လက်ဖြန့်တောင်းနေတဲ့အကြောင်
ပန်းချီကားထဲက သူတောင်းစားနှစ်ယောက်ကို သူ့အိမ်သားတွေကလည်း မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် သူတို့ ငြင်းခုန်မနေကြဘူး။ တစ်နေ့မှာ မြို့စားက အိမ်သားအားလုံးကို သူ့စာကြည့်ခန်းမှာ စုဝေးစေပြီး စကားတချို့မှာခဲ့တယ်။ အဲဒီစကားကို သားစဉ်မြေးဆက် မှတ်သားထားရမယ်လို့လဲ ပြောတယ်။ မြို့စားပြောလိုက်တဲ့စကားက ရိုးရိုးလေးပါပဲ “သေးငယ်တဲ့ နယ်နိမိတ်အတွင်းမှာ သူကြွယ်နဲ့သူတောင်းစား အတူတကွရှိနေတာဟာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ ” ဆိုတာဖြစ်တယ်။
မြို့စားရဲ့သားစဉ်မြေးဆက်တေ
ဆိုင်ရှင်ပြောပြတဲ့ ရာဇဝင်ပုံပြင်ကိုနားထောင်ပြ
ကျွန်တော် အာရုံစူးစိုက်ပြီး ကြည့်မိတယ်။ ငွေပေးချေနေတုန်း ပန်းချီကားထဲ ကျွန်တော် နစ်မျောနေတာကို ဆိုင်ရှင်က တွေ့တော့ “ မစ်စတာ.. ခင်ဗျားဟာ သူကြွယ်တစ်ဦးဆိုတာ ခင်ဗျားကို ခင်ဗျားသိပါတယ်နော်” လို့ ပြောတယ်။ သူပြောတာကို ပြန်မဖြေဘဲ သဘောတူကြောင်း ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။ ပြီးတော့ အလှူခံသေတ္တာထဲ အလှူငွေတချို့ ကျွန်တော်ထိုးထည့်လိုက်မိတယ
ဆိုင်ရှင်က ကျွန်တော်ကို ဆိုင်တံခါးဝအထိ လိုက်ပို့ပြီး “ဂွတ်ဘိုင်.. မစ်စတာ ဘုရားသခင်က သင့်ရဲ့ဝိညာဉ်ကို ကောင်းချီးပေးပါစေ” လို့ နှုတ်ဆက်လိုက်တယ်။
ကျွန်တော်ခြေလှမ်း လေးငါးလှမ်းလှမ်းပြီး နောက်ကို ပြန်လှည့်ကြည့်ချင်လာတယ်။ ပန်းချီကားထဲမှာ ဘာဖြစ်လို့ သူတောင်းစာနှစ်ယောက်က ပါနေသလဲ..? ဒီပန်းချီကားကို မြို့စားက လူငှားပြီးဆွဲခိုင်းခဲ့တာ မဟုတ်လား...? သူတောင်းစားပုံကို ပန်းချီဆရာက သူ့သဘောနဲ့ ဘယ်ဆွဲထည့်ရဲမလဲ...?
ရုတ်တရက် ကျွန်တော် သဘောပေါက်နားလည်လိုက်ပါတယ်။
မူရင်းရေးသားသူ-- ထိုင်ဝမ်စာရေးဆရာ လီဂျာထုံ ( Chia-Tung Lee)
တစ်ခါတုံးက တရုတ်ပြည်မှာ ရေထမ်းတဲ့လူ တစ်ယောက်ရှိတယ်။ သူဟာ ကြီးမားတဲ့
ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။
အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်းကနေ သူ့အိမ်ဘက် ရေသယ်လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက်ပဲ ပါသတဲ့။
ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ်အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်းကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။
ဒီလိုနဲ့ အိမ်ရောက်ရင် အိုးတစ်လုံး နဲ့ တစ်ဝက် ပဲ... ရေသယ်လာလိုက်တာ နှစ်နှစ်လောက် ကြာ သွားသတဲ့။ ဒီတော့ အိုးအကောင်းလေး က သူ့ ကိုယ်သူ သိပ်ဂုဏ်ယူသတဲ့။ ငါက အပြစ်အနာအဆာမရှိဘူး... ဒါကြောင့် များများ သယ်နိုင်တယ် လို့ အထင်ရှိနေတယ်တယ် တဲ့။ အက်နေတဲ့ အိုးကလေးက စိတ်ထဲမှာ တော်တော်လေး သိမ်ငယ် နေရှာ တယ်။ အော်.. ငါ့မှာ အားနည်း ချက်ရှိတယ် ...သူများလို အပြည့်မသယ်နိုင်ဘူး... တစ်ဝက်ပဲ သယ်နိုင်တယ် ပေါ့။ ၀မ်းနည်းလဲဝမ်းနည်း နေတယ်တဲ့။
ဒီလိုနဲ့ တရက်မှာ အက်နေတဲ့ အိုးကလေးက ရေထမ်းသမား ကို ရင်ဖွင့် ရှာတယ်။ သခင်ရယ်... ကျွန်တော် သခင့်ကို တောင်းပန်ချင်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ရှက်မိပါတယ်။ သခင်ကတော့ သခင့်ဘက်က အပြည့်အ၀ အားစိုက်ပြီး ရေသယ် ရတယ်။ ဒါပေမဲ့ ကျွန်တော့် ဘေးဘက်မှာ ရှိတဲ့ အက်ကြောင်းလေး ကြောင့် သခင်သယ်သမျှ ရေတွေ အပြည့်မရဘူး... တစ်ဝက်က အလဟဿ ဖြစ်ရတယ်... လို့ ၀မ်းနည်း ပက်လက်နဲ့ ပြောမိတယ်။
အဲဒီအခါမှာ ရေထမ်းသမားက ဘယ်လိုပြန်ပြောသလဲဆိုတော့.. .
အိုးကလေး... မင်းကြည့်လိုက်စမ်း.... ရေခပ်လမ်း တလျှောက်မှာ မင်းရှိတဲ့
ဘက်ခြမ်း တစ်လျောက်လုံး ပန်းတွေပွင့်နေတာ မင်းသတိပြုမိရဲ့လား... တဲ့။ ငါက
မင်း ရေစိမ့်နေ တယ်ဆိုတာ သိတာပေါ့။ ဒါကြောင့် မင်းရှိတဲ့ ဘက်ခြမ်းမှာ
ပန်းမျိုးစေ့တွေ ချထားခဲ့တယ်။ နှစ်နှစ်လုံးလုံး ရေခပ်လမ်း ကအပြန်မှာ မင်း က
ဒီပန်းပင်လေးတွေကို ရေမှန်မှန် လောင်းပေးခဲ့တယ်။ အခုဆိုကြည့်စမ်း ...
လှပတဲ့ ပန်းတွေပွင့်နေပြီ။ အိမ်မှာလည်း ပန်းအိုးလေးတွေ မှာလည်း ပန်းတွေ နဲ့
အလှဆင်နိုင်ပြီ... မင်းသာမရှိရင် ဒီလို ပန်းပွင့်လေးတွေနဲ့ ကျက်သရေ ရှိတဲ့
အိမ် ဖြစ်လာပါ့မလား။ စဉ်းစားကြည့်စမ်း...
သင်ခန်းစာ ။ ။ လူတိုင်းမှာ အားနည်းချက် လေးတွေ ကိုယ်စီ ရှိပါတယ်။ ဒါပေမယ့် ဒီအားနည်း ချက်ကလေး တွေ ရှိနေတာကြောင့်ပဲ ပိုပြီး unique ဖြစ်လာတယ်...ပိုပြီး ချစ်စရာလည်း ကောင်းပါတယ်။ ဒီအားနည်းချက်အတွက် သဘာဝတရားကြီးက အစားတစ်ခုခုလည်း ပြန်ပေးတတ်ပါတယ်။ ဒါပေမယ့် မြင်သာချင်မှ လည်း မြင်သာမယ်၊ ချက်ခြင်း ရချင်မှလည်းရမယ်။
အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်းကနေ သူ့အိမ်ဘက် ရေသယ်လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက်ပဲ ပါသတဲ့။
ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ်အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်းကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။
ဒီလိုနဲ့ အိမ်ရောက်ရင် အိုးတစ်လုံး နဲ့ တစ်ဝက် ပဲ... ရေသယ်လာလိုက်တာ နှစ်နှစ်လောက် ကြာ သွားသတဲ့။ ဒီတော့ အိုးအကောင်းလေး က သူ့ ကိုယ်သူ သိပ်ဂုဏ်ယူသတဲ့။ ငါက အပြစ်အနာအဆာမရှိဘူး... ဒါကြောင့် များများ သယ်နိုင်တယ် လို့ အထင်ရှိနေတယ်တယ် တဲ့။ အက်နေတဲ့ အိုးကလေးက စိတ်ထဲမှာ တော်တော်လေး သိမ်ငယ် နေရှာ တယ်။ အော်.. ငါ့မှာ အားနည်း ချက်ရှိတယ် ...သူများလို အပြည့်မသယ်နိုင်ဘူး... တစ်ဝက်ပဲ သယ်နိုင်တယ် ပေါ့။ ၀မ်းနည်းလဲဝမ်းနည်း နေတယ်တဲ့။
ဒီလိုနဲ့ တရက်မှာ အက်နေတဲ့ အိုးကလေးက ရေထမ်းသမား ကို ရင်ဖွင့် ရှာတယ်။ သခင်ရယ်... ကျွန်တော် သခင့်ကို တောင်းပန်ချင်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ရှက်မိပါတယ်။ သခင်ကတော့ သခင့်ဘက်က အပြည့်အ၀ အားစိုက်ပြီး ရေသယ် ရတယ်။ ဒါပေမဲ့ ကျွန်တော့် ဘေးဘက်မှာ ရှိတဲ့ အက်ကြောင်းလေး ကြောင့် သခင်သယ်သမျှ ရေတွေ အပြည့်မရဘူး... တစ်ဝက်က အလဟဿ ဖြစ်ရတယ်... လို့ ၀မ်းနည်း ပက်လက်နဲ့ ပြောမိတယ်။
အဲဒီအခါမှာ ရေထမ်းသမားက ဘယ်လိုပြန်ပြောသလဲဆိုတော့..
သင်ခန်းစာ ။ ။ လူတိုင်းမှာ အားနည်းချက် လေးတွေ ကိုယ်စီ ရှိပါတယ်။ ဒါပေမယ့် ဒီအားနည်း ချက်ကလေး တွေ ရှိနေတာကြောင့်ပဲ ပိုပြီး unique ဖြစ်လာတယ်...ပိုပြီး ချစ်စရာလည်း ကောင်းပါတယ်။ ဒီအားနည်းချက်အတွက် သဘာဝတရားကြီးက အစားတစ်ခုခုလည်း ပြန်ပေးတတ်ပါတယ်။ ဒါပေမယ့် မြင်သာချင်မှ လည်း မြင်သာမယ်၊ ချက်ခြင်း ရချင်မှလည်းရမယ်။
လူငယ်လေးတစ်ယောက်ဟာ လယ်သမားကြီးတစ်ဦးရဲ့ သမီးချောလေးကို
လက်ထပ်ချင်ပါသတဲ့.... ဒါနဲ့သူက လယ်သမားကြီးဆီသွားပြီး
လက်ထပ်ခွင့်တောင်းခဲ့တယ်... .
လယ်သမားကြီးက သူ့ကိုအကဲခတ်ပြီးပြောတယ်... .
"လူလေး... ရှေ့ကကွင်းပြင်ထဲသွားရပ်နေကွာ... ငါနွားသိုးသုံးကောင်ကို တစ်ကောင်ချင်းလွှတ်လိုက်မယ်. .. အကယ်လို့ အဲ့ဒီနွားသုံးကောင်ထဲက တစ်ကောင်ကောင်ရဲ့အမြီးကို မင်းဖမ်းနိုင်မယ်ဆိုရင် မင်းင့ါသမီးကိုယူလို့ရပြီ.. ."
လူငယ်လေးဟာ စားကျက်မြေထဲမှာရပ်ရင်း ပထမဆုံးနွားသိုးကို စောင့်ဆိုင်းနေပါတယ်... နွားတင်းကုပ်တံခါးပွင့်လာပြီး သူမြင်ဖူးသမျှထဲမှာ အကောင်အကြီးဆုံးနဲ့ အခက်ထန်ဆုံးပုံစံရှိတဲ့ နွားသိုးကြီးတစ်ကောင် ပြေးထွက်လာပါတယ်....
ဒီနွားသိုးရဲ့အမြီးကိုဆွဲမယ့်အစား နောက်ထပ်နွားသိုးတစ်ကောင်ကို စောင့်လိုက်တာက သူ့အတွက်ပိုကောင်းလိမ့်မယ်လို့ သူဆုံးဖြတ်လိုက်ပါတယ်... ဒါကြောင့် သူကဘေးကိုပြေးထွက်လိုက်ပြီး နွားသိုးကို စားကျက်မြေရဲ့ နောက်ဘက်ထွက်ပေါက်ကနေ ပေးဖြတ်သွားလိုက်ပါတယ်...
နည်းနည်းကြာတော့ နွားတင်းကုပ်တံခါးထပ်ပွင့်လာပြန်ပါပြီ... မယုံနိုင်လောက်အောင်ပါပဲ... သူ့ဘဝမှာ ဒီလောက်ကြီးပြီး ဒီလောက်ခက်ထန်ကြမ်းကြုတ်တဲ့ နွားသိုးမျိုး သူမမြင်ဖူးပါဘူး.... နွားသိုးကြီးဟာ ခွာနဲ့မြေကြီးကိုယက်ပါတယ်.. . နှာတရှူးရှူးမှုတ်ပြီး သူ့ကိုစူးစူးစိုက်စိုက်ကြည့်ရင်း သွားရည်တွေထွက်ကျနေပါတယ်...
သူ့အတွေးထဲမှာ ဘယ်လိုပဲဖြစ်ဖြစ် နောက်တစ်ကောင်ကို စောင့်လိုက်တော့မယ်ဆိုတဲ့ အတွေးဖြစ်လာပါတယ်... ဒီအကောင်နဲ့တော့ လုံးဝမဖြစ်ပါဘူး... ဒါနဲ့ သူကခြံစည်းရိုးဘေးကိုပြေးကပ်လိုက်ပြီး နွားသိုးကြီးကို စားကျက်မြေရဲ့ နောက်ဘက်ထွက်ပေါက်ထဲက ပေးဖြတ်လိုက်ပါတယ်...
နောက်ဆုံးမှာတော့ နွားတင်းကုပ်တံခါးဟာ တတိယအကြိမ်မြောက်ပွင့်လာပြန်ပါပြီ.....
သူ့မျက်နှာမှာ အပြုံးတစ်ခု ဖြတ်ပြေးသွားပါတယ်.... သူမြင်ဖူးသမျှထဲမှာ
အားအနည်းဆုံး အပိန်လှီဆုံး နွားသိုးငယ်လေးတစ်ကောင်ထွက် လာလို့ပါပဲ... ဒီတစ်ကောင်ကိုတော့ သူအမိဖမ်းပါတော့မယ်...
နွားသိုးထွက်လာတာနဲ့ သူကအပြေးလေးချဉ်းကပ်သွားလို က်ပါတယ်... အမြီးကိုဖမ်းဖို့ ဘေးကနေအသင့်နေရာယူပြီး အချိန်ကိုက်ရောက်တာနဲ့ နွားသိုးရဲ့နောက်ကိုခုန်ထွက်လိုက်ပါတယ်... နွားသိုးရဲ့အမြီးကို ဖမ်းဆွဲလိုက်တဲ့အခါမှာတော့. ...
အဲ့ဒီနွားသိုးမှာ အမြီးမရှိဘူးဆိုတာ တွေ့လိုက်ရပါတော့တယ်...
-------------------------- -------------------------- ------------
ဒီဇာတ်လမ်းလေးကပေးတဲ့ သင်ခန်းစာကတော့...
ဘဝမှာအခွင့်အရေးတွေအများကြီးပြည့်နေပါတယ်.... တစ်ချို့အခွင့်အရေးတွေကနေ အကျိုးအမြတ်ရယူဖို့ လွယ်ကူပါလိမ့်မယ်... တစ်ချို့ကျတော့ခက်ခဲပါလိမ့် မယ်... ဒါပေမဲ့ (နောက်ထပ်ပိုကောင်းမယ့် အခွင့်အရေးတွေကိုမျှော်ကိုး ပြီး) လက်ရှိအခွင့်အရေးတွေကို လက်လွတ်လိုက်ပြီဆိုတာနဲ့ ဒီအခွင့်အရေးတွေကို ဘယ်တော့မှ နောက်တစ်ကြိမ် ပြန်မရနိုင်တော့ပါဘူး...
ဒါကြောင့် ပထမဆုံးအခွင့်အရေးကို အမြဲတမ်းအမိအရဆုပ်ကိုင်ပါလို့ အကြံပြုတိုက်တွန်းလိုက်ရပါတ ယ်....
လယ်သမားကြီးက သူ့ကိုအကဲခတ်ပြီးပြောတယ်...
"လူလေး... ရှေ့ကကွင်းပြင်ထဲသွားရပ်နေက
လူငယ်လေးဟာ စားကျက်မြေထဲမှာရပ်ရင်း ပထမဆုံးနွားသိုးကို စောင့်ဆိုင်းနေပါတယ်... နွားတင်းကုပ်တံခါးပွင့်လာပြ
ဒီနွားသိုးရဲ့အမြီးကိုဆွဲမယ
နည်းနည်းကြာတော့ နွားတင်းကုပ်တံခါးထပ်ပွင့်လ
သူ့အတွေးထဲမှာ ဘယ်လိုပဲဖြစ်ဖြစ် နောက်တစ်ကောင်ကို စောင့်လိုက်တော့မယ်ဆိုတဲ့ အတွေးဖြစ်လာပါတယ်... ဒီအကောင်နဲ့တော့ လုံးဝမဖြစ်ပါဘူး... ဒါနဲ့ သူကခြံစည်းရိုးဘေးကိုပြေးကပ
နောက်ဆုံးမှာတော့ နွားတင်းကုပ်တံခါးဟာ တတိယအကြိမ်မြောက်ပွင့်လာပြန
နွားသိုးထွက်လာတာနဲ့ သူကအပြေးလေးချဉ်းကပ်သွားလို
အဲ့ဒီနွားသိုးမှာ အမြီးမရှိဘူးဆိုတာ တွေ့လိုက်ရပါတော့တယ်...
--------------------------
ဒီဇာတ်လမ်းလေးကပေးတဲ့ သင်ခန်းစာကတော့...
ဘဝမှာအခွင့်အရေးတွေအများကြီ
ဒါကြောင့် ပထမဆုံးအခွင့်အရေးကို အမြဲတမ်းအမိအရဆုပ်ကိုင်ပါလိ
"အဖေများနေ့" အတွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့
ဦးကိုကိုကြီးက အမှတ်တရ အနေနဲ့ သူ့ဖခင် အတွက် အမှတ်တရ စာစုတခုကို " ခူနာ"
အမည်နဲ့ ရေးသား တင်ပြထားတာကို ဧရာဝတီက ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
(၁) "ဖခင်ဘုရင်ကြီးမှာ မကြားလိုပါ xxx မကြား xx လိုပါ xxx သားလှလေးရဲ့လက်မှာ ခူနာပေါက်တဲ့အခါ xxx ဘုရင်ဗိမ္မိသာရ ချစ်လှတဲ့ဘုရင်ကြီးခမျာ xxx အို xx အေး xx အို xxx တေးဆိုညဉ်းကာ သားငယ်ရဲ့
ဝေဒနာကိုသာ xxx ပျောက်ပါစေတော့ xxx အာခံတွင်းထဲမှာ xxx သွင်းကာ ငုံထားရာ xx အနာပြည် မှည့် လေသောအခါ xxx အာခံတွင်းထဲမှာ xxx ပေါက်ပြန်လေတော့တာ xxx ဖခင်မှာမြိုခါချရှာ"
အသံကဝေမ လို့တောင် ကျော်ကြားတဲ့ အဆို ပါရမီရှင်ရဲ့ ဗိမ္မိသာရ ရုပ်ရှင် ဇာတ်ဝင်သီချင်းက ဟိုတစ်စ ဒီတစ်စနဲ့ သောတ အာရုံကတစ်ဆင့် နှလုံးသားအိမ်ထဲအထိ ပဲ့တင်ထပ်လို့။
မိခင်မေတ္တာဘွဲ့တွေရေးကြ၊ ဆိုကြ၊ ဖွဲ့နွဲ့လိုက်ကြတာတွေ တစ်ပုံတစ်ပင်ထဲမှာရှားရှား ပါးပါး ဂန္တ၀င်မြောက် ဖခင်မေတ္တာဘွဲ့ပါ။
ဇာတ်ဆောင်တွေက အထင်ကရ၊ ဖခင်က မြတ်စွာဘုရားရဲ့ ဒကာရင်း ဥပါသိကာ ဗိမ္မိသာရမင်းကြီး။ သားဖြစ်သူက ပဉ္စနန္တိယ ကံကြီး ကျူးလွန်ပြီးမှ မြတ်စွာဘုရားအဆုံးအမ ခံယူ၊ နောက် ပထမ သံဃာယနာ တင် ပုဂ္ဂိုလ်ဖြစ်လာတဲ့ အဇာတသတ်မင်း။
မယ်တော်ဝေဒဟီ မိဖုရားခေါင်ကြီးနဲ့ အရှင်လတ်လတ် မြေမြိုခံခဲ့ရတဲံ ဒေ၀ဒတ်တို့ ဇာတ်ပို့တွေ။ ဒီလောက် အားကောင်းတဲ့ ဇာတ်ဆောင်၊ ဇာတ်ပို့တွေနဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ဇာတ်တော်ကြီးပါပဲ။
မှတ်သားစရာ၊ သင်ခန်းစာယူစရာ၊ ကြေကွဲစရာ၊ ၀မ်းနည်းတုန်လှုပ်စရာတွေ အဲဒီ…. အဲဒီ အရာတွေကြား ကျွန်တော့်ရင်ထဲအထိ တစစ်စစ် ကိုက်ခဲ ခံစာစေခဲ့တဲ့ ဇာတ်ကောင်ကတော့ "ခူနာ"။
အင်္ဂလိပ် လက်နှိပ်စက် လက်ကွက်ပုံစံကို စက္ကူကတ်ထူပေါ်ကူးဆွဲ၊ လက်နှစ်ဖက်ကို ပုံသေ လက်ကွက်ပေါ် အသာတင်ရင်း ပါးစပ်ကလည်း အသံထွက် လက်ကလည်း အချက်ကျကျ ရိုက်လို့။
'ASDFGF;LKJHJ' လက်ညှိုးလေးနှစ်ချောင်းက နည်းနည်းပိုဂရုစိုက်ရတယ်။
ကျန်တဲ့ လက်ချောင်းတွေက တစ်လုံးစီပဲ ရိုက်ရတာ။ လက်ညှိုး က နှစ်လုံး။ အပေါ်နှစ်တန်းကို တက်ရိုက်
တော့လည်း နှစ်လုံး၊ အောက်ဆင်းရိုက်တော့လည်း နှစ်လုံး ဒီလက်ညှိုးက စာလုံးရေ နှစ်ဆ ရိုက်ရတယ်။ ရိုက်တာပျော့ရင် စာလုံးက မှိန်ချင်သေး။ မိတ္တူသုံးလေးစောင် ကာဘွန်ခံပြီး ထပ်ရိုက်ရ လို့ကတော့ နည်းနည်း ဖိရိုက်မှ ကျွန်တော်ကတော့ ကစားစရာ အသစ်ရတဲ့ ကလေးလို အတွေ့အကြုံသစ်၊ သင်ခန်းစာ အသစ်ထဲ အာရုံမြှုတ်လို့။
'ASDFGF;LKJHJ' 'ASDFGF;LKJHJ'
"ဟေ့ကောင်…. အဲဒါဘာလုပ်နေတာလဲ"
နောက်နားက မာမာထန်ထန်မေးလိုက်တဲ့ ဖေဖေ့ အသံကြောင့် ဆတ်ခနဲ လန့်သွားပြီး။
" သား… သား…. လက်နှိပ်စက် သင်နေတာ ဖေဖေ"
" ဘာကွ၊ မင်းက လက်နှိပ်စက်စာရေးလုပ်ချင်လို့လား…. ဟင်။ မင်းတို့ကို ပညာတွေသင်ပေးနေတာ ဒီအလုပ်မျိုးလုပ်စားရမှာစိုးလို့ကွ နားလည်လား။ မင်းက xxxxx"
ခါတိုင်းရုံးကပြန်နေကျ အချိန်မဟုတ်၊ အစောကြီးပြန်လာပြီး ပေါက်ကွဲနေတဲ့ ဖေဖေ့ကို …..
"ကျောင်းကလည်း ပိတ်ထားတဲ့ အချိန်မို့ပါ ဖေဖေရာ"
ပြန်ပြောတာမကြိုက်မှန်း၊ ဖေဖေ ဒေါသကြီးမှန်းသိတဲ့ ကြားက နည်းနည်းလေးတော့ ပြန်ပြောလိုက်ရမှ ရိုက်ခါမှ ရိုက်ရော၊ အဲဒီ အကျင့်ကမပျောက်။
"ဟေ့ကောင်… အားနေရင် မင်းအမေဆိုင်မှာ ၀ိုင်းကူ၊ နောက်လာမယ့် အတန်းအတွက် စာ ကြိုကြည့်၊ လုပ်စရာတွေ အများကြီး"
" ဟာ၊ ဒီသားအဖ ဘာတွေဖြစ်ကြပြန်ပြီလဲ။ ခင်ဗျား ရုံးကပြန်လာတာလည်းစောလှချည် လား။ အိမ်ရှေ့ ကဖြတ်သွားတာ တွေ့လိုက်လို့ လိုက်လာတာ။ ဘာတွေဒေါပွနေလဲ"
တော်ပါသေးရဲ့၊ ဖေဖေနဲ့ တစ်မြို့ တည်းသား ရန်ကုန် တက်လာတော့လည်း အတူတူ။ ညီအစ်ကိုလလို ချစ်ကြတာ။ မိသားစုချင်းကလည်း နှစ်အိမ့်တစ်အိမ်။ အိမ်နီးချင်း လည်း ဖြစ်နေတဲ့ ဖေဖေ့ သူငယ်ချင်း။ အဲဒီဦးဦး ရောက်လာတာနဲ့ အသာလေး လစ်ထွက်လာခဲ့ရတာ။
ကျွန်တော့် လွတ်မြောက်နယ်မြေကတော့ မေမေရှိရာ။ မေမေ့ဆိုင်ကို ဦးတည်လျှောက်လာရင်း လည်း စဉ်းစားနေမိတယ်။ ကျောင်းအားရက် ကြက်ခြေနီသင်တန်း၊ အခြေခံစစ်ရေးပြု လက်နက်မဲ့ သိုင်းသင်တန်း၊ အခြေခံ စစ်ရေးပြု လက်နက်မဲ့ သိုင်းသင်တန်းတွေတက်ခဲ့တာပဲ ။ ဖေဖေက အားတောင်ပေးသေး။ အတတ် ပညာဆိုတာ ဘာပညာ ဖြစ်ဖြစ် တတ်ကောင်းတယ်ဆို အခုမှ ဘယ်လိုဖြစ်ရပြန်တာတုန်း၊ အင်းလူကြီးတွေ ဟာ။
" သား ဘာဖြစ်လာလဲ။ မျက်နှာကလည်း စူပုပ်လို့။ ဖေဖေနဲ့တွေ့ခဲ့လား"
ကျွန်တော့်ကို စူပုပ်နေတာပဲပြောတဲ့ မေမေကလည့်း မျက်နှာမကောင်း။
"တွေ့တယ်၊ ဖေဖေ အိမ်ထဲဝင်လာတာတောင် မသိလိုက်ဘူး။ သားက လက်နှိပ်စက သင်ထား တာ ပြန် ကျင့်နေတုန်း ဆူလိုက်တာမေမေရာ။ အသားလွတ်ကြီး အဲဒီတုန်းက ဦးဦးရောက်လာလို့ လစ်ထွက် လာတာ"
မေမေက သက်ပြင်းရှည်ကြီးတစ်ချက်မှု တ်ထုတ်လိုက်ပြီး ……
" သားဖေဖေ ဒီနေ့ အလုပ်က ထွက်စာ တင်လာခဲ့တာသားရဲ့။ မန်နေဂျာက ခင်ဗျား အပြင် အလုပ်ကောင်း
နေရင် ဘာလို့ ရုံးအလုပ်လုပ်နေလဲပြောလို့ ဒေါသထွက်ပြီး တစ်ခါတည်းထွက်တယ်ဆိုပြီး စာတင်ခဲ့ တာ။
တော်တော်လည်းပြောပစ်ခဲ့တယ်" တဲ့။
သူ့အလုပ်တာဝန်တစ်ခါမှ မပျက်ကွက်ခဲ့တဲ့ အကြောင်း၊ လက်နှိပ်စက် စာရေးလစာက မိသားစု မလောက် မင၊ အမျိုးသမီးဆိုင်ထွက်ကူရလို့  တစ်ခါတလေ စောပြန်တာရှိတဲ့အကြောင်း၊ လက်နှိပ်စက်စာရေး က နှစ်ယောက်ရှိလို့ နားလည်မှုနဲ့ လုပ်နေကြတာ။
ဒီရုံးက မိသားစုလိုဖြစ်နေတဲ့အကြောင်း၊
ကိုယ့်လက်အောက်ငယ်သားတွေ စားဝတ်နေရေး မကူညီတဲ့ အပြင်
နားလည်မှုမရှိတာကြောင့် ထွက်တယ်ဆိုပြီး ရေးတင်ခဲ့တာတဲ့။
ဒီမန်နေဂျာရောက်လာပြီးမှ အဆင် မပြေတာကတော့ ကြာပါပြီ။
လုပ်ဖော်ကိုင်ဖက်တွေကတော့ ကောင်းကြရှာပါတယ်။
ဌာနခွဲစာရေးကြီးကဆို ထွက်စာ သူ့ကိုပေးထား၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့ ဆိုပြီး ပြောရှာပါသေးတယ်။
"အဲဒါ သားက နည်းနည်းသတိထား။ ဖေဖေ့ကို စိတ်ထဲကလည်း မပြစ်မှားနဲ့။ ဖေဖေက သားတို့ကို သိပ်ချစ် တာ၊ ပညာတတ်ကြီးတွေ ဖြစ်စေချင်တာ။ သူ့စိတ်ထဲ သားနှစ်ယောက်ကို စိတ်ကူးတွေယဉ်နေတာ။ ဖြစ်စေ ချင်လိုက် တာတွေ မပြောပါနဲ့တော့ သားရယ်။ ဒီရက်ထဲ သားဖေဖေ စိတ်ကလည်းထွေနေမှာ။ သူ
ဒေါသဖြစ်နေတဲ့အချိန် ပြန်မပြောနဲ့နော်။ သားကလိမ္မာပါတယ်။"
လူပျိုပေါက်အရွယ်သားကို ကလေးလေးတစ်ယောက်လို ဖက်ထားရင်းပြောပြနေတဲ့ မေမေ့အသံက ရှိုက်သံ တစ်ဝက်ပဲ။
ကျွန်တော့်ရင်ထဲမှာလည်း ဆို့ဆို့နင့်နင့်။ "ဖေဖေ သားတွေကို ချစ်တော့ချစ်မှာပါ။ ဒါပေမယ့် အခု
မေမေ့လို အေးအေးဆေးဆေး ရှင်းပြလည်းရတာပဲဟာ။
လောလောလတ်လတ် အဆူခံထားရလို့ မကျေနပ်တာကတစ်ပိုင်း၊ ဖေဖေ့ အကြောင်းကြားလိုက်ရတော့ စိတ်ထိခိုက်သွားတာက တစ်ပိုင်းနဲ့ အတွေးတစ်ခုက ခေါင်းထဲရောက်လာသေးတယ်။
မေမေက သိပ်ပြီးနူးညံ့တာ၊ အမြဲတမ်းပြုံးလို့။ ၀မ်းနည်းလို့ စိတ်ထိခိုက်ရင်တောင် ကြိတ်ငိုတာ။
ခွန်းကြီးခွန်းငယ် ပြန်ပြောတာကို မတွေ့ဖူးဘူး။ သားနှစ်ယောက်ကိုလည်း အရမ်းချစ်၊ အရမ်းစိတ်ရှည် တာ။ ဖေဖေ သာ အဲဒီလို စိတ်ရှည်နူးညံ့ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ ။
ဖေဖေက ဇလွန်သား၊ ခုနှစ်နှစ်သား မှာ မအေဆုံးတယ်။ ဖအေက တကယ့် လူရိုးလူအေး။ ဆွေမျိုးတွေ ၀ိုင်းစီစဉ်လို့ ခယ်မဖြစ်သူနဲ့ လက်ဆက်လိုက်တော့ ဖေဖေက အဒေါ်မိထွေးလက်ပေါ်ကြီးရတယ်။
ဖအေ စက်ဆရာက ဆန်စက်တည်ဖို့၊ ပြင်ဖို့ လာခေါ်ရင် ညအိပ်ညနေ ထွက်ထွက်သွားရတော့ အိမ်ကပ်ရ တယ်မရှိဘူး။ ဖေဖေကျောင်းနေတဲ့ အရွယ်မှာ စစ်ကြီးကဖြစ်တော့ စာသင်တာကမမှန်၊ ရန်ကုန်ကို ဇွတ်ရွတ် တက်လာတော့ ကားစပယ်ယာ လုပ်လိုလုပ်၊ ဧရာဝတီသင်္ဘောလိုက်လိုလိုက်။
အဲဒီကြားထဲက အလွတ်ပညာသင်ကျောင်းတက်။ ခုနှစ်တန်းဖြေ၊ နောက်အတန်းခုန်ပြီးတော့ ကိုးတန်း။ ဟိုတုန်းက အခေါ်ဟိုက်စကူး ဖိုင်နယ် ၀င်ဖြေပြီးအောင်။ သိန်းတစ်ရာ လက်နှိပ်စက်သင်တန်းတက်။
တကယ့်ကိုယ့်ဒူးကိုယ်ချွန်ခဲ့ ရတာ။ မဟုတ်မခံ မျိုးချစ်စိတ်ကလည်းရှိတော့ အာရှလူငယ်အဖွဲ့ဝင်၊ လွတ်လပ်ရေးကြိုးပမ်းတဲ့ကာလ သူနိုင်သလောက်တော့ ၀င်လုပ်ခဲ့သေးတာပဲ။
ပါလီမန်ခေတ်၊ ဒီဘက်စုမိဆောင်းမိရှိသမျှလေးနဲ့ အစုရှယ်ယာ အတော်များများဝင်ထားတဲ့ သွင်းကုန် ထုတ်ကုန် ကုမ္ပဏီတစ်ခုမှာ အထွေထွေစာရေးကြီးဘ၀။
မကြာပါဘူး။ ပြည်သူပိုင်တွေသိမ်းလိုက်တော့ သားဦးကျွန်တော်က လသားအရွယ်လေး။ ဖေဖေ တစ်ယောက် မျက်ကလူး ဆန်ပျာ အလုပ်လိုက်ရှာရာကနေ သစ်လုပ်ငန်းဌာနမှာ လက်နှိပ် စက်စာရေး
ဖြစ်တော့တာပါပဲ။
အရာရှိက အမျိုးမျိုး၊ လက်ရေးကအဖုံဖုံ။ ကြည့်လေ ကပျစ်ကညစ်ရေးထားတာတွေလည်း ပါရဲ့။ ရေးပြီး သားတွေ ပြန်ဖျက် ၊ အောက်ခြေကမြားပြ၊ ဘေးကိုဆွဲထုတ်၊ စာကြားထဲ ဒေါက်ထောက် အောက်ခြေ ကထပ်ဖြည့်နှင့်စုံလို့။ အဲဒါ တစ်ခါက နှစ်ခါ ပြန်မေးရင် ဆူလိုက်ဟောက်လိုက်လုပ်သေးဆိုပဲ။
ဒါတောင် ဖေဖေက ရုံးစာပုံစံတွေဆို အလွတ်ရပြီးသား။ လုပ်ငန်းကျွမ်းကျင်သူမို့ ကိုယ့်ဘာကိုယ် ပဲ ပြင် စရာရှိပြင်၊ ဖြည့်စရာရှိ ဖြည့်ရိုက်ပြီး လက်မှတ်ထိုးရုံသွားပေးရတာတဲ့ ။ ဒါကတစ်ခါတလေ ဖေဖေ စိတ်လို လက်ရပြောပြဖူးတဲ့ လက်နှိပ်စက်စာရေးဘ၀။ အခုတော့အေးရော၊ ထွက်ပစ်လိုက်ပြီလေ။
အင်း…. အခုမှခက်တော့တာ။ ဖေဖေ့ကြည့်ရတာ နေမထိ၊ ထိုင်မထိ။ အလုပ်လေးရှိနေတုန်းကတော့ ဣနြေ္ဒရတာတော့ အမှန်။ အခုတော့ သားအကြီးက စကောစကအရွယ်၊ သားအငယ်က ကလေးသာသာ။
အိမ်ထောင်ဦးစီးတစ်ယောက်အနေ နဲ့ အလုပ်မရှိ၊ ၀င်ငွေမရှိ။ ဒါတောင် ဖေဖေ့လုပ်ဖော်ကိုင်ဖက်တွေ က ဆေး ပင်စင်ရအောင် ၀ိုင်းလုပ်ပေးကြတာ။
အသက်အာမခံစုငွေ၊ လုပ်သက်ခံစားခွင့် ဆုငွေလေးရတာရယ်ကြောင့် တော်သေး တာပေါ့။ မေမေ့ ဆိုင်လေးကိုလည်း ထပ်ပြီးတိုးချဲ့ရင်းနှီးလို က်တယ်။ သိပ်တော့မကြာလိုက်ပါဘူး။
ဖေဖေ့မိတ်ဆွေ စာရေးကြီးတစ်ယောက်က ဖေဖေကုမ္ပဏီ အတွေ့အကြုံရှိမှန်း သိလို့ နိုင်ငံခြားသစ်ကုမ္ပဏီ တစ်ခုအတွက် လာကမ်းလှမ်းတာနဲ့ လုပ်ဖြစ်သွားတယ်။ သက်ဆိုင်ရာဌာန အသီးသီးဝင်ရ၊ ထွက်ရ၊ လုပ်ရတာဆိုပေမယ့် လက်နှိပ်စက်ကတော့ဖေဖေ့အတွက် ၀ဋ်နာ ကံနာပဲ ထင်ပါရဲ့။
"သားကလေ နားဖာကလော်ရင် အမြဲတမ်းချောင်းဆိုးတယ်။ ဖအေနဲ့တစ်ပုံစံတည်း"
မကြီးမငယ်နဲ့ ကျွန်တော့်ကို ပေါင်ပေါ် ခေါင်းတင်ခိုင်းပြီး နားဖာကလော်ပေးရင်း ခင်ပွန်းဖြစ်သူအကြောင်း လွမ်းလွမ်းဆွေးဆွေး ပြောနေတဲ့ မေမေ့မျက်နှာကို မော့ ကြည့်နေမိတယ်။
ဟုတ်တယ်၊ ငယ်ငယ်လေးကတည်းက ကျွန်တော်က ဖေဖေနဲ့ တစ်ထေရာတည်း။ တကယ်က ရုပ်တင်မ ဟုတ်ဘူး။ တချို့အမူအကျင့်တွေပါတူတယ်လို့ ပြောရမယ်။ ဇွတ်တရွတ်လုပ်တာ၊ မဟုတ်ရင် မခံချင်တာ၊ တစ်ခါ တစ်ခါ စိတ်တိုတတ်တာက အခုကြီးလာမှ နည်းနည်း ထိန်းသွားတာ။
အဲသလိုတူလို့လားတော့ မသိပါဘူး။ ဖေဖေနဲ့က သိပ်မတည့် ချင်။ အထွန့်ကလည်း ပြန်ပြန်တက် လိုက်သေး။
" ဟေ့ကောင်၊ ၀ါးခြမ်းမြင်ပေမယ့် ဖအေက ၀ါးလုံးဆိုရင် လုံးလိုက်။ ငါကအဖေ မင်းကသား" တဲ့။
ဘယ်ကျေနပ်မလဲ။ ဒါက ၀ါးခြမ်းပဲဥစ္စာ။
"အိုးထိန်းသည်က အိုးကိုတဖတ်ဖတ် ရိုက်နေတာ အိုးကို ကောင်းသထက်ကောင်းအောင်၊ လှသထက် လှအောင်ကွ၊ နားလည်လား။ ရိုက်ချင်လို့ ရိုက်နေတာမဟုတ်ဘူး" တင်ပါးမှာ အရှိုးရာ အထပ်ထပ်၊ တဖျဉ်းဖျဉ်း စပ်နေတဲ့ ကျွန်တော်က ' အိုးမှ မဟုတ်တာ ' လို့ အဲဒီတုန်းက ပြန်မပြောရဲပေမယ့် လည်ချောင်းထဲမတော့ ကလိကလိ။ သားတွေကို ကွယ်ရာမှာ ချီးကျူးပေမယ့် " သားသမီးချစ်ရင် ကွယ်ရာမှာချစ်၊ ရှေ့မှာမချစ်နဲ့တဲ့။
တစ်ည ကျွန်တော်တို့ ည်ီအကိုအိပ်နေတုန်းအိပ်ပျော်ပြီအထင်နဲ့ ခြင်ထောင်ကိုအသာမပြီး ခိုးနမ်းခဲ့တုန်း က နှုတ်ခမ်မွေးတိုစစက အခုထိ ရှတတလေ။
ဆံပင်ရှည်မထားရ၊ ဂျင်းဘောင်းဘီမ၀တ်ရ၊ ဂီတာမတီးရ၊ ၀တ္ထုမဖတ်ရ၊ ဆေးလိပ်မသောက်ရ မလုပ် ရပေါင်းများစွာ များစွာ။
ဘယ်လိုနေ၊ ဘယ်လိုစား၊ ဘယ်လိုပြော၊ ဘယ်လိုပေါင်းများစွာ။ အဲဒီတော့ ဘာကိစ္စ ဖြစ်ဖြစ် မေမေ့ အပူကပ်၊ အဆူခံရရင် မေမေက ကာဆီးကာဆီး။
ဖေဖေက သားတွေ အရွယ်ရောက်လာတော့ ညီအစ်ကိုတွေလို ဆက်ဆံလာတယ်ဆိုတာတောင် ငယ်ငယ်က ရွံ့တွန့်တွန့်စိတ်က စွဲနေဆဲ။ မေမေက ကျွန်တော့်နဖူးကိုသပ်ပေးနေရ င်း……
"သားဖေဖေကလေ သိပ်သနားဖို့ကောင်းတာ။ အပြင်ပန်းကြည့်ရင် တကယ့် လူကြမ်း၊ စိတ်ကြမ်း၊ ဘ၀က လည်းကြမ်းခဲ့တာကိုး။ သားတွေကို သူ့ထက်သာရမယ်။ တော်ရမယ် ဆိုပြီး သိပ်ဖြစ်စေချင်တာ။
သား ကပြောဖူးတယ်ဆို ငယ်ငယ်က အရမ်းရိုက်ခဲ့တာတွေ တွေးမိရင် တစ်ခါတလေ စိတ်နာတယ်လို့။ အဲဒါ မေမေ့ကိုပြန်ပြောပြပြီး တော်တော်စိတ်ထိခိုက်သွားတာ။
သားဖေဖေကလေ ဘယ်လောက် ပင်ပန်းပင်ပန်း သားတွေရှေ့ ဘယ်တော့မှ မညည်းဘူး။
ရုံးမှာ အလုပ်တွေများတဲ့အခါ၊ တစ်ရုံးလုံး လစာစာရင်းတွေ ရိုက်တဲ့
အခါတွေများဆို လက်တောင်ကိုက်တယ်တဲ့။
သားဖေဖေရဲ့ ညာလက်ညှိုးလေးသတိထားမိလား။ ငယ်ငယ်က ခူနာပေါက်ပြီး လက်ညှိုးထိပ်လေး တစ်ခြမ်းစားထားတာ။ အဲဒီ လက်ညှိုးလေးက ရိုက်ပါများရင် တစစ်စစ်နဲ့……."
ငူငူကြီးထိုင်၊ တွေတွေကြီးငေးရင်း အခန်းရှေ့ ကျွန်တော့် ဖန်သားပြင်ထက်စိုက်ကြည့်နေမိ။
မျဉ်းကောက်၊ မျဉ်းကွေးမရှိ။ မျဉ်းဖြောင့်တွေ အတိပြီးတဲ့ ကျွန်တော့်ရဲ့
ဖန်သားပြင်ပေါ်။ လေးတိလေးတွဲ ဖြတ်ဝင်လာတဲ့ တိမ်စိုက်တိမ်လိပ်တစ်အုပ်။
အမျှင်တန်းပြီး ပြတ်တောင်းပြတ်တောင်း။ ကျန်ခဲ့တဲ့ တိမ်စတိမ်နတချို့။
တရွေ့ရွေ့…တရွေ့ရွေ့…. မျက်စိတစ်ဆုံးပါပဲ။
ရာဇဂြိုဟ်ပြည်အစွန် ဂိဇ္ဈကုဋ်တောင်ခြေ၊ တောင်စောင်းတစ်ခုက ဥမင်လိုဏ်။ အဲဒါ ဗိမ္မိသာရမင်းကြီးရဲ့ အချုပ်ခန်း။ အကျဉ်းထောင်။
ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာ့ ငါးဆယ်ခန့်
ဗိမ္မိသာရမင်းကြီး တစ်ယောက် ခူနာပေါက်ခဲ့တဲ့ သူ့ သားလက်ကလေး
ပြန်တွေးမိပါ့မလား မသေချာ။ ညာလှမ်းတယ်နဲ့ စင်္ကြံလျှောက်နေမှာပေါ့။
ကျွန်တော့်မှာတော့ ခူနာပေါက်ခဲ့လို့ တစ်ခြမ်းစားထားတဲ့ ဖေဖေ့ရဲ့ ညာဘက် လက်ညှိုးထိပ်ကလေးက မျက်ဝန်းထဲကမထွက်။ အဲဒီ လက်ညှိုးလေး ခူနာကြောင့် တစ်ခြမ်းစားထားတဲ့ လက်ညှိုးလေး။
ဖြောက် ဖြောက် ဖြောက် ဖြောက် ဖြောက် ဖြောက် နဲ့ လက်နှိပ်စက်ပေါ်မှာ တက်လိုက်၊ ဆင်း လိုက်၊ ပြေးလိုက်၊ လွှားလိုက်။
သားနှစ်ယောက် လူလားမြောက်အောင် ရှာဖွေကျွေးခဲ့တဲ့ လက်ညှိုးလေး။ သွန်သင်ဆုံးမ လမ်းညွှန်ပြခဲ့တဲ့ လက်ညှိုးလေး။
သြော် အဲဒီ လက်ညှိုးလေး ကျွန်တော်တို့ ဘ၀ထဲက ကွယ်လွန်သွားခဲ့တာ ဘာလိုလိုနဲ့ ဆယ့်စုနှစ် နှစ်ခုရှိပြီ။
ဘုရင်ဗိမ္မိသာရရဲ့ ဖခင်မေတ္တာကို ဖျတ်ကနဲ ပြခဲ့တာက သားဖြစ်သူရဲ့ လက်မှာပေါက်တဲ့ ' ခူနာ' ။
နားထဲမှာ လက်နှိပ်စက်သံက တဖြောက်ဖြောက်။ အာရုံထဲမှာ ပုံရိပ်လွှာတွေက တစ်ချပ်ပြီးတစ်ချပ် ထင်ဟပ်လို့။
စာရေးသူ ကိုကိုကြီးသည် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား
ဟောင်းတဦးလည်းဖြစ်ကာ ယခုအခါ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတွင် ဦးဆောင်တာဝန် ယူနေသူ တဦးလည်းဖြစ်သည်။
ကိုကိုကြီး ရေးသားခဲ့သော ခံစားမှု စာစုများကို မကြာမီကာလတခုမှာ အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ စာအုပ် အဖြစ် စုစည်း ထုတ်ဝေသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
(၁) "ဖခင်ဘုရင်ကြီးမှာ မကြားလိုပါ xxx မကြား xx လိုပါ xxx သားလှလေးရဲ့လက်မှာ ခူနာပေါက်တဲ့အခါ xxx ဘုရင်ဗိမ္မိသာရ ချစ်လှတဲ့ဘုရင်ကြီးခမျာ xxx အို xx အေး xx အို xxx တေးဆိုညဉ်းကာ သားငယ်ရဲ့
ဝေဒနာကိုသာ xxx ပျောက်ပါစေတော့ xxx အာခံတွင်းထဲမှာ xxx သွင်းကာ ငုံထားရာ xx အနာပြည် မှည့် လေသောအခါ xxx အာခံတွင်းထဲမှာ xxx ပေါက်ပြန်လေတော့တာ xxx ဖခင်မှာမြိုခါချရှာ"
အသံကဝေမ လို့တောင် ကျော်ကြားတဲ့ အဆို ပါရမီရှင်ရဲ့ ဗိမ္မိသာရ ရုပ်ရှင် ဇာတ်ဝင်သီချင်းက ဟိုတစ်စ ဒီတစ်စနဲ့ သောတ အာရုံကတစ်ဆင့် နှလုံးသားအိမ်ထဲအထိ ပဲ့တင်ထပ်လို့။
မိခင်မေတ္တာဘွဲ့တွေရေးကြ၊ ဆိုကြ၊ ဖွဲ့နွဲ့လိုက်ကြတာတွေ တစ်ပုံတစ်ပင်ထဲမှာရှားရှား
ဇာတ်ဆောင်တွေက အထင်ကရ၊ ဖခင်က မြတ်စွာဘုရားရဲ့ ဒကာရင်း ဥပါသိကာ ဗိမ္မိသာရမင်းကြီး။ သားဖြစ်သူက ပဉ္စနန္တိယ ကံကြီး ကျူးလွန်ပြီးမှ မြတ်စွာဘုရားအဆုံးအမ ခံယူ၊ နောက် ပထမ သံဃာယနာ တင် ပုဂ္ဂိုလ်ဖြစ်လာတဲ့ အဇာတသတ်မင်း။
မယ်တော်ဝေဒဟီ မိဖုရားခေါင်ကြီးနဲ့ အရှင်လတ်လတ် မြေမြိုခံခဲ့ရတဲံ ဒေ၀ဒတ်တို့ ဇာတ်ပို့တွေ။ ဒီလောက် အားကောင်းတဲ့ ဇာတ်ဆောင်၊ ဇာတ်ပို့တွေနဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ဇာတ်တော်ကြီးပါပဲ။
မှတ်သားစရာ၊ သင်ခန်းစာယူစရာ၊ ကြေကွဲစရာ၊ ၀မ်းနည်းတုန်လှုပ်စရာတွေ အဲဒီ…. အဲဒီ အရာတွေကြား ကျွန်တော့်ရင်ထဲအထိ တစစ်စစ် ကိုက်ခဲ ခံစာစေခဲ့တဲ့ ဇာတ်ကောင်ကတော့ "ခူနာ"။
အင်္ဂလိပ် လက်နှိပ်စက် လက်ကွက်ပုံစံကို စက္ကူကတ်ထူပေါ်ကူးဆွဲ၊ လက်နှစ်ဖက်ကို ပုံသေ လက်ကွက်ပေါ် အသာတင်ရင်း ပါးစပ်ကလည်း အသံထွက် လက်ကလည်း အချက်ကျကျ ရိုက်လို့။
'ASDFGF;LKJHJ' လက်ညှိုးလေးနှစ်ချောင်းက နည်းနည်းပိုဂရုစိုက်ရတယ်။
ကျန်တဲ့ လက်ချောင်းတွေက တစ်လုံးစီပဲ ရိုက်ရတာ။ လက်ညှိုး က နှစ်လုံး။ အပေါ်နှစ်တန်းကို တက်ရိုက်
တော့လည်း နှစ်လုံး၊ အောက်ဆင်းရိုက်တော့လည်း နှစ်လုံး ဒီလက်ညှိုးက စာလုံးရေ နှစ်ဆ ရိုက်ရတယ်။ ရိုက်တာပျော့ရင် စာလုံးက မှိန်ချင်သေး။ မိတ္တူသုံးလေးစောင် ကာဘွန်ခံပြီး ထပ်ရိုက်ရ လို့ကတော့ နည်းနည်း ဖိရိုက်မှ ကျွန်တော်ကတော့ ကစားစရာ အသစ်ရတဲ့ ကလေးလို အတွေ့အကြုံသစ်၊ သင်ခန်းစာ အသစ်ထဲ အာရုံမြှုတ်လို့။
'ASDFGF;LKJHJ' 'ASDFGF;LKJHJ'
"ဟေ့ကောင်…. အဲဒါဘာလုပ်နေတာလဲ"
နောက်နားက မာမာထန်ထန်မေးလိုက်တဲ့ ဖေဖေ့ အသံကြောင့် ဆတ်ခနဲ လန့်သွားပြီး။
" သား… သား…. လက်နှိပ်စက် သင်နေတာ ဖေဖေ"
" ဘာကွ၊ မင်းက လက်နှိပ်စက်စာရေးလုပ်ချင်လိ
ခါတိုင်းရုံးကပြန်နေကျ အချိန်မဟုတ်၊ အစောကြီးပြန်လာပြီး ပေါက်ကွဲနေတဲ့ ဖေဖေ့ကို …..
"ကျောင်းကလည်း ပိတ်ထားတဲ့ အချိန်မို့ပါ ဖေဖေရာ"
ပြန်ပြောတာမကြိုက်မှန်း၊ ဖေဖေ ဒေါသကြီးမှန်းသိတဲ့ ကြားက နည်းနည်းလေးတော့ ပြန်ပြောလိုက်ရမှ ရိုက်ခါမှ ရိုက်ရော၊ အဲဒီ အကျင့်ကမပျောက်။
"ဟေ့ကောင်… အားနေရင် မင်းအမေဆိုင်မှာ ၀ိုင်းကူ၊ နောက်လာမယ့် အတန်းအတွက် စာ ကြိုကြည့်၊ လုပ်စရာတွေ အများကြီး"
" ဟာ၊ ဒီသားအဖ ဘာတွေဖြစ်ကြပြန်ပြီလဲ။ ခင်ဗျား ရုံးကပြန်လာတာလည်းစောလှချည်
တော်ပါသေးရဲ့၊ ဖေဖေနဲ့ တစ်မြို့ တည်းသား ရန်ကုန် တက်လာတော့လည်း အတူတူ။ ညီအစ်ကိုလလို ချစ်ကြတာ။ မိသားစုချင်းကလည်း နှစ်အိမ့်တစ်အိမ်။ အိမ်နီးချင်း လည်း ဖြစ်နေတဲ့ ဖေဖေ့ သူငယ်ချင်း။ အဲဒီဦးဦး ရောက်လာတာနဲ့ အသာလေး လစ်ထွက်လာခဲ့ရတာ။
ကျွန်တော့် လွတ်မြောက်နယ်မြေကတော့ မေမေရှိရာ။ မေမေ့ဆိုင်ကို ဦးတည်လျှောက်လာရင်း လည်း စဉ်းစားနေမိတယ်။ ကျောင်းအားရက် ကြက်ခြေနီသင်တန်း၊ အခြေခံစစ်ရေးပြု လက်နက်မဲ့ သိုင်းသင်တန်း၊ အခြေခံ စစ်ရေးပြု လက်နက်မဲ့ သိုင်းသင်တန်းတွေတက်ခဲ့တာပဲ
" သား ဘာဖြစ်လာလဲ။ မျက်နှာကလည်း စူပုပ်လို့။ ဖေဖေနဲ့တွေ့ခဲ့လား"
ကျွန်တော့်ကို စူပုပ်နေတာပဲပြောတဲ့ မေမေကလည့်း မျက်နှာမကောင်း။
"တွေ့တယ်၊ ဖေဖေ အိမ်ထဲဝင်လာတာတောင် မသိလိုက်ဘူး။ သားက လက်နှိပ်စက သင်ထား တာ ပြန် ကျင့်နေတုန်း ဆူလိုက်တာမေမေရာ။ အသားလွတ်ကြီး အဲဒီတုန်းက ဦးဦးရောက်လာလို့ လစ်ထွက် လာတာ"
မေမေက သက်ပြင်းရှည်ကြီးတစ်ချက်မှု
" သားဖေဖေ ဒီနေ့ အလုပ်က ထွက်စာ တင်လာခဲ့တာသားရဲ့။ မန်နေဂျာက ခင်ဗျား အပြင် အလုပ်ကောင်း
နေရင် ဘာလို့ ရုံးအလုပ်လုပ်နေလဲပြောလို့ ဒေါသထွက်ပြီး တစ်ခါတည်းထွက်တယ်ဆိုပြီး စာတင်ခဲ့ တာ။
တော်တော်လည်းပြောပစ်ခဲ့တယ်"
သူ့အလုပ်တာဝန်တစ်ခါမှ မပျက်ကွက်ခဲ့တဲ့ အကြောင်း၊ လက်နှိပ်စက် စာရေးလစာက မိသားစု မလောက် မင၊ အမျိုးသမီးဆိုင်ထွက်ကူရလို
ဒီရုံးက မိသားစုလိုဖြစ်နေတဲ့အကြောင်
ဌာနခွဲစာရေးကြီးကဆို ထွက်စာ သူ့ကိုပေးထား၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့ ဆိုပြီး ပြောရှာပါသေးတယ်။
"အဲဒါ သားက နည်းနည်းသတိထား။ ဖေဖေ့ကို စိတ်ထဲကလည်း မပြစ်မှားနဲ့။ ဖေဖေက သားတို့ကို သိပ်ချစ် တာ၊ ပညာတတ်ကြီးတွေ ဖြစ်စေချင်တာ။ သူ့စိတ်ထဲ သားနှစ်ယောက်ကို စိတ်ကူးတွေယဉ်နေတာ။ ဖြစ်စေ ချင်လိုက် တာတွေ မပြောပါနဲ့တော့ သားရယ်။ ဒီရက်ထဲ သားဖေဖေ စိတ်ကလည်းထွေနေမှာ။ သူ
ဒေါသဖြစ်နေတဲ့အချိန် ပြန်မပြောနဲ့နော်။ သားကလိမ္မာပါတယ်။"
လူပျိုပေါက်အရွယ်သားကို ကလေးလေးတစ်ယောက်လို ဖက်ထားရင်းပြောပြနေတဲ့ မေမေ့အသံက ရှိုက်သံ တစ်ဝက်ပဲ။
ကျွန်တော့်ရင်ထဲမှာလည်း ဆို့ဆို့နင့်နင့်။ "ဖေဖေ သားတွေကို ချစ်တော့ချစ်မှာပါ။ ဒါပေမယ့် အခု
မေမေ့လို အေးအေးဆေးဆေး ရှင်းပြလည်းရတာပဲဟာ။
လောလောလတ်လတ် အဆူခံထားရလို့ မကျေနပ်တာကတစ်ပိုင်း၊ ဖေဖေ့ အကြောင်းကြားလိုက်ရတော့ စိတ်ထိခိုက်သွားတာက တစ်ပိုင်းနဲ့ အတွေးတစ်ခုက ခေါင်းထဲရောက်လာသေးတယ်။
မေမေက သိပ်ပြီးနူးညံ့တာ၊ အမြဲတမ်းပြုံးလို့။ ၀မ်းနည်းလို့ စိတ်ထိခိုက်ရင်တောင် ကြိတ်ငိုတာ။
ခွန်းကြီးခွန်းငယ် ပြန်ပြောတာကို မတွေ့ဖူးဘူး။ သားနှစ်ယောက်ကိုလည်း အရမ်းချစ်၊ အရမ်းစိတ်ရှည် တာ။ ဖေဖေ သာ အဲဒီလို စိတ်ရှည်နူးညံ့ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့
ဖေဖေက ဇလွန်သား၊ ခုနှစ်နှစ်သား မှာ မအေဆုံးတယ်။ ဖအေက တကယ့် လူရိုးလူအေး။ ဆွေမျိုးတွေ ၀ိုင်းစီစဉ်လို့ ခယ်မဖြစ်သူနဲ့ လက်ဆက်လိုက်တော့ ဖေဖေက အဒေါ်မိထွေးလက်ပေါ်ကြီးရတယ်။
ဖအေ စက်ဆရာက ဆန်စက်တည်ဖို့၊ ပြင်ဖို့ လာခေါ်ရင် ညအိပ်ညနေ ထွက်ထွက်သွားရတော့ အိမ်ကပ်ရ တယ်မရှိဘူး။ ဖေဖေကျောင်းနေတဲ့ အရွယ်မှာ စစ်ကြီးကဖြစ်တော့ စာသင်တာကမမှန်၊ ရန်ကုန်ကို ဇွတ်ရွတ် တက်လာတော့ ကားစပယ်ယာ လုပ်လိုလုပ်၊ ဧရာဝတီသင်္ဘောလိုက်လိုလိုက်။
အဲဒီကြားထဲက အလွတ်ပညာသင်ကျောင်းတက်။ ခုနှစ်တန်းဖြေ၊ နောက်အတန်းခုန်ပြီးတော့ ကိုးတန်း။ ဟိုတုန်းက အခေါ်ဟိုက်စကူး ဖိုင်နယ် ၀င်ဖြေပြီးအောင်။ သိန်းတစ်ရာ လက်နှိပ်စက်သင်တန်းတက်။
တကယ့်ကိုယ့်ဒူးကိုယ်ချွန်ခဲ
ပါလီမန်ခေတ်၊ ဒီဘက်စုမိဆောင်းမိရှိသမျှလေ
မကြာပါဘူး။ ပြည်သူပိုင်တွေသိမ်းလိုက်တေ
ဖြစ်တော့တာပါပဲ။
အရာရှိက အမျိုးမျိုး၊ လက်ရေးကအဖုံဖုံ။ ကြည့်လေ ကပျစ်ကညစ်ရေးထားတာတွေလည်း ပါရဲ့။ ရေးပြီး သားတွေ ပြန်ဖျက် ၊ အောက်ခြေကမြားပြ၊ ဘေးကိုဆွဲထုတ်၊ စာကြားထဲ ဒေါက်ထောက် အောက်ခြေ ကထပ်ဖြည့်နှင့်စုံလို့။ အဲဒါ တစ်ခါက နှစ်ခါ ပြန်မေးရင် ဆူလိုက်ဟောက်လိုက်လုပ်သေးဆိ
ဒါတောင် ဖေဖေက ရုံးစာပုံစံတွေဆို အလွတ်ရပြီးသား။ လုပ်ငန်းကျွမ်းကျင်သူမို့ ကိုယ့်ဘာကိုယ် ပဲ ပြင် စရာရှိပြင်၊ ဖြည့်စရာရှိ ဖြည့်ရိုက်ပြီး လက်မှတ်ထိုးရုံသွားပေးရတာတဲ
အင်း…. အခုမှခက်တော့တာ။ ဖေဖေ့ကြည့်ရတာ နေမထိ၊ ထိုင်မထိ။ အလုပ်လေးရှိနေတုန်းကတော့ ဣနြေ္ဒရတာတော့ အမှန်။ အခုတော့ သားအကြီးက စကောစကအရွယ်၊ သားအငယ်က ကလေးသာသာ။
အိမ်ထောင်ဦးစီးတစ်ယောက်အနေ
အသက်အာမခံစုငွေ၊ လုပ်သက်ခံစားခွင့် ဆုငွေလေးရတာရယ်ကြောင့် တော်သေး တာပေါ့။ မေမေ့ ဆိုင်လေးကိုလည်း ထပ်ပြီးတိုးချဲ့ရင်းနှီးလို
ဖေဖေ့မိတ်ဆွေ စာရေးကြီးတစ်ယောက်က ဖေဖေကုမ္ပဏီ အတွေ့အကြုံရှိမှန်း သိလို့ နိုင်ငံခြားသစ်ကုမ္ပဏီ တစ်ခုအတွက် လာကမ်းလှမ်းတာနဲ့ လုပ်ဖြစ်သွားတယ်။ သက်ဆိုင်ရာဌာန အသီးသီးဝင်ရ၊ ထွက်ရ၊ လုပ်ရတာဆိုပေမယ့် လက်နှိပ်စက်ကတော့ဖေဖေ့အတွက်
"သားကလေ နားဖာကလော်ရင် အမြဲတမ်းချောင်းဆိုးတယ်။ ဖအေနဲ့တစ်ပုံစံတည်း"
မကြီးမငယ်နဲ့ ကျွန်တော့်ကို ပေါင်ပေါ် ခေါင်းတင်ခိုင်းပြီး နားဖာကလော်ပေးရင်း ခင်ပွန်းဖြစ်သူအကြောင်း လွမ်းလွမ်းဆွေးဆွေး ပြောနေတဲ့ မေမေ့မျက်နှာကို မော့ ကြည့်နေမိတယ်။
ဟုတ်တယ်၊ ငယ်ငယ်လေးကတည်းက ကျွန်တော်က ဖေဖေနဲ့ တစ်ထေရာတည်း။ တကယ်က ရုပ်တင်မ ဟုတ်ဘူး။ တချို့အမူအကျင့်တွေပါတူတယ်လ
အဲသလိုတူလို့လားတော့ မသိပါဘူး။ ဖေဖေနဲ့က သိပ်မတည့် ချင်။ အထွန့်ကလည်း ပြန်ပြန်တက် လိုက်သေး။
" ဟေ့ကောင်၊ ၀ါးခြမ်းမြင်ပေမယ့် ဖအေက ၀ါးလုံးဆိုရင် လုံးလိုက်။ ငါကအဖေ မင်းကသား" တဲ့။
ဘယ်ကျေနပ်မလဲ။ ဒါက ၀ါးခြမ်းပဲဥစ္စာ။
"အိုးထိန်းသည်က အိုးကိုတဖတ်ဖတ် ရိုက်နေတာ အိုးကို ကောင်းသထက်ကောင်းအောင်၊ လှသထက် လှအောင်ကွ၊ နားလည်လား။ ရိုက်ချင်လို့ ရိုက်နေတာမဟုတ်ဘူး" တင်ပါးမှာ အရှိုးရာ အထပ်ထပ်၊ တဖျဉ်းဖျဉ်း စပ်နေတဲ့ ကျွန်တော်က ' အိုးမှ မဟုတ်တာ ' လို့ အဲဒီတုန်းက ပြန်မပြောရဲပေမယ့် လည်ချောင်းထဲမတော့ ကလိကလိ။ သားတွေကို ကွယ်ရာမှာ ချီးကျူးပေမယ့် " သားသမီးချစ်ရင် ကွယ်ရာမှာချစ်၊ ရှေ့မှာမချစ်နဲ့တဲ့။
တစ်ည ကျွန်တော်တို့ ည်ီအကိုအိပ်နေတုန်းအိပ်ပျော
ဆံပင်ရှည်မထားရ၊ ဂျင်းဘောင်းဘီမ၀တ်ရ၊ ဂီတာမတီးရ၊ ၀တ္ထုမဖတ်ရ၊ ဆေးလိပ်မသောက်ရ မလုပ် ရပေါင်းများစွာ များစွာ။
ဘယ်လိုနေ၊ ဘယ်လိုစား၊ ဘယ်လိုပြော၊ ဘယ်လိုပေါင်းများစွာ။ အဲဒီတော့ ဘာကိစ္စ ဖြစ်ဖြစ် မေမေ့ အပူကပ်၊ အဆူခံရရင် မေမေက ကာဆီးကာဆီး။
ဖေဖေက သားတွေ အရွယ်ရောက်လာတော့ ညီအစ်ကိုတွေလို ဆက်ဆံလာတယ်ဆိုတာတောင် ငယ်ငယ်က ရွံ့တွန့်တွန့်စိတ်က စွဲနေဆဲ။ မေမေက ကျွန်တော့်နဖူးကိုသပ်ပေးနေရ
"သားဖေဖေကလေ သိပ်သနားဖို့ကောင်းတာ။ အပြင်ပန်းကြည့်ရင် တကယ့် လူကြမ်း၊ စိတ်ကြမ်း၊ ဘ၀က လည်းကြမ်းခဲ့တာကိုး။ သားတွေကို သူ့ထက်သာရမယ်။ တော်ရမယ် ဆိုပြီး သိပ်ဖြစ်စေချင်တာ။
သား ကပြောဖူးတယ်ဆို ငယ်ငယ်က အရမ်းရိုက်ခဲ့တာတွေ တွေးမိရင် တစ်ခါတလေ စိတ်နာတယ်လို့။ အဲဒါ မေမေ့ကိုပြန်ပြောပြပြီး တော်တော်စိတ်ထိခိုက်သွားတာ။
သားဖေဖေရဲ့ ညာလက်ညှိုးလေးသတိထားမိလား။ ငယ်ငယ်က ခူနာပေါက်ပြီး လက်ညှိုးထိပ်လေး တစ်ခြမ်းစားထားတာ။ အဲဒီ လက်ညှိုးလေးက ရိုက်ပါများရင် တစစ်စစ်နဲ့……."
ငူငူကြီးထိုင်၊ တွေတွေကြီးငေးရင်း အခန်းရှေ့ ကျွန်တော့် ဖန်သားပြင်ထက်စိုက်ကြည့်နေမ
ရာဇဂြိုဟ်ပြည်အစွန် ဂိဇ္ဈကုဋ်တောင်ခြေ၊ တောင်စောင်းတစ်ခုက ဥမင်လိုဏ်။ အဲဒါ ဗိမ္မိသာရမင်းကြီးရဲ့ အချုပ်ခန်း။ အကျဉ်းထောင်။
ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာ့
ကျွန်တော့်မှာတော့ ခူနာပေါက်ခဲ့လို့ တစ်ခြမ်းစားထားတဲ့ ဖေဖေ့ရဲ့ ညာဘက် လက်ညှိုးထိပ်ကလေးက မျက်ဝန်းထဲကမထွက်။ အဲဒီ လက်ညှိုးလေး ခူနာကြောင့် တစ်ခြမ်းစားထားတဲ့ လက်ညှိုးလေး။
ဖြောက် ဖြောက် ဖြောက် ဖြောက် ဖြောက် ဖြောက် နဲ့ လက်နှိပ်စက်ပေါ်မှာ တက်လိုက်၊ ဆင်း လိုက်၊ ပြေးလိုက်၊ လွှားလိုက်။
သားနှစ်ယောက် လူလားမြောက်အောင် ရှာဖွေကျွေးခဲ့တဲ့ လက်ညှိုးလေး။ သွန်သင်ဆုံးမ လမ်းညွှန်ပြခဲ့တဲ့ လက်ညှိုးလေး။
သြော် အဲဒီ လက်ညှိုးလေး ကျွန်တော်တို့ ဘ၀ထဲက ကွယ်လွန်သွားခဲ့တာ ဘာလိုလိုနဲ့ ဆယ့်စုနှစ် နှစ်ခုရှိပြီ။
ဘုရင်ဗိမ္မိသာရရဲ့ ဖခင်မေတ္တာကို ဖျတ်ကနဲ ပြခဲ့တာက သားဖြစ်သူရဲ့ လက်မှာပေါက်တဲ့ ' ခူနာ' ။
နားထဲမှာ လက်နှိပ်စက်သံက တဖြောက်ဖြောက်။ အာရုံထဲမှာ ပုံရိပ်လွှာတွေက တစ်ချပ်ပြီးတစ်ချပ် ထင်ဟပ်လို့။
စာရေးသူ ကိုကိုကြီးသည် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆေ
ဟောင်းတဦးလည်းဖြစ်ကာ ယခုအခါ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတွင် ဦးဆောင်တာဝန် ယူနေသူ တဦးလည်းဖြစ်သည်။
ကိုကိုကြီး ရေးသားခဲ့သော ခံစားမှု စာစုများကို မကြာမီကာလတခုမှာ အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ စာအုပ် အဖြစ် စုစည်း ထုတ်ဝေသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ခပ်လန်းလန်း ကောင်မလေး တစ်ယောက်ရှိတယ်ဗျ..။
ဘယ်ပြောကောင်းမလဲ… ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက်လုံး တစ်ယောက် မကျန်
ဝိုင်းကြောင်ကြတာပေါ့ဗျာ… ဒါပေမယ့်.. ဖြစ်ဖြစ် မြောက်မြောက် တစ်ကောင်မှ
မရှိတဲ့ အတွက် မရလိုက်ပါဘူး..။ ဟိုလူလိုလို ဒီလူလိုလိုနဲ့ ပါးစပ်အရသာ
ခံရင်း ကောင်မလေးကတော့ ကျွန်တော်တို့အဖွဲ့ထဲက ဘယ်တစ်ယောက်ကိုမှ စိတ်မ၀င်စားခဲ့ဘူး..။
တစ်နေ့……. ကြားလိုက်ရတဲ့ သတင်းက ကောင်မလေး ဆုံးသွားပြီတဲ့..။ ညနေ ကျောင်းကအပြန်မှာ ဆိုင်ကယ် ကားနဲ့ ၀င်တိုက်တာ ပွဲချင်းပြီးဆိုပဲ…။ ကျွန်တော်တို့ တစ်သိုက် စိတ်မကောင်းဖြစ်ရုံက လွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူးလေ…။ ညနေကျတော့ လူစုပြီး မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ထုံးစံအတိုင်း ဝေယျာဝစ္စတွေ ကူညီလုပ်ကိုင်ပေးဖို့ ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် ထွက်ခဲ့ကြတာပေါ့ဗျာ…။
ကောင်မလေးက တစ်ဦးတည်းသော သမီးပါ..။ မိသားစုက အရမ်း မချမ်းသာတဲ့ လူလတ်တန်းစားထဲကပါ..။ အဖေရော အမေရော အစိုးရ၀န်ထမ်းတွေဖြစ်ပြီး ကောင်မလေးကလည်း တက္ကသိုလ်မှာ M.A ဆက်တက်နေတာ ဆိုတော့ ပညာတတ် မိသားစုလို့ ပြောလို့ရပါတယ်..။
ကျွန်တော်တို့ ရောက်သွားတော့ ကောင်မလေး မိဘတွေကို မြင်ရတာ စိတ်မကောင်းစရာပါပဲ..။ ငိုထားရလွန်းလို့ မျက်လုံးတွေမို့နေပြီး အမေဖြစ်သူဆိုရင် အသံဝင်ပြီး အသံတောင် မထွက်ချင်တော့ပါဘူး..။ ကျွန်တော်တို့လည်း သတင်းမေး..နှစ်သိမ့်ပြီး.. မဏ္ဍပ်ဆောက်ဖို့နဲ့ အခြားဝေယျာဝစ္စတွေ လုပ်ဖို့အတွက် တာဝန်ကိုယ်စီ ခွဲယူပြီး ဆောင်ရွက်ပါတော့တယ်…။
ကောင်မလေးတို့ မိသားစုက ကျွန်တော်တို့ ရပ်ကွက်ထဲကို ပြောင်းလာတာ သိပ်မကြာသေးတာကြောင့် အသိ မိတ်ဆွေတွေ သိပ်မရှိပါဘူး..။ ကျွန်တော်တို့အဖွဲ့ လာလိုက်တာ မှန်သွားတယ်..။ မဟုတ်ရင် သူတို့ အားငယ်နေမှာ သေချာတယ်..။ ခဏကြာတော့ အန်တီက
"ဒီမှာ ညအိပ်ပေးပါလား သားရယ်..၊ အန်တီတို့က နှစ်ယောက်တည်းဆိုတော့.."
"ရပါတယ် အန်တီရယ်…. စိတ်မပူပါနဲ့… ကျွန်တော်တို့ တစ်ဖွဲ့လုံး ညလုံးပေါက် ရှိမှာပါ…" ဆိုပြီး ကျွန်တော် အားပေးနှစ်သိမ့်လိုက်တယ်..။
ပြောရအုံးမယ်..။ ကောင်မလေးက ကားတိုက်ပြီး ပွဲချင်းပြီး ဆုံးတာဆိုတော့ သူ့အလောင်းကို အိမ်သယ်လို့ မရဘူးဗျ..။ ဆေးရုံက ရင်ခွင်ရုံမှာ ထားရတယ်..။
ဒီလိုနဲ့ မိုးလည်းချုပ်လာရော.. မီးလုံးတွေဖွင့်….. မြန်မာဓလေ့ ထုံးစံအတိုင်း ဖဲထုပ် ၀ယ်တဲ့သူက၀ယ်ပြီး ၀ိုင်းတွေ အသီးသီး စလိုက်ကြတယ်..။ ကျွန်တော်တို့အဖွဲ့ကတော့ မ၀င်သေးပဲ ဝေယျာဝစ္စတွေ လုပ်ကူနေတာပေါ့…။ ည (၁၁း၀၀) ကျော် (၁၂း၀၀) လောက်လည်းရောက်ရော စားပွဲပေါ်မှာ လူတွေ သိပ်မရှိတော့ဘူး..။ နောက်ဆုံးတော့ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း ၄ယောက်ပဲ ကျန်တော့တယ်..။ ဇာတ်လမ်းက အဲ့ဒီမှာ စတာပဲဗျို့…။
တစ်နေ့……. ကြားလိုက်ရတဲ့ သတင်းက ကောင်မလေး ဆုံးသွားပြီတဲ့..။ ညနေ ကျောင်းကအပြန်မှာ ဆိုင်ကယ် ကားနဲ့ ၀င်တိုက်တာ ပွဲချင်းပြီးဆိုပဲ…။ ကျွန်တော်တို့ တစ်သိုက် စိတ်မကောင်းဖြစ်ရုံက လွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူးလေ…။ ညနေကျတော့ လူစုပြီး မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ထုံးစံအတိုင်း ဝေယျာဝစ္စတွေ ကူညီလုပ်ကိုင်ပေးဖို့ ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် ထွက်ခဲ့ကြတာပေါ့ဗျာ…။
ကောင်မလေးက တစ်ဦးတည်းသော သမီးပါ..။ မိသားစုက အရမ်း မချမ်းသာတဲ့ လူလတ်တန်းစားထဲကပါ..။ အဖေရော အမေရော အစိုးရ၀န်ထမ်းတွေဖြစ်ပြီး ကောင်မလေးကလည်း တက္ကသိုလ်မှာ M.A ဆက်တက်နေတာ ဆိုတော့ ပညာတတ် မိသားစုလို့ ပြောလို့ရပါတယ်..။
ကျွန်တော်တို့ ရောက်သွားတော့ ကောင်မလေး မိဘတွေကို မြင်ရတာ စိတ်မကောင်းစရာပါပဲ..။ ငိုထားရလွန်းလို့ မျက်လုံးတွေမို့နေပြီး အမေဖြစ်သူဆိုရင် အသံဝင်ပြီး အသံတောင် မထွက်ချင်တော့ပါဘူး..။ ကျွန်တော်တို့လည်း သတင်းမေး..နှစ်သိမ့်ပြီး.. မဏ္ဍပ်ဆောက်ဖို့နဲ့ အခြားဝေယျာဝစ္စတွေ လုပ်ဖို့အတွက် တာဝန်ကိုယ်စီ ခွဲယူပြီး ဆောင်ရွက်ပါတော့တယ်…။
ကောင်မလေးတို့ မိသားစုက ကျွန်တော်တို့ ရပ်ကွက်ထဲကို ပြောင်းလာတာ သိပ်မကြာသေးတာကြောင့် အသိ မိတ်ဆွေတွေ သိပ်မရှိပါဘူး..။ ကျွန်တော်တို့အဖွဲ့ လာလိုက်တာ မှန်သွားတယ်..။ မဟုတ်ရင် သူတို့ အားငယ်နေမှာ သေချာတယ်..။ ခဏကြာတော့ အန်တီက
"ဒီမှာ ညအိပ်ပေးပါလား သားရယ်..၊ အန်တီတို့က နှစ်ယောက်တည်းဆိုတော့.."
"ရပါတယ် အန်တီရယ်…. စိတ်မပူပါနဲ့… ကျွန်တော်တို့ တစ်ဖွဲ့လုံး ညလုံးပေါက် ရှိမှာပါ…" ဆိုပြီး ကျွန်တော် အားပေးနှစ်သိမ့်လိုက်တယ်..။
ပြောရအုံးမယ်..။ ကောင်မလေးက ကားတိုက်ပြီး ပွဲချင်းပြီး ဆုံးတာဆိုတော့ သူ့အလောင်းကို အိမ်သယ်လို့ မရဘူးဗျ..။ ဆေးရုံက ရင်ခွင်ရုံမှာ ထားရတယ်..။
ဒီလိုနဲ့ မိုးလည်းချုပ်လာရော.. မီးလုံးတွေဖွင့်….. မြန်မာဓလေ့ ထုံးစံအတိုင်း ဖဲထုပ် ၀ယ်တဲ့သူက၀ယ်ပြီး ၀ိုင်းတွေ အသီးသီး စလိုက်ကြတယ်..။ ကျွန်တော်တို့အဖွဲ့ကတော့ မ၀င်သေးပဲ ဝေယျာဝစ္စတွေ လုပ်ကူနေတာပေါ့…။ ည (၁၁း၀၀) ကျော် (၁၂း၀၀) လောက်လည်းရောက်ရော စားပွဲပေါ်မှာ လူတွေ သိပ်မရှိတော့ဘူး..။ နောက်ဆုံးတော့ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း ၄ယောက်ပဲ ကျန်တော့တယ်..။ ဇာတ်လမ်းက အဲ့ဒီမှာ စတာပဲဗျို့…။
ကျွန်တော်လေးယောက် ၀ိုင်းပြီး ဖဲထိုင်ရိုက်နေကြတယ်..။ အန်တီတို့ကလည်း ကျွန်တော်တို့ဘေးမှာ ငူငူကြီး ထိုင်နေကြတယ်..။ ည (၁း၀၀) နာရီလောက်လည်း ရောက်ရော… အန်တီက..
"အမလေး..အမလေး…သမီး…သမီး…."
ဆိုပြီး ခြံတံခါးဝကို ပြေးထွက်သွားတယ်…။ ကျွန်တော်တို့လည်း ပြေးလိုက်သွားရတာပေါ့..။ ဘာဖြစ်လို့လဲ ဘာညာမေးတော့ ကောင်မလေးကို ခြံဝမှာတွေ့လိုက်တယ်တဲ့..၊ အိမ်ထဲကို အတင်းဝင်ချင်နေတာ ၀င်လို့ မရဖြစ်နေပုံပဲတဲ့..။ ကျွန်တော် နည်းနည်းတော့ ကြောက်သွားတယ်..။ ကိုယ်က ကြောက်နေရင် တခြားသူတွေ ပိုဆိုးနေမှာဆိုးတာနဲ့..
"သြော်..အန်တီရယ်.. အန်တီက ငိုထားလွန်းလို့ မျက်လုံးမို့ပြီး ထင်ယောင်ထင်မှား ဖြစ်တာပါ…" ဆိုပြီး နှစ်သိမ့်ပြီး အိမ်ထဲ ပြန်ခေါ်လာခဲ့တယ်..။
ဒီလိုနဲ့ ကျွန်တော်တို့ ဖဲဆက်ရိုက်ဖြစ်တယ်..။ ကျွန်တော့်စိတ်က ဖဲဝိုင်းထဲမှာ မရှိဘူး..။ ခြံတံခါးဝကိုပဲ ရောက်နေတယ်..။ ခဏကြာတော့ ခြံတံခါးဝကို ဖျတ်ခနဲ ကြည့်လိုက်တော့ လားး လားးး… ကောင်မလေးဗျို့… ခြံတံခါးဝဖွင့်နေတာ.. ဒါပေမယ့် ချက်ချင်းပဲ ..ကျွန်တော့်မြင်ကွင်းထဲကနေ
ကျွန်တော် ဝေခွဲမရဖြစ်နေတုန်းမှာ အန်တီက တစ်ခါ ပြေးဆင်းသွားပြီး ခြံတံခါးကို ဆွဲဖွင့်လိုက်တယ်..။
ပြီးတော့ "သမီး… လာ….လာ…. အိမ်ထဲဝင်… "
ဆိုပြီး လူတစ်ယောက်ကို လက်ဆွဲခေါ်လာတဲ့ပုံစံမျိုးနဲ
အန်တီကတော့ ဘယ်သူမှမရှိတဲ့ ကျွန်တော့်ဘေးကနေရာကိုကြည့်
ခဏကြာတော့ အန်တီက.. "သမီး.. ဘယ်သွားမလို့လဲ.." ဆိုပြီး မေးလိုက်တယ်..။ ကြမ်းခင်း တကျွီကျွီ မြည်သံကို ကြားလိုက်ရပြန်တယ်.. ကျွန်တော်ပျော်သွားတယ်.. ဟုတ်တယ်လေ.. သူ့ဟာသူ သွားချင်တဲ့နေရာသွား ကျွန်တော့်နား ရှိမနေရင် ပြီးရောလေ..။
အန်တီက သူ့သမီးသွားတဲ့နေရာကို လိုက်ကြည့်နေတယ်ထင်တယ်.။ သူ့မျက်လုံးက ရွှေ့လျားနေတယ်..။ ခဏကြာတော့ အန်တီ့အကြည့်က ကျွန်တော့် တည့်တည့်မှာ..။ အောင်မလေး…… ကောင်မလေး ကျွန်တော့် နောက်ကျောမှာ ရပ်နေပီ…။
"သမီး…ဘာလုပ်မလို့လဲ… အဲ့လို မလုပ်ရဘူးလေ..သမီး..အဲ့ဒါ သမီးရဲ့ သူငယ်ချင်းလေ.." အန်တီက ထိတ်လန့်စွာနဲ့ အော်ပြောလိုက်တယ်..။
ကျွန်တော် လည်း မျက်စိမှိတ်နေလိုက်ပြီး ရသမျှ ဘုရားစာတွေ စိတ်ထဲကနေ ရွတ်ဆိုနေလိုက်တယ်..။ ဟိုသကောင့်သားလေးကောင်နဲ့ ဦးလေးဆီကလည်း ဘာသံမှ မကြား…။ အကုန်လုံး ကြောက်ပြီး ကြောင်တောင်တောင် ဖြစ်ကုန်ကြပီထင်တာပဲ..။
"သမီး.. အဲ့လို မလုပ်နဲ့လို့ အမေ..ပြောနေတယ်နော်…အမေ့စကာ
ကျွန်တော်ကတော့ ဘာဆက်ဖြစ်မလဲ ကျွန်တော် ဆက်မတွေးတော့ဘူး..။ ကိုယ့်ကိုယ်ကို သေလူလို့ သတ်မှတ်ပြီး ဖြစ်ချင်ရာဖြစ် သဘောထားကာ ကောင်မလေးရဲ့ မျက်နှာကို မြင်ယောင်ပြီး စိတ်ထဲကနေ မေတ္တာပို့ပေးလိုက်တယ်…။
ကောင်မလေး ကောင်းရာမွန်ရာ ဘ၀ကို ရောက်ပါစေ…
ခဏကြာတော့… ကျွန်တော် အသက်ရှုကြပ်သလို ခံစားလာရတယ်..။ ပတ်ဝန်းကျင်ကို ဘာမှ သဲသဲ ကွဲကွဲ မမြင်ရတော့ဘူး..။ အဲ့နောက်.. ကျွန်တော် ဘာမှ မသိတော့ဘူး…။
ကျွန်တော် ပြန်သတိရလာတော့ အိမ်ရောက်နေပြီ..။ ကျွန်တော်က ကုတင်ပေါ်မှာ.. ကုတင်ဘေး ပတ်ပတ်လည် မှာ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ကျွန်တော့် မိသားစုကို တွေ့လိုက်ရတယ်..။
"အမေ..သားဘာဖြစ်သွားတာလဲ.."
"သားမနေ့ညက သရဲဝင်ပူးခံရတာလေ…"
"ဗျာ…ကောင်မလေး ၀င်ပူးတာလား.."
"ဟုတ်တယ် ဟရောင်.. ကောင်မလေးက မင်းကိုဝင်ပူးပြီး ငါတို့လေးယောက်ကို တံမြက်စည်း ဆွဲပြီး လိုက်ရိုက်တာဟေ့… ပြေးလိုက်ရတာကို မပြောနဲ့တော့..။ နောက်ပြီး မင်းပါးစပ်ကလည်း ပြောသေးတယ်…. သေနာကောင်တွေ… ငါ့ကို စချင်အုံးတဲ့.."
ကျွန်တော်တို့ နောက်ပိုင်း ကောင်မလေးအိမ်ကို မသွားဖြစ်ခဲ့ပါ..။ မသွားရဲတာကြောင့်လည်းပါသည်။
တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုတည်းမှာ ကျွန်တော်နှင့်နောက်
ထပ်လူနာတစ်ယောက်နှင့် နှစ်ယာက်တည်းသာရှိကြသည်။ သူလည်း ကျွန်တော့်လို အသည်းအသန် ရောဂါခံစားနေရသော လူနာဖြစ်သည်။ အခန်းလေးကကျဉ်းပြီး အပြင်ကိုကြည့်စရာ ပြတင်းပေါက်တစ်ခုသာရှိလေသည် ။
ဟိုဘက်လူနာသည် သူ့အဆုတ်ထဲကရေတွေကို ပိုက်နှင့်စုပ်ထုတ်ရတာကို အကြောင်းပြု၍ တစ်နာရီခန့်ထိုက်ခွင့်ရသည် ။ သူကပြတင်းပေါက်အနီးမှာ ရှိနေသည် ။ ကျွန်တော်ကတော့ တချိန်လုံး
ပက်လက်လှန်ကာ စန့်စန့်ကြီးလှဲနေရသည် ။
နေ့လည်နေ့ခင်းတိုင်း ပြတင်းပေါက်အနီးရှိလူနာက ခုတင်မှာ ခေါင်းအုံးတွေဆင့်ကာ
ကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန် ပြတင်းဘက်ဆီ၌ သူလှမ်းမြင်ရသည့်အရာတွေကို ကျွန်တော်အားပြောပြ
လေ့ရှိသည် ။ သူက ပြတင်းပေါက်ကိုလှမ်းကြညိ့ရင်း
... အပြင်မှာ ပန်းခြံကြီးတစ်ခုမြင်ရသည်ဟု
ဆိုသည်။ အဲသည်အထဲမှာ ရေကန်ကြီးတစ် ကန်ရှိသည်။ ရေကန်ထဲမှာ ဘဲတွေ
ငန်းတွေရေကူးနေသည်။ ကလေးများ သူတို့ကို ပေါင်မုန့်တွေပစ်ကြွေးကြသည်။
ကလေးအချို့က လှေကလေးတွေစီးနေကြသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများအောက်
လက်ချင်းတွဲပြီး လမ်းလျှောက်နေကြသည် ။ ပန်းတွေက ဝေေ၀ဆာဆာပွင့်နေကြသည်။
မျက်ခင်းစိမ်းစိမ်းက အပြန့်ကျယ်လှသည်။ အဲသည်မှာ ဘောလုံးပျော့ ( ဆော့ဘော )ကစားနေကြသူတွေလည်းမြင်ရသည် ။
ဟိုးအဝေးဆီ၌မူ သစ်ပင်များထိပ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာအိမ်ရာများ ။ထို့
နောက်၌ပြာလဲ့သော မိုးကောင်းကင်။ အဲ့ဒါတွေကို သူက ခရေစေ့တွင်းကျ ပြောပြတာကို၊ ကျွန်တော်က နား
ထောင်ကာ ကိုယ်တိုင်ကြည့်ရသလောက် အရသာတွေ့လျက်ရှိသည်။
ကလေးတစ်ယောက် ရေထဲလိမ့်ကျတော့မလို ဖြစ်သွားတာ ၊ နွေရာသီ ၀တ်စုံသစ်
တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့် အပြင်လောကမှာ ဖြစ်ပျက်နေပုံ အလုံးစုံကို ကျွန်
တော့်စိတ်ထဲ အသေးစိတ်မြင်ခွင့်ရနေသည်။ သည်လိုနေရင်း သာယာသော နေ့လည်ခင်းတစ်ခုမှာ ကျွန်
တော့်ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။ ဟိုလူနာမှာ ပြတင်းပေါက်နားမှာနေပြီး အပြင်လောက ရှုခင်းစုံကိုစိတ်တိုင်းကျ ကြည့်ခွင့်ရနေသည်။ ကျွန်တော့်ကိုတော့ ဘာကြောင့်အဲသည်နား ထားမပေးသလဲဟူသော အတွေး ဖြစ်သည်။
ဒီလို သေးသေးသိမ်သိမ် တွေးမိခြင်းအတွက်လည်း ကိုယ့်ကိုကိုယ် ရှက်နေသည် ။
သို့သော် သည်အတွေးကို ဖျောက်နေသည့်ကြားမှသူနှင့် နေရာချင်းလည်းချင်စိတ်က ပြင်းပြသထက် ပြင်းပြ
နေသည်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် လဲရမှဖြစ်မည် ဆိုတာမျိုးအထိ တွေးမိလာသည်။
တစ်ညမှာတော့ ကျွန်တော် မျက်နှာကြက်ကို ငေးကြည့်နေစဉ် ဟိုလူနာက ရုတ်တ
ရက် ချောင်းတွေဆိုးသည်။ ချောင်းဆိုးရင်းသီးလာသည် ။ သူနာပြုဆရာမကို အရေးပေါ်ခေါ်သည့်အချက်
ပေးခလုတ်ကိုနှိပ်ရန် သူ့လက်က စမ်းတ၀ါးဝါး လိုက်ရှာနေသည်။
ကျွန်တော် သူ့ကိုမကူညီမိ ၊ လှုပ်ပင် မလှုပ်ရှား ။ သူ အသက်ရှူသံ ရပ်သွားသည်အ
ထိ စောင့်ကြည့်နေသည်။ နောက်နေ့မနက်မှာ ဟိုလူနာ သေဆုံးနေကြောင်းတွေ့ရှိကာ အလောင်းကို တိတ်
ဆိတ်စွာပင် သယ်ယူသွားသည်။ အခြေနေတွေငြိမ်လောက်မှ ကျွန်တော်က ပြတင်းပေါက်အနီးရှိ ခုတင်သို့
ပြောင်းပေးနိုင်မလားမေးသည် ။ သို့နှင့်ပြောင်းပေးကြသည် ။ သက်သောင့်သက်သာဖြစ်အောင် နေရာချပေးသည်။ သပ်သပ်ရပ်ရပ်လည်း ပြင်ဆင်ထားသိုပေးသည်။
သူနာပြုထွက်သွားသည်နှင့် တပြိုင်နက် တံတောင်တစ်ဖက်ပေါ်တွင် အားပြုကာ
ကျွန်တော် ကြိုးစား၍ထသည် ။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံစားကာ ခဲယဉ်းပင်ပန်းစွာထူမပြီး ပြတင်း
ပေါက်အပြင်သို့ လှမ်းကြည့်သည်။အပြင်၌ နံရံတံတိုင်း တစ်ခုသာ ကျွန်တော် မြင်ရလေသည် ။ ။
အမည်မသိ စာရေးသူ၏ The Window
ဖေမြင့် ဘာသာပြန်သည် ။
ထပ်လူနာတစ်ယောက်နှင့် နှစ်ယာက်တည်းသာရှိကြသည်။ သူလည်း ကျွန်တော့်လို အသည်းအသန် ရောဂါခံစားနေရသော လူနာဖြစ်သည်။ အခန်းလေးကကျဉ်းပြီး အပြင်ကိုကြည့်စရာ ပြတင်းပေါက်တစ်ခုသာရှိလေသည် ။
ဟိုဘက်လူနာသည် သူ့အဆုတ်ထဲကရေတွေကို ပိုက်နှင့်စုပ်ထုတ်ရတာကို အကြောင်းပြု၍ တစ်နာရီခန့်ထိုက်ခွင့်ရသည် ။ သူကပြတင်းပေါက်အနီးမှာ ရှိနေသည် ။ ကျွန်တော်ကတော့ တချိန်လုံး
ပက်လက်လှန်ကာ စန့်စန့်ကြီးလှဲနေရသည် ။
နေ့လည်နေ့ခင်းတိုင်း ပြတင်းပေါက်အနီးရှိလူနာက ခုတင်မှာ ခေါင်းအုံးတွေဆင့်ကာ
ကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန် ပြတင်းဘက်ဆီ၌ သူလှမ်းမြင်ရသည့်အရာတွေကို ကျွန်တော်အားပြောပြ
လေ့ရှိသည် ။ သူက ပြတင်းပေါက်ကိုလှမ်းကြညိ့ရင
... အပြင်မှာ ပန်းခြံကြီးတစ်ခုမြင်ရသည်ဟု
ဟိုးအဝေးဆီ၌မူ သစ်ပင်များထိပ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာအိမ်ရာများ ။ထို့
နောက်၌ပြာလဲ့သော မိုးကောင်းကင်။ အဲ့ဒါတွေကို သူက ခရေစေ့တွင်းကျ ပြောပြတာကို၊ ကျွန်တော်က နား
ထောင်ကာ ကိုယ်တိုင်ကြည့်ရသလောက် အရသာတွေ့လျက်ရှိသည်။
ကလေးတစ်ယောက် ရေထဲလိမ့်ကျတော့မလို ဖြစ်သွားတာ ၊ နွေရာသီ ၀တ်စုံသစ်
တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့် အပြင်လောကမှာ ဖြစ်ပျက်နေပုံ အလုံးစုံကို ကျွန်
တော့်စိတ်ထဲ အသေးစိတ်မြင်ခွင့်ရနေသည်။ သည်လိုနေရင်း သာယာသော နေ့လည်ခင်းတစ်ခုမှာ ကျွန်
တော့်ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။ ဟိုလူနာမှာ ပြတင်းပေါက်နားမှာနေပြီး အပြင်လောက ရှုခင်းစုံကိုစိတ်တိုင်းကျ ကြည့်ခွင့်ရနေသည်။ ကျွန်တော့်ကိုတော့ ဘာကြောင့်အဲသည်နား ထားမပေးသလဲဟူသော အတွေး ဖြစ်သည်။
ဒီလို သေးသေးသိမ်သိမ် တွေးမိခြင်းအတွက်လည်း ကိုယ့်ကိုကိုယ် ရှက်နေသည် ။
သို့သော် သည်အတွေးကို ဖျောက်နေသည့်ကြားမှသူနှင့် နေရာချင်းလည်းချင်စိတ်က ပြင်းပြသထက် ပြင်းပြ
နေသည်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် လဲရမှဖြစ်မည် ဆိုတာမျိုးအထိ တွေးမိလာသည်။
တစ်ညမှာတော့ ကျွန်တော် မျက်နှာကြက်ကို ငေးကြည့်နေစဉ် ဟိုလူနာက ရုတ်တ
ရက် ချောင်းတွေဆိုးသည်။ ချောင်းဆိုးရင်းသီးလာသည် ။ သူနာပြုဆရာမကို အရေးပေါ်ခေါ်သည့်အချက်
ပေးခလုတ်ကိုနှိပ်ရန် သူ့လက်က စမ်းတ၀ါးဝါး လိုက်ရှာနေသည်။
ကျွန်တော် သူ့ကိုမကူညီမိ ၊ လှုပ်ပင် မလှုပ်ရှား ။ သူ အသက်ရှူသံ ရပ်သွားသည်အ
ထိ စောင့်ကြည့်နေသည်။ နောက်နေ့မနက်မှာ ဟိုလူနာ သေဆုံးနေကြောင်းတွေ့ရှိကာ အလောင်းကို တိတ်
ဆိတ်စွာပင် သယ်ယူသွားသည်။ အခြေနေတွေငြိမ်လောက်မှ ကျွန်တော်က ပြတင်းပေါက်အနီးရှိ ခုတင်သို့
ပြောင်းပေးနိုင်မလားမေးသည် ။ သို့နှင့်ပြောင်းပေးကြသည် ။ သက်သောင့်သက်သာဖြစ်အောင် နေရာချပေးသည်။ သပ်သပ်ရပ်ရပ်လည်း ပြင်ဆင်ထားသိုပေးသည်။
သူနာပြုထွက်သွားသည်နှင့် တပြိုင်နက် တံတောင်တစ်ဖက်ပေါ်တွင် အားပြုကာ
ကျွန်တော် ကြိုးစား၍ထသည် ။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံစားကာ ခဲယဉ်းပင်ပန်းစွာထူမပြီး ပြတင်း
ပေါက်အပြင်သို့ လှမ်းကြည့်သည်။အပြင်၌ နံရံတံတိုင်း တစ်ခုသာ ကျွန်တော် မြင်ရလေသည် ။ ။
အမည်မသိ စာရေးသူ၏ The Window
ဖေမြင့် ဘာသာပြန်သည် ။
မျောက်ချောပင် ရွာကလေးသည် အိမ်ခြေ ၈၀-ခန့် သာ ရှိပါသည်။ထိုရွာသည်
အနောက်ရိုးမမှ စီးဆင်းသော ချောင်းနံ ဘေး၌ တည်ရှိပါသည်။ထိုချောင်းသည်
နွေရာသီတွင် ရေနည်းသော်လည်း မိုးရာသီ၌ မိုးကြီးလျှင် ရေအလွန်များပြီး
တောင်ကျရေ စီးလည်း အလွန်သန်ပါသည်။ရွာသူရွာသားများသည် လယ်ယာလုပ်ငန်း လုပ်ကိုင်ပြီး အသက်မွေးကြပါသည်။
ထိုရွာကလေးတွင် ဖိုးပြားတို့ မိသားစု နေထိုင်ကြပါသည်။ဖိုးပြားတို့ အိမ်တွင် ဖိုးပြား၏ ဇနီးနှင့်
လူမမည် သမီး နှစ်ဦး ရှိပါ သည်။ဖိုးပြားသည် အသက် ၃၀-ပင် မပြည့်သေးပါ။သူသည်
အတည်တကျ အလုပ်ကိုင် မရှိသဖြင့် ကြုံရာ ကျပန်း အလုပ်များကို သာ
လုပ်ပါသည်။မြို့ ပေါ်ရှိ နွားသတ်ရုံ၊ဝက်သတ်ရုံတို့ က ဝယ်ခိုင်းသော
နွား-ဝက်တို့ ကို ဝယ်ပြီး မြို့ ကို ပို့ ပေးသည်။ထို့ အပြင် ငါးရှာ၊ဖားရှာ
အလုပ်ကိုလည်း လုပ်သည်။သူ၏ ဇနီးမှာ လယ်ထဲ၊ယာထဲတွင် တစ်နေကုန်
လယ်ကုလီ၊ယာကူလီ လုပ်ပါသည်။ဖိုး ပြား သည် သားသတ်ရုံမှ ပေးသော
ဟင်းလျာများကို ရရှိသော်လည်း အပေါင်းအသင်း များနှင့်သာ ချက်ပြုတ်သောက်စား
မူးယစ် ၍ ပျော်ပါးနေသည်က များသည်။စားသောက်ပြီး ပိုလျှံမှ အိမ်သားများ
စားကြရသည်။ထို့ အပြင် ဖိုးပြားသည် ခွေးသားကိုလည်း အလွန် ကြိုက်သည်။
မကြာခဏပင် အပေါင်းအသင်းများနှင့် ခွေးများသတ်ပြီး ချက်စားလေ့ ရှိကြသည်။
တစ်နေ့ တွင် ချောင်းတစ်ဖက်ကမ်းရွာ မှ သူငယ်ချင်း
လှထူး၊ဖိုးထောင်တို့ရောက်လာ ကြသည်။
“ဟေ့ကောင် ဖိုးပြား၊တို့ လည်း ဟိုဟင်း မစားရတာ ကြာပြီကွ။ငါတို့ လည်း ရှာဝယ်တာ၊ဘယ်မှာမှ မရဘူး၊မင်းကြိုးစားကြည့်ပါဦးကွာ”ဟု
ပြောသည်။ “အေး ငါလည်း စားချင်နေပြီကွ။ငါ ဖြစ်အောင် စီစဉ်ခဲ့မယ်။မင်းတို
့ပြန်ကြ၊ချက်ဖို့ ပြုတ်ဖို့ နဲ့ အရက်ကို မင်းတို့ စီစဉ်ထား ကြ။ညနေ
ငါလာခဲ့မယ်”ဟု ဖိုးပြားကမှာလိုက်သည်။ ထို့ နောက် ဖိုးပြား အကြံ
ပက်စက်လေပြီ။ဇနီးသည် လယ်ထဲမှ မပြန်မီ၊ကလေးတွေ ကျောင်းက မပြန်မီ အိမ်တွင်
မွေး ထားသော ခွေးကို ဂုန်နီအိတ်ဖြင့် ထည့်ကာ ကြိုးဖြင့် စည်း၍ ချောင်းထဲသို
့ အသံမကြားရအောင် ရေနှစ်၍ သတ်လိုက်တော့သည် သေပြီ ဆိုမှ ထိုအိတ်ကို ထမ်း၍
သူငယ်ချင်းများနှင့် ချိန်းထားသော နေရာသို့ သွားသည်။ချောင်းနှင့်
မနီးမဝေးတွင် သူတို့ ပျော်ပွဲ စားနေကြ တဲကလေး တစ်လုံးရှိသည်။
ဖိုးပြား ရောက်သည်နှင့် အသင့် စောင့်နေကြသော လှထူးတို့ အဖွဲ့ က အလျင်အမြန် ကိုင် တွယ် ချက်ပြုတ် ကြသည်။ ခွေးသားဟင်း ကျက်သည့်အခါ အသင့်ယူလာသော အရက်များနှင့် သူငယ်ချင်း တစ်စု ပျော်ရွှင်စွာ စားသောက်ကြလေ သည်။မိုးသည် တဖွဲဖွဲ ရွာနေရာမှာ တဖြည်းဖြည်း သည်းထန် လာသည်။“ဟေ့ကောင် ဖိုးပြား၊မင်းရွာမပြန်နဲ့ ၊ချောင်းရေတိုးလိမ့် မယ်”ဟု လှထူးက ပြောသည်။ “မဖြစ်ဘူး သူငယ်ချင်း၊ငါ့မိန်းမက အစောကြီး လယ်ထဲ ဆင်းရတယ်။သူသွားတော့ ကလေးတွေ စားဖို့ သောက်ဖို့ ငါပဲ ချက်ရတယ်ကွာ။ဒီချောင်းရေလော က်တော့
ကူးနေကျပါကွာ။ခါးလောက်ထက် မပိုပါဘူး”ဟု ဖိုးပြားက ပြန်ပြောသည်။
“ကဲ မှောင်စ ပျိုးလာပြီ။လက်စ သတ်လိုက်ကြစို့ ကွာ။ဖိုးပြား၊ဒီမှာ မအိပ်ရင် ဖိုးထောင် လိုက်ပို့ လိုက်။မင်းက လူလွတ်ဆို တော့ မနက်မှ ပြန်လာလဲ ရတယ်။မင်းအိမ်ကို တို့ ပြောလိုက်မယ်”ဟု လှထူးက အစီအစဉ် ဆွဲသည်။လက်ကျန် အစားအသောက် များကို သူတို့ တစ်တွေ အကုန် ရှင်းလိုက်ကြသည်။ထို့ နောက် တဲအတွင်းမှ လူ ၅-ယောက် ဒယီးဒယိုင်နှင့် ထွက်လာကြသည်။ လှထူးနှင့် အဖော် နှစ်ယောက်မှာ သူတို့ ရွာဘက်သို့ ပြန်ပြီး ဖိုးပြားနှင့် ဖိုးထောင်မှာ ချောင်းကမ်းဘက်သို့ လျှောက်လာကြသည်။ အာလေး၊လျှာလေးကြီးများဖြင့် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်လိုက်ကြသေးသည်။ ချောင်းရေစပ်သို့ ရောက်သောအခါ “ဖိုးထောင်၊ခါးတောင်းကျိုက် ကွာ။ရေကတော့
ခါးလောက်နီးပါးပဲ ရှိတယ်။ဒါပေမယ့် ရေစီး သန်တယ်ကွ”ဟု ဖိုးပြားက
ပြောသည်။သူငယ်ချင်း နှစ်ယောက် တစ်လှမ်းချင်း ရေထဲသို
့ဆင်းသွားကြသည်။
ရေလယ်သို့  ရောက်သောအခါ ဖိုးပြားသည် ရေညှိတက်နေသော ကျောက်တုံးကို နင်းမိပြီး ယိုင်လဲသွားသည်။ “ဟာ……လုပ်ပါဦး သူငယ်ချင်း”ဟု တစ်ချက် အော်လိုက်၏။ထိုအခါ ဖိုးထောင်က လှမ်းဆွဲလိုက်သော်လည်း အမှောင်ထဲ တွင် ဖိုးပြားကို မဆွဲမိဘဲ သူပါ အရှိန်လွန်၍ လဲကျသွားသည်။ရေစီးကလည်း ကြမ်း၊အရက်မူးသည့် အရှိန်ကလည်း ရှိသဖြင့် နှစ်ဦး စလုံး တလိမ့်ခေါက်ကွေး မျောပါသွားသည်။ နောက်တစ်နေ့ တွင် ဖိုးပြားနှင့် ဖိုးထောင်တို့ ရေနစ် သေဆံုးကြောင်း သတင်း ကြားရပါလေတော့၏။ သူငယ်ချင်း နှစ် ယောက်၏ ကံကြမ္မာကား “ကံတူ အကျိုးပေး”ဟု ဆိုရမည် ဖြစ်ပါတော့ သတည်း။
ထိုရွာကလေးတွင် ဖိုးပြားတို့ မိသားစု နေထိုင်ကြပါသည်။ဖိုးပြားတို
“ဟေ့ကောင် ဖိုးပြား၊တို့ လည်း ဟိုဟင်း မစားရတာ ကြာပြီကွ။ငါတို့ လည်း ရှာဝယ်တာ၊ဘယ်မှာမှ မရဘူး၊မင်းကြိုးစားကြည့်ပါဦ
ဖိုးပြား ရောက်သည်နှင့် အသင့် စောင့်နေကြသော လှထူးတို့ အဖွဲ့ က အလျင်အမြန် ကိုင် တွယ် ချက်ပြုတ် ကြသည်။ ခွေးသားဟင်း ကျက်သည့်အခါ အသင့်ယူလာသော အရက်များနှင့် သူငယ်ချင်း တစ်စု ပျော်ရွှင်စွာ စားသောက်ကြလေ သည်။မိုးသည် တဖွဲဖွဲ ရွာနေရာမှာ တဖြည်းဖြည်း သည်းထန် လာသည်။“ဟေ့ကောင် ဖိုးပြား၊မင်းရွာမပြန်နဲ့ ၊ချောင်းရေတိုးလိမ့် မယ်”ဟု လှထူးက ပြောသည်။ “မဖြစ်ဘူး သူငယ်ချင်း၊ငါ့မိန်းမက အစောကြီး လယ်ထဲ ဆင်းရတယ်။သူသွားတော့ ကလေးတွေ စားဖို့ သောက်ဖို့ ငါပဲ ချက်ရတယ်ကွာ။ဒီချောင်းရေလော
“ကဲ မှောင်စ ပျိုးလာပြီ။လက်စ သတ်လိုက်ကြစို့ ကွာ။ဖိုးပြား၊ဒီမှာ မအိပ်ရင် ဖိုးထောင် လိုက်ပို့ လိုက်။မင်းက လူလွတ်ဆို တော့ မနက်မှ ပြန်လာလဲ ရတယ်။မင်းအိမ်ကို တို့ ပြောလိုက်မယ်”ဟု လှထူးက အစီအစဉ် ဆွဲသည်။လက်ကျန် အစားအသောက် များကို သူတို့ တစ်တွေ အကုန် ရှင်းလိုက်ကြသည်။ထို့ နောက် တဲအတွင်းမှ လူ ၅-ယောက် ဒယီးဒယိုင်နှင့် ထွက်လာကြသည်။ လှထူးနှင့် အဖော် နှစ်ယောက်မှာ သူတို့ ရွာဘက်သို့ ပြန်ပြီး ဖိုးပြားနှင့် ဖိုးထောင်မှာ ချောင်းကမ်းဘက်သို့ လျှောက်လာကြသည်။ အာလေး၊လျှာလေးကြီးများဖြင့်
ရေလယ်သို့  ရောက်သောအခါ ဖိုးပြားသည် ရေညှိတက်နေသော ကျောက်တုံးကို နင်းမိပြီး ယိုင်လဲသွားသည်။ “ဟာ……လုပ်ပါဦး သူငယ်ချင်း”ဟု တစ်ချက် အော်လိုက်၏။ထိုအခါ ဖိုးထောင်က လှမ်းဆွဲလိုက်သော်လည်း အမှောင်ထဲ တွင် ဖိုးပြားကို မဆွဲမိဘဲ သူပါ အရှိန်လွန်၍ လဲကျသွားသည်။ရေစီးကလည်း ကြမ်း၊အရက်မူးသည့် အရှိန်ကလည်း ရှိသဖြင့် နှစ်ဦး စလုံး တလိမ့်ခေါက်ကွေး မျောပါသွားသည်။ နောက်တစ်နေ့ တွင် ဖိုးပြားနှင့် ဖိုးထောင်တို့ ရေနစ် သေဆံုးကြောင်း သတင်း ကြားရပါလေတော့၏။ သူငယ်ချင်း နှစ် ယောက်၏ ကံကြမ္မာကား “ကံတူ အကျိုးပေး”ဟု ဆိုရမည် ဖြစ်ပါတော့ သတည်း။
တစ်နေ့မှာပေါ့... အလွန်ဆင်းရဲတဲ့ကောင်လေးတစ်ေ
ဒါပေမဲ့ တံခါးဖွင့်လာတဲ့ ချစ်စရာမိန်းမပျိုလေးကို မြင်လိုက်တဲ့အခါမှာတော့ သူရှက်သွားပါတယ်... ဒါကြောင့် စားစရာတောင်းစားမယ့်အစား ရေတစ်ခွက်ပဲ သူတောင်းသောက်လိုက်ပါတယ်...
သူက ဖြည်းဖြည်းချင်းသောက်ပြီးမေ
"ရှင်ဘာမှ ပြန်ပေးစရာမလိုပါဘူး..." မိန်းကလေးက ပြန်ပြောတယ်... "မေမေက ကျွန်မတို့ကို မေတ္တာနဲ့ကူညီပြီးရင် ဘာမှပြန်မယူရဘူးလို့ သင်ထားတယ်ရှင့်..."
သူကပြောတယ်... "ဒီလိုဆိုရင်လည်း ရင်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်
နှစ်ပေါင်းများစွာကြာတဲ့တစ်
အထူးကုဆရာဝန်ကြီးဟာ လူနာရောဂါကုသဖို့အတွက် ဆွေးနွေး တိုင်ပင်တဲ့ နေရာကို ရောက်ရှိလာပါတယ်... သူမလာခဲ့တဲ့ မြို့နာမည်ကိုကြားလိုက်တဲ့အ
သူကချက်ချင်းထရပ်လိုက်ပြီး ဆေးရုံခန်းမကြီးထဲကနေ သူမရဲ့အခန်းဆီကို ထွက်သွားတယ်... သူမကိုကြည့်ဖို့အတွက် ဆရာဝန်ဝတ်ရုံကို ကောက်ဝတ်ပြီး အခန်းထဲဝင်လိုက်တယ်...
သူမကိုမြင်တာနဲ့ သူချက်ချင်းမှတ်မိလိုက်တယ်.
အချိန်ကာလအတန်ကြာ ရုန်းကန်တိုက်ခိုက်ခဲ့ပြီးတ
သူမက ငွေစာရင်းကို ဖွင့်မကြည့်ရဲဘူး... ဒီလောက်ငွေပမာဏကို ပြန်ပေးဆပ်နိုင်ဖို့ သူမရဲ့ ကျန်တဲ့သက်တမ်းတစ်လျှောက်လံ
နောက်ဆုံးတော့ သူမဖွင့်ကြည့်လိုက်တယ်... ငွေစာရင်းစာရွက်ရဲ့ ထောင့်တစ်နေရာက တစ်စုံတစ်ခုဟာ သူမကို ဖမ်းစားသွားခဲ့ပါတယ်... စာလုံးလေးတွေကို သူမ စပြီး ဖတ်လိုက်တယ်...
"နွားနို့တစ်ခွက်ဖြင့် အပြည့်အဝပေးချေပြီး"
--------------------------
Ref: KKPatidar
နှိုင်းရင့်နွေမှတင်ဆက်သည်..
ကျွန်တော် မျက်လုံးနှစ်လုံး ဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက
ကျွန်တော့်ကို စိတ်ဝင်စားစွာ ငုံ့ကြည့်သော ဇနီးနှင့် သားလေး… ကျွန်တော်
ဝမ်းသာအားရ အော်ခေါ်လိုက်ချင်ပေမယ့် ပါးစပ်ထဲက ဘာသံမှ ထွက်မလာခဲ့..။
ချစ်နှင့် သားလေးကိုကြည့်ရတာ ကျွန်တော့်ကိုကြည့်ပြီး အတော့်ကို
ပျော်ရွှင်နေပုံရသည်…။
"အမေရေ…၊ အထီးလေးဗျ..၊ အထီလေး…ဒီအကောင်ကို သားယူမယ်.."
"အင်း..ဟုတ်တယ်နော်.. စပ်ကြားလေးနဲ့.. ချစ်စရာလေး.."
အလို…၊ ကျွန်တော် ဘယ်ကို ရောက်နေတာလဲ..၊ ကျွန်တော် ဘာဖြစ်နေတာလဲ..? ကျွန်တော် နောက်ဆုံးသိလိုက်တာက ကျွန်တော် ချစ်တို့နဲ့အတူ နေ့လည်စာ ထမင်းစားပြီး အထမှာ မူးကနဲ ဖြစ်ပြီး မေ့လဲသွားခြင်း..၊ အခု.. ကျွန်တော်..ဘယ်ရောက်နေတာလဲ..၊ ကျွန်တော် သေဆုံးသွားခဲ့တာလား….
"ဒီကောင်လေးကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲ…အမေ…"
"ညိုမောင်း လို့ နာမည်ပေးလိုက်မယ်လေ…သားကြိုက်လား"
"ကောင်းတယ်အမေ.. အဖေသာရှိရင် ဒီကောင့်ကို သိပ်သဘောကျမှာဗျ…"
ကျွန်တော် သိလိုက်ပါပြီ..၊ ကျွန်တော် သေဆုံးသွားခဲ့ပါပြီ..၊ ကျွန်တော်ဟာ ကျွန်တော် ချစ်တဲ့ ချစ်ဇနီးနဲ့ သားလေးတို့နဲ့ စည်းတစ်ခု ခြားထားတဲ့ ဘုံဘ၀ တစ်ခုမှာ နွားဘ၀နဲ့ လာဖြစ်နေရပြီလေ…၊ ဒီအချိန်မှာပဲ ကျွန်တော့်ကို မွေးဖွားပေးတဲ့ နွားမကြီးကို ကျွန်တော့်ကို ညှင်သာစွာ လျှာနဲ့လျှက်ပြီး ကိုယ်ပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးလိုက်သည်။ လူ့ဘ၀က အရက်သောက်..၊ ဖဲရိုက်ပြီး မိသားစုပေါ် တာဝန်မကျေခဲ့တဲ့ကျွန်တော် ဒီဘ၀မှာတော့ နွားဘ၀ နဲ့ ရှေးဘ၀က ၀ဠ်ကြွေးတွေ ဆပ်ရတော့မယ် ထင်ပါရဲ့ဗျာ…။
ကျွန်တော်နွားဘ၀ရောက်နေရပေမယ့် ကံကောင်းတာလေး တစ်ခုတော့ရှိသည်။ သားလေးက ကျွန်တော့်ကို တော်တော်ချစ်သည်..။ အရင်ဘ၀က သားအဖ တော်စပ်ခဲ့တာကြောင့်လည်း ဖြစ်နိုင်သည်။ သားလေးရဲ့ ကျောင်းသွား ကျောင်းပြန်ချိန် စီးတော်ယာဉ်မှာ ကျွန်တော်ဖြစ်ခဲ့သည်။ သားလေးရဲ့ ကစားဖော် ကျွန်တော်သာ ဖြစ်ခဲ့သည်။ ကျောင်းပိတ်ရက်တွေဆို သားလေးက ကျွန်တော့်ကို တောစပ်တွေဆီ ခေါ်သွားတတ်သည်။ သစ်ပင်ရိပ်အောက်မှာ သားလေးနဲ့ အတူတူ အိပ်ခဲ့ရတဲ့ အချိန် အခိုက်အတန့်တွေဟာ ကျွန်တော် လက်ရှိ ဘယ်ဘ၀ရောက်နေလဲဆိုတာကိုတောင် မေ့ပျောက်နိုင်စွမ်းခဲ့သည်။
ချစ်ကတော့ ကျွန်တော်လူ့ဘ၀တုန်းက ကျွန်တော့်ကိုအတော် ချစ်ခဲ့သည်။ ကျွန်တော် ဆိုးသမျှ သည်းခံခဲ့သည်။ ယခုလည်း သူ့ရုပ် သူ့အရွယ်နဲ့ နောက်အိမ် ထောင်ပြုနိုင်သော်လည်း သူစိတ်မ၀င်စားခဲ့..၊ သားလေးနဲ့ ချစ်ရဲ့ ၀မ်းရေးအတွက် လယ်များကို သူရင်းငှားချထားပြီး ဖြေရှင်းခဲ့သည်။ ချစ်ကို ကျွန်တော် မချီးကျူးပဲ မနေနိုင်…..။ တစ်ခါ တစ်ခါ ချစ်သည် အဝေးကို အကြာကြီး ငေးမောနေတတ်သည်။ ကျွန်တော့်ကို လွမ်းနေသည်ဟု အတတ် မပြောနိုင်သော် လည်း ကျွန်တော့်စိတ်က ကျွန်တော့်ကိုသာ လွမ်းစေချင်နေမိသည်။ ထိုအခါမျိုးတွင် ချစ်ကိုကျွန်တော် ပြေးပြီး ထွေးပွေ့ထားချင်မိသော် လည်း ဘ၀ချင်းစည်းခြား နေပြီဖြစ်သည့်အတွက် ကျွန်တော့်မှာ ချစ်ကိုကြည့်ပြီးသာ ၀မ်းနည်းနေရသည်။
ဒီလိုနဲ့ အချိန်တွေ တရွှေ့ရွှေ့ ကုန်ဆုံးမှန်းမသိ ကုန်ဆုံးခဲ့သည်။ နွေ၊ မိုး၊ ဆောင်းတို့ အလီလီပြောင်းခဲ့သည်။ ထို့အတူ ချစ်၊ သားလေးနှင့် ညိုမောင်း ဆိုသော နွားပြာကြီး တစ်ဖြစ်လဲ ကျွန်တော်တို့၏ သံဃောဇဉ်သည်လည်း အတိုင်းအဆမရှိ ရစ်ပတ်ချည်နှောင်မိခဲ့ကြသည်။ သားလေးသည်လည်း အလယ်တန်း ကျောင်းသား ဖြစ်လာသလို ကျွန်တော်သည်လည်း အရွယ်ရောက်သည့် နွားပျိုတစ်ကောင် ဖြစ်လာသည်ပဲလေ…။
ဒီနှစ်…. ချစ်ရဲ့ လယ်တွေ သီးနှံထွက် မကောင်း၊ လယ်များ ပိုးကျသောကြောင့်၊ ရှိသမျှ လယ်တွေ ထုတ်ရောင်းခဲ့ရသည့် အပြင် ကျွန်တော့်ကို မွေးဖွားခဲ့သည့် နွားမကြီး တစ်ရှဉ်းကိုပါ ထုတ်ရောင်းခဲ့ရသည်။ တစ်ခုတော့ရှိသည်။ ချစ်တို့ စီးပွားရေး ဘယ်လောက်ပဲ ကျကျ၊ သူတို့ ကျွန်တော့်ကို ဘယ်တော့မှ ထုတ်ရောင်းလိမ့်မည် မဟုတ်မှန်း ကျွန်တော် ရဲရဲကြီး အာမခံရဲသည်။
တစ်နေ့…...........

"အမေ…၊ ညိုမောင်းကြီးကို မခိုင်းပါနဲ့လားဗျာ…၊ "
"မခိုင်းလို့ မရဘူးသားရဲ့..၊ အမေတို့မှာလည်း ဒီနွားတစ်ကောင်ပဲ ကျန်တော့တာ..၊ သူ့မှ မခိုင်းရင် အမေတို့ ဘာနဲ့စားကြမလဲ.. "
"သား..ထမင်းမစားတော့ဘူးဗျာ…၊ ညိုမောင်းကြီးကိုတော့ သူရင်းငှားတွေ လက်ထဲ မထည့်လိုက်နဲ့.."
"သြော်.သားရယ်.. ညနေဆိုလည်း ကိုယ့်အိမ်ပြန်လာအပ်မယ့်ဟာပဲ..၊ ဘယ်သူမှလည်း မတရားမခိုင်း ပါဘူးကွယ်..၊ နော်..၊ သားက လိမ္မာပါတယ်.."
"………………………….."
ကျွန်တော် ကျေနပ်ပါတယ်..။ သူတို့ပြောနေတာကို ကျွန်တော် နားထောင်ပြီး ပျော်ရွင်နေပါတယ်..။ ကျွန်တော် မနက်ဖြန်ကစပြီး လယ်ထဲမှာ စရုန်းရမှာ ဖြစ်ပေမယ့် သားလေးရဲ့ ကျွန်တော့်အပေါ် ထားရှိတဲ့ မေတ္တာတရားကို ကျွန်တော် တွေ့လိုက်ရသည်လေ..။ ကျွန်တော် ပျော်ပါတယ်ဗျာ..။ အလို….. ကျွန်တော့် ပါးပြင်ပေါ် မျက်ရည်တွေ စီးကျနေပါလား…၊ ကျွန်တော် ငိုနေတာမဟုတ်ပါဘူး..။ ပျော်နေတာပါဗျာ…။
နောက်နေ့ ကျွန်တော့်ကို သူရင်းငှားတွေ လာခေါ်တော့ သားလေးက အိမ်ပေါ်ကို ဆောင့်အောင့်ပြီး တက်သွားခဲ့သည်။ ချစ်ကတော့ ကျွန်တော့်ကို အစာကျွေးဖို့နဲ့ ရေမှန်မှန်တိုက်ပေးဖို့ မှာနေရှာသည်။ ချစ်လည်း ကျွန်တော့်အပေါ် သံဃောဇဉ်ကြီးကြောင်း ကျွန်တော် သိသည်။ ချစ်က ကျွန်တော့် နဖားကြိုးကို ဆွဲပြီး သူရင်းငှား လက်ထဲထည့်ပေးလိုက်သည်။ ကျွန်တော့်ကို ချစ်ဘယ်ထည့်ချင်ပါ့မလဲဗျာ..၊ ကျွန်တော့် မိန်းမအကြောင်း ကျွန်တော်သိတာပေါ့..။
တစ်ကယ်တော့ လယ်ထွန်ရတာ အတော့်ကို မလွယ်တဲ့ အလုပ်ဖြစ်သည်။ အရင်က သားလေးနဲ့ ပျော်ရွှင်စွာ ကြီးပျင်းလာပြီး မိမိကိုယ့်ကို ဘ၀မေ့နေသော ကျွန်တော့်အဖို့ ဒီနေ့သည် ကျွန်တော်သည် နွားတစ်ကောင်ဖြစ်ကြောင်း သင်ခန်းစာပေးလိုက်သည့်နေ့ ဖြစ်တော့သည်။ သူရင်းငှားကလည်း ချစ်မှာသည့် အစာကျွေးဖို့နေနေသာသာ ကြိမ်လုံးနှင့်သာ တဖြောင်းဖြောင်း တွယ်တော့သည်။ ကျောပေါ် တရစပ် ကျနေသော ကြိမ်ချက်များ၊ သူရင်းငှားပါးစပ်မှ အော်မြစ်တောက်တီး ဆဲဆိုသံများ မိမိရဲ့ ပုခုံးပေါ်တွင်တင်ထားသော လေးလံတဲ့ အရာများ..၊ လျှောက်ရန်ပင်ခက်ခဲသော လယ်ထဲမှာ အားသွန် ခွန်စိုက် ရုံးကန်နေရသော မိမိတစ်ကိုယ်လုံး ……..သြော်…. ခံပေအုံးတော့…၊ အရင်ဘ၀က ၀ဠ်ကြွေး တွေ ၀ဠ်ရှိ သမျှတော့ ခံလိုက်ပေအုံးတော့လို့…ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်းနဲ့သာ……။
ညနေ လယ်သိမ်း အိမ်ပြန်တော့ ကျွန်တော့်ခြေလှမ်းတွေ တက်ကြွနေသည်။ ကျောင်းမှ လွှတ်သော ကလေးတစ်ယောက်လို အိမ်ကို အပြေးပြန်ရန် တာစူနေမိသည်။ သူရင်းငှားကတော့ ကျွန်တော့် အမူအရာကို ရိပ်မိသည်ထင့်..။
"သြော်..ညိုမောင်း..၊ အိမ်ပြန်ရတော့မယ်ဆိုတော့ ကြွနေတာပဲ..၊ အလုပ်ထဲမှာကျတော့ လေးတိလေးကန်နဲ့…ငါလုပ်လိုက်ရ…သေတော့မယ်.."
သူရင်းငှားရဲ့ ကြိမ်းမောင်းသံကို ကျွန်တော် ဂရုမပြုအား..၊ ကျွန်တော့်အား စောင့်ကြိုနေမည့် သားလေးရဲ့ မျက်နှာနဲ့ ချစ်ရဲ့ မျက်နှာကို မြင်ယောင်နေမိ သည်။ ကျွန်တော် အိမ်အမြန် ရောက်ချင်လှပြီ..။
ကျွန်တော့်ကို တွေ့တော့ သားလေးက ခြံဝန်းထိပ်က စောင့်နေရာကနေ ပြေးလာသည်။ ပြီးတော့ သူရင်းငှားလက်ထဲက ကြိုးကို လူယူပြီး ကျွန်တော့်ကို ခြံဝန်းထဲဆွဲခေါ်ခဲ့သည်။ ချစ်ကတော့ ကျွန်တော့်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေပုံရသည်။ သားလေးက ကျွန်တော့်ကို ဆွဲခေါ်သွားပြီး အစာကျွေး၊ ရေတိုက်သည်။
"ရှင်..၊ ညိုမောင်းကို ရိုက်တာလား.."
"အမရယ်..၊ နွားပဲ..၊ ပေကပ်ကြီးလုပ်နေရင် နည်းနည်းပါးပါး မောင်းပေးရမှာပေါ့.."
ချစ်ဘာမှ ပြန်မပြော….၊ အစာစားနေသော ကျွန်တော့်ကျောကို လက်နဲ့ လာသပ်ပေးသည်။ သေချာပါတယ်.. ချစ်ဝမ်းနည်းနေပါလိမ့်မယ်..၊ ဒါပေမယ့် မျက်ရည်တော့ ကျမှာ မဟုတ်ပါဘူး..၊ ချစ်က မျက်ရည်အလွယ်တကူ ကျတတ်တဲ့ မိန်းမမျိုးမှ မဟုတ်တာပဲလေ…၊ ကျေးဇူးတင်ပါတယ် ချစ်နဲ့ သားလေးရယ်..၊ မင်းတို့ နှစ်ယောက်အတွက်နဲ့ဆိုရင် ကိုယ်ဘယ်လောက် ပင်ပန်းပါစေ..။ အရင်ဘ၀က မကျေခဲ့တဲ့ တာဝန်တွေကို ဒီဘ၀မှာ တတ်နိုင်သမျှ ကျေခဲ့ချင်ပါတယ်... မင်းတို့ရဲ့ ခိုင်းနွား တစ်ကောင် အဖြစ်နဲ့ပေါ့လေ…။
ဒီနေ့ ကျွန်တော် အလုပ်လုပ်ရတာ.. လုံးဝ စိတ်မပါ…။ ကျွန်တော့် စိတ်ထဲ တစ်ခုခုဖြစ်နေသည်။ စိတ်ထင့်နေသည်ဆို ပိုမှန်လိမ့်မည်။ တစ်ခုခုဖြစ်တော့မည်ကို ကြိုသိနေသည်။ သူရင်းငှား ကတော့ ပုံမှန်မဟုတ်သော ကျွန်တော့်ကို ကြိမ်ဖြင့် နာနာနှက်ရင်း ဆဲဆိုကြိမ်းမောင်းနေလေတော့သည်။ ဒီနေ့ အဖို့ အရင်နေ့တွေက် အချိန်ကုန်တာ အရမ်းနှေးလှတယ်လို့ ကျွန်တော် ထင်နေမိသည်။
ညနေ လယ်သိမ်းအိမ်ပြန်ချိန်ရောက်တဲ့အထိ ကျွန်တော် စိတ်မကြည်နိုင်သေး..၊ ကျွန်တော် သိသည်။ ကျွန်တော့် သားလေး တစ်ခုခု ဖြစ်နေပြီ..။ သားသမီး တစ်ခုခုဖြစ်ရင် စိတ်ထဲက သိနေတတ်သော မိဘတို့ရဲ့ စိတ်ကလေး ကျွန်တော့်စီမှာ ရှိသည် ထင်သည်။ ကျွန်တော့် သားလေး ဘာမှ မဖြစ်ပါစေနဲ့ ဘုရား..။ ပြုခဲ့သမျှ ကောင်းမှုကြောင့် သားလေး ဘာမှ မဖြစ်ပါစေနဲ့ဘုရား..။ လူ့ဘ၀မှာ ဘုရား တရားမေ့နေတတ် သော ကျွန်တော်သည် နွားဘ၀ရောက်မှ သားလေးအတွက် ဘုရား တ တတ်လေပြီ…။
ထင်သည့်အတိုင်းပင် အိမ်ပြန်ရောက်တော့ သားလေးနဲ့ ချစ်ကို မတွေ့..၊ သူရင်းငှားကတော့ ဘေးအိမ်က လူတွေကို လှမ်းအော်မေးနေသည်။
"နွားအပ်မလို့ဗျို့..၊ ဒီကအမ ဘယ်သွားခဲ့လဲ မသိဘူး.."
"နေ့လည်က ကျောင်းမှာ သူ့သားလေး..၊ ပိုးထိလို့တဲ့..၊ ဆေးပေးခန်း သွားတယ်…"
ကျွန်တော့်ခေါင်းတစ်ခုလုံး ချာချာလည် သွားသည်ထင်သည်။ ကျွန်တော့်မျက်စိထဲ ဘာမှ မမြင်ရတော့..၊ ဘာမှ မလုပ်ရပဲနဲ့ အသက်ရှုမြန်လာပြီး ကျွန်တော့်ရင်ဘတ် အစုံတို့သည် နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့သည်။ သားလေး ပိုးထိတယ်တဲ့..။ ဒီရွာမှာ ပိုးထိပြီဆိုလျှင် ရှင်တဲ့သူက ရှားသည်။ ကလေးဆိုရင် ပိုဆိုးသည်။ ကျွန်တော် ဆက်မတွေးရဲတော့… သူရင်းငှား က ကျွန်တော့်ကို ခြံထဲက တိုင်တစ်တိုင်မှာ ကြိုးချည်ထားခဲ့သည်။ ကျွန်တော် လုပ်စရာ တစ်ခုပဲ ရှိတော့သည်။ သားလေး ဘာမှ မဖြစ်ပါစေနဲ့ဘုရားးး…။
ခဏကြာတော့ ချစ် တစ်ယောက်တည်း အိမ်ပြန်လာသည်။ ချစ်ပုံစံကြည့်ရတာ မျက်နှာမကောင်း၊ ကျွန်တော့် စိုးရိမ်စိတ်တို့ ငယ်ထိပ်သို့ရောက်လာသည်။ သားလေး နေကောင်းရဲ့လား..၊ သားလေး ကျန်းမာရဲ့လား..၊ ဂဏှာမငြိမ် ဖြစ်နေသော ကျွန်တော့်ကို ချစ်တွေ့သော်လည်း ဂရုမစိုက်အားမှန်း ကျွန်တော် သိသည်။ ဘေးအိမ်မှ ဒေါ်ကြီးနဲ့ ချစ်တို့ရဲ့ အပြန်အလှန် ပြောနေတာကို ကျွန်တော် နားစွင့်နေလိုက်သည်။
"မိမော်ရေ..၊ ညည်းသားလေး အခြေအနေ..ဘယ်လိုလဲ..? "
"ခုဆေးပေးခန်းမှာ၊ ဒေါ်ကြီး..၊ သားလေးကို မြို့ဆေးရုံပို့ရမယ်တဲ့..၊ အဲ့ဒါမှ အသက်မှီမှာတဲ့.."
"ဒါဆို..ဆေးရုံပို့ဖို့လုပ်လေ…"
"………"
"ဟဲ့…ငါပြောနေတာ မကြာဘူးလား..၊ ဆေးရုံပို့ဖို့ လုပ်ပါဆို…"
"………."
"ဟဲ့….မိမော်…."
"ဒေါ်ကြီးရယ်..၊ ဘယ်လိုပြောလိုက်တာလဲ…။ ပို့ချင်တာပေါ့တော်… ဒါပေမယ့် ကျွန်မမှာ ပိုက်ဆံက…..….."
"အေး..၊ ဒါတော့ ငါတို့လည်း ဆင်းရဲသားဆိုတော့ အများကြီး မကူနိုင်ဘူး..၊ တစ်ခုတော့ ရှိတယ်..၊ ငါတို့ရွာက အမဲဒိုင်မှာ ညိုမောင်းကြီး ခဏအပ်လိုက်ပါလား..၊ ညည်းပိုက်ဆံရမှ ပြန်ရွေးပေါ့.."
"အို… ညိုမောင်းကြီးတော့ မအပ်နိုင်ပါဘူးတော်..၊….."
"ဟဲ့..၊ အပ်တာဆိုတာ ရောင်းတာမှ မဟုတ်တာ..၊ ညည်းငွေပေါ်ရင် ပြန်ရွေးလို့ရတာပဲဟာကို..၊ ညည်းသားက သေရေးရှင်ရေးနော် မိမော်..သည်း သေချာစဉ်းစား"
"………………."
"အိုအေ…၊ နင်စဉ်းစားမနေနဲ့တော့..၊ လာငါ့နောက်သာလိုက်ခဲ့…"
ပြောပြောဆိုဆို ဒေါ်ကြီးက ကျွန်တော့်ကို ဆွဲခေါ်ပြီး ခြံဝန်းထဲကနေ ဦးဆောင်ထွက်သွားသည်။ ဟုတ်ပါတယ်…။ ဒါအသင့်တော်ဆုံး အကြံဥာဏ်ပါ..။ ဒေါ်ကြီးကို ကျွန်တော့်စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်မိပါတယ်..။ ဟုတ်တယ်လေ..။ ကျွန်တော့်ကြောင့် ရတဲ့ ပိုက်ဆံနဲ့ သားလေး အသက်ကို ကယ်နိုင်တော့မည်လေ…..။
"ဘယ်လောက်ယူမှာလဲ…"
"တစ်သိန်းပါ…"
"တစ်လအတွင်း ပြန်မရွေးရင် အဆုံးနော်…"
"………………"
"ဟဲ့..မိမော်..အော်..ညည်းကလဲ..မေးနေတယ်..ပြန်ပြောလိုက်လေ…"
"ဟုတ်…..ဟုတ်ကဲ့ပါ…"
"ကဲ..ရော့… တစ်သိန်း…၊ ဟိုကောင်တွေ လာစမ်းဟေ့…၊ ဒီကောင်ကြီးကို ဟိုးဘက်က ခြံထဲ ထည့်ထားလိုက်…"
ကျွန်တော့် သူ့တို့ ဆွဲခေါ်ရာနောက်ကို အသာတကြည်ပဲ လိုက်ခဲ့လိုက်သည်။ ကျွန်တော် ချစ်ကို တစ်ချက်ကြည့်လိုက်သည်။ ချစ်မျက်ဝန်းမှ မျက်ရည်တို့ စီးကျလာသည်။ ကျွန်တော် အံ့သြသွားသည်။ ချစ်က တော်ရုံ ငိုခဲသည့် မိန်းမမျိုးမဟုတ်..။ ကဲ…ကျွန်တော် မပြောဘူးလား… ချစ်က ကျွန်တော့်အပေါ် သံဃောဇဉ် ကြီးပါတယ်လို့..။
ဒီလိုနဲ့ ခြံထဲမှာ နေရင်း နေ့စဉ်ရက်ဆက် ကျွန်တော် သားလေးအတွက် ဆုတောင်းခဲ့သည်။ ယခုအချိန် သားလေး အသက်ရှင်ဖို့ဆိုရင် ကျွန်တော့် အသက်၊ ကျွန်တော့် ခန္ဓာကိုယ်ကို ပေးဖို့ ကျွန်တော် အသင့်ဖြစ်နေပြီ..၊ သားလေးသည်သာ ကျွန်တော့် ဘ၀..၊ သားလေးသည်သာ ကျွန်တော့် ကမ္ဘာ…..။ သားလေး ကျန်းမာဖို့ အရေးသည်သာလျှင် ဒီအချိန်မှာ အရေးအကြီးဆုံးအရာ..။ ဒါပေမယ့် သေချာပါတယ်..။ ကျွန်တော့် သားလေး ပြန်ကျန်းမာ လာမှာပါဗျာ။ ပြီးတော့ ချစ်နဲ့ သားလေး ကျွန်တော့်ကို ပြန်လာခေါ်ကြလိမ့်မယ်.. ပြီးတော့ အရင်လို ကျွန်တော် သူတို့တွေကို လုပ်ကျွေးမယ်..။ ကျွန်တော် နောက်ဆုံး ထွက်သက်ထိ ချစ်နဲ့ သားလေး ဘေးမှာ နေသွားမယ်…
ဒီနေ့……. ကျွန်တော့်ကို သူတို့ ခြံထဲက ဆွဲထုတ်နေကြသည်။ ချစ်တို့ ကျွန်တော့်ကို ပြန်လာရွေးတာဖြစ်လိမ့်မည်။ ကျွန်တော် မျှော်လင့် စောင့်စားခဲ့တဲ့ နေ့ရက် တို့ ရောက်လာပြီလေ…။ သားလေးနဲ့ တွေ့ရတော့မည်။ ချစ်နဲ့ တွေ့ရတော့မည်။ သို့ပေမယ့် ခြံပြင်ရောက်တော့..၊ ချစ်နဲ့ သားလေးကို ကျွန်တော်မတွေ့….၊
"ဒီကောင်ကြီးကို ကြိုးချည်လိုက်..၊ မြဲအောင်ချည်နော်…. အကောင်ကကြီးတော့ ရုန်းကန်ရင် လွတ်သွားနိုင်တယ်.."
လူလေးယောက်လောက် ကျွန်တော့်ကို တွန်းလှဲပြီး ကျွန်တော့်ရဲ့ ရှေ့ခြေထောက်နှစ်ချောင်းနဲ့ နောက်ခြေထောက် နှစ်ချောင်းကို ပူးတွဲပြီး ချည်လိုက် သည်။ တစ်ခုခုတော့မှားနေပြီ..၊ သူတို့ ဘာလုပ်ကြတာလဲ..၊ ကျွန်တော့်ကို ပြန်လာရွေးမှာလေ..၊ ကျွန်တော့်ကို သူတို့ ပြန်လာရွေးကြမှာ…။
"ဟိုကောင်၊ ခွက်တစ်လုံးယူခဲ့..၊ သွေးခံရအောင်၊ အမဲသွေးခဲတွေက ဈေးကောင်းတယ်…"
အို…ကျွန်တော့်ကို သတ်ကြတော့မှာပါလား..။ ကျွန်တော့်ကို သူတို့ လည်လှီးဖို့ လုပ်နေကြတာပါလား..။ ကျွန်တော် အခုမှ အသိတရားဝင်ပြီး ရှိသမျှ အားနှင့် ရုန်းကန်သည်။ သေရတော့မယ် ဆိုတဲ့ အသိ၊ ချစ်နဲ့ သားလေးတို့ကို ခွဲသွားကြရတော့မယ် ဆိုတဲ့အသိကြောင့် ကျွန်တော် ပိုရုန်းကန်မိသည်။ သို့ပေမယ့် ကျွန်တော့်ကို ဖမ်းချုပ်ထားတာ ဥာဏ်ရည်မြင့်တဲ့ လူတွေလေဗျာ…။ ကျွန်တော် ဘယ်ရုန်းနိုင်ပါ့မလဲ……
"ကဲ..စမယ်…ခြေ လက်တွေကို ချုပ်ထား..၊ တစ်ယောက်က ဂြိုလ်ကို လာကိုင်ထားစမ်း…"
ကျွန်တော် နောက်ဆုံးအချိန်ထိ ချစ်တို့ကို မျှော်နေမိသည်။ သူတို့လာမှာပါ..။ သူတို့ ကျွန်တော့်ကို လာခေါ်ကြမှာပါ..။ ချစ်နဲ့ သားလေးက ကျွန်တော့်ကို အရမ်းချစ်တာမှတ်လား..။ သူတို့ ကျွန်တော့်ကို ဒီလို ဘယ်အဖြစ်ခံပါ့မလဲ..၊ သူတို့လာခေါ်ကြမှာပါ…။
"ဟုတ်ပြီ..၊ သေချာကိုင်ထား..၊ ကဲ..ဓါးသွားယူခဲ့တော့.."
ကျွန်တော့်ကို ကြိုးချည်ထားသည့်အပြင် လူလေးယောက်လောက် ချုပ်ထားတာကြောင့် လုံးဝ လှုပ်လို့မရတော့..၊ ကျွန်တော်လဲလျက်ကပင် ခြံပေါက်ဝ လူဝင်လမ်းကို ချစ်နဲ့သားလေးတို့ လာမလားလို့ မျှော်ကြည့်မိနေသည်။
ဟော.. ပြောရင်း ဆိုရင်း.. လူတစ်ယောက်လာနေပြီ..ချစ်နဲ့ တူလိုက်တာ…. ဟုတ်ပါတယ်…ချစ်ပါ…. မလွဲပါဘူး..၊ အဲ့ဒါ ကျွန်တော့် မိန်းမ ချစ်ပါ..။ ချစ် ကျွန်တော့်ကို ပြန်လာရွေးတာလေ…ကျွန်တော် မသေတော့ ဘူးပေါ့.. ဒါနဲ့ နေပါအုံး… ချစ်က ဘာလို့ ကခုန် နေတာပါလိမ့်..…၊ ပါးမှာလည်း သနပ်ခါးအဖွေးသားနဲ့..၊ နှုတ်ခမ်းနီတွေလည်း ဆိုးလို့၊ ရင်ဘတ်မှာလည်း နို့ဆီဗူးတွေ တို့လို့ တွဲလောင်း……အို…ခေါင်းမှာ ပန်းတွေလည်း ပန်လို့ပါလား..….
သီချင်းတွေလည်း အော်ဆိုလို့…. ဘေးနားမှာလည်း ချစ်ကို လိုက်ဟောင် နေတဲ့ ခွေးတစ်အုပ်…. အို…ဘယ်လိုဖြစ်ရတာလဲ ချစ်ရယ်… ဘာဖြစ်လို့ ဒီလို ဖြစ်သွားရတာလဲ… နေပါအုံး.. ချစ်လက်ထဲမှာ ဘာလေး ကိုင်ထားတာပါလိမ့်…. အိုး… ကလေး အရုပ်လေး တစ်ရုပ်ပါလား…..။
ကျွန်တော် မျက်လုံး မှိတ်လိုက်သည်။ ဓါးသွားနဲ့ ကျွန်တော့် လည်ပင်း သွေးကြောအထိအတွေ့ကို ကျွန်တော်သိသည်။ ကျွန်တော့် လည်ပင်းက သွေးတွေ ပန်းထွက်နေတာ ကျွန်တော်သိသည်။ ကျွန်တော် မရုန်းချင်ပေမယ့် မသိစိတ်ရဲ့ ခိုင်းစေမှုကြောင့် ကျွန်တော့် ခန္ဓာကိုယ်တွေ ရုန်းကန်နေတာ ကျွန်တော် သိသည်။ ဒါပေမယ့် ဒီအချိန်မှာ ကျွန်တော့်အတွက် နာကျင်မှုဆိုတာ မရှိတော့ပါဘူးဗျာ….။
ကျွန်တော် နောက်ဆုံး အချိန်မှာ ဘ၀ကူးကောင်းဖို့ ဘုရားတရားကို အာရုံပြုနေချင်ပေမယ့် မြင်နေရတာက သားလေးနဲ့ ချစ်တို့ရဲ့ ၀ိုးတ၀ါး မျက်နှာ နှစ်ခု..….၊ ကျွန်တော် မငိုပါဘူး..။ ဒါပေမယ့် ကျွန်တော် မျက်ရည်တော့ ကျနေပါလိမ့်မယ်……..
ပြီးအောင် ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..။ ကျွန်တော့်စာလေး ဖတ်ပြီး စာဖတ်ရင်ထဲ တစ်ခုခု ခံစားရမယ်ဆိုရင် ကျွန်တော် ရေးရကျိုး နပ်ပါတယ်..။

တစ်နေ့ဝမ်းစာအတွက် လှလှပပစားရဖို့မလိုပါဘူး
အလှပဆုံးစားရတဲ့တစ်နေ့ အပြစ်မမြင်ဖို့ပဲလိုတာပါ
နေ့စဉ်နှင့်အမျှ ခန့်ခန့်ညားညားနေဖို့ မလိုလားပါဘူး
အလှပဆုံးတစ်နေ့ ၀တ်ရတဲ့အချိန်လေး မကဲ့ရဲ့ဖို့ပါပဲ
အချမ်းသာဆုံးအိမ်ယာတွေနဲ့ နေရဖို့ မလိုအပ်ပါဘူး
တစ်နေ့ နေရမည့်အချိန်ကြရင် မနာလိုမဖြစ်ဖို့လိုတယ်
ငါ့အတွက် ချမ်းသာတဲ့အိမ်ထောက်ဖက်ဖြစ် နေဖို့မလိုအပ်ပါဘူး
အမြဲစိတ်ချမ်းသာပေးမည့် အိမ်ထောင်ရေးလှလှလေးပဲလိုတယ်
လူသားတိုင်းကို အပြစ်မဲ့သတ်ဖြတ်ဖို့မွေးဖွားလာတာ မဟုတ်ခဲ့ပါဘူး
ရန်သူတွေအားလုံးကိုကာကွယ်ရန် အသက်စွန့်ဖို့ မွေးဖွားလာရခြင်းပါပဲ
ငါတို့ကို မုန်းချင်မုန်းပါ ချစ်ချင်ချစ်ပါ ကဲ့ရဲ့ပါ အမျိုးမျိုးဝေဖန်နိုင်ပါတယ်
ငါသာတိုက်ပွဲမှာ ကျဆုံးသွားတဲ့တစ်နေ့ ၀မ်းမနည်းပဲ ဂုဏ်ပြုပေးဖို့ပါပဲ။
ရေး - နန်းမီမီမိုးစက်
အလှပဆုံးစားရတဲ့တစ်နေ့ အပြစ်မမြင်ဖို့ပဲလိုတာပါ
နေ့စဉ်နှင့်အမျှ ခန့်ခန့်ညားညားနေဖို့ မလိုလားပါဘူး
အလှပဆုံးတစ်နေ့ ၀တ်ရတဲ့အချိန်လေး မကဲ့ရဲ့ဖို့ပါပဲ
အချမ်းသာဆုံးအိမ်ယာတွေနဲ့ နေရဖို့ မလိုအပ်ပါဘူး
တစ်နေ့ နေရမည့်အချိန်ကြရင် မနာလိုမဖြစ်ဖို့လိုတယ်
ငါ့အတွက် ချမ်းသာတဲ့အိမ်ထောက်ဖက်ဖြစ်
အမြဲစိတ်ချမ်းသာပေးမည့် အိမ်ထောင်ရေးလှလှလေးပဲလိုတယ
လူသားတိုင်းကို အပြစ်မဲ့သတ်ဖြတ်ဖို့မွေးဖွာ
ရန်သူတွေအားလုံးကိုကာကွယ်ရန
ငါတို့ကို မုန်းချင်မုန်းပါ ချစ်ချင်ချစ်ပါ ကဲ့ရဲ့ပါ အမျိုးမျိုးဝေဖန်နိုင်ပါတယ်
ငါသာတိုက်ပွဲမှာ ကျဆုံးသွားတဲ့တစ်နေ့ ၀မ်းမနည်းပဲ ဂုဏ်ပြုပေးဖို့ပါပဲ။
ရေး - နန်းမီမီမိုးစက်

No comments:
Post a Comment